Wednesday, September 1, 2021

ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကို ခွဲခြားကျင့်သုံးတဲ့ စနစ်ကို စတင် အသက်သွင်းလိုက်ပြီ။


ဒီနောက်မှာ ခင်ဗျားတို့ ဘယ်လိုမြင်မြင် ကာချုပ်ဟာ ခင်ဗျားတို့ ထင်ထားတာထက် အများကြီး
ပိုပါးနပ်တယ်။ 

၁ ချက်ချင်းပြောရင်များလို့ နည်းနည်းစီ သဘောမိရုံ ခင်ဗျားတို့ ထင်မြင်ယူဆ ပြောဆိုချက်နဲ့ 
သူ့ဘက်က လှုပ်ရှားမှုကို ယှဉ်ပြမယ်။

ခင်ဗျားတို့က သူ့ကို သမ္မတရာထူးကို လိုချင်သူ ၊ သမ္မတဖြစ်ချင်သူလို့ ပြောကြတယ်။
ဒါဟာ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး။ ထင်မြင်လျက်သက်သက်ပဲ
သူဘက်က ဘာလုပ်သလဲဆိုတော့ ခင်ဗျားတို့ပြောတာလောက်ကို သနားတယ်။ သူက
ကျော်ပြီးကို အကွက်ရွေ့လာတယ်။ ခင်ဗျားတို့ပြောတဲ့ သမ္မတရာထူးကို သူ စိတ်မဝင်စားဘူး။
ဘာကြောင့်လဲ ဆိုတော့ ဒီကနေ့ထွက်လာတဲ့ အိမ်စောင့်အစိုးရ ဖွဲ့စည်းပုံမှာ ကြည့်ရင် နိုင်ငံတော်
ဝန်ကြီးချုပ်ဆိုတာကို တွေ့လိမ့်မယ်။ ဒါဟာ သမ္မတထက် ပိုခရီးတွင်တဲ့ ထွက်ပေါက်ပဲ။

အာဏာကို ဖွဲ့စည်းပုံနဲ့ အညီ လွှဲပြောင်းရယူခဲ့ပြီးနောက်မှာ ကောင်စီစနစ်နဲ့ ယာယီသွားခဲ့ပေမယ့်
ဒီအချိန်မှာ အလုပ်မဖြစ်တော့တဲ့ ကောင်စီစနစ်ကို အပ်ဂရိတ်လုပ်လိုက်တယ်။ အဲဒါက ကာလနဲ့အညီ ဆန်းသစ်မှုပေါ့။ မိန်းကောင်စီကို အရပ်သားရာခိုင်နှုန်းအများဆုံးနဲ့ ဖွဲ့စည်းထားတာကလည်း ဒီဆန်းသစ်မှု့ကို ပံ့ပိုးဖို့အတွက်ပဲ။ ဘာကိုဆန်းသစ်လာသလဲဆိုရင် အဟောင်းနဲ့အသစ်ကို ပေါင်းစပ်ခဲ့တာ။
အရပ်သားဟန်ရှိတဲ့ အိမ်စောင့်အစိုးရ ( Caretaker Government ) ဆိုတာ နာမည်က အဟောင်း၊
ဖွဲ့သည်းပုံက အသစ်။ ဒီအရပ်သားပုံစံ စီမံအဖွဲ့ကို အကြပ်အတည်းတွေအမြောက်အမြားကြားကနေ
၆ လအတွင်း အစားထိုးခဲ့တာကိုကြည့်ရင် သူ့စကေး၊ သူ့နောက်က လူတွေရဲ့စကေးကို မြင်နိုင်တယ်။ ခင်ဗျားတို့ ထင်တာထက် အများကြီး ပိုရွေ့သွားတာ။ ပေါ်လစီပိုင်းအတွက် နစက ၊ စီမံအတွက် အိမ်စောင့်အစိုးရ။ 

ဒီမှာ သူဘာတွေ လုပ်လာနိုင်သလဲ စဉ်းစားရင် သူ့လက်ထဲမှာ ခြေဥကိုဖွင့်နိုင်တဲ့သော့ နှစ်ချောင်း ရှိတယ်။ ခြေဥကိုဖွင့်ဖို့က သော့သုံးချောင်း ရှိတယ်။ တချောင်းနဲ့တစ်ဝက်က ပြည်သူဆီမှာ။ ကျန်တစ်ချောင်းနဲ့တစ်ဝက်က စစ်ဘက်မှာ။ နားရှုပ်နေသလား။ ပြည်သူဆီမှာရှိတဲ့ သော့ တစ်ချောင်းနဲ့တစ်ဝက်မှာ တစ်ဝက်က စစ်ဘက်ကလည်းကိုင်ထားလို့ သူတို့ သဘောတူမှ ပြည်သူဆီက အဲတစ်ဝက်က အသုံးတည့်တယ်။ ဒါကြောင့် သူ့လက်ထဲ မှာ သော့နှစ်ချောင်း ရှိတယ်ဖြစ်တာ။ 

သုံးချောင်းမှာ နှစ်ချောင်းပဲရှိတယ်ဆိုပေမယ့် ပြည်သူဆီက တစ်ချောင်းကလည်း သူ့လွယ်လွယ်ရပြီးသား ဖြစ်သလို အဲဒီသော့မရှိလည်း သူကအေးဆေးပဲ။ ပြည်သူတွေကိုင်ထားတဲ့သော့ဆိုတာက ခြေဥရဲ့ အရေးမကြီးတဲ့အပိုင်းတွေပဲ။ မပြင်လည်းဘာမှမဖြစ်။ ဒါကြောင့် သူ့ဘက်က ပြည်သူဆီက 
သော့မရှိလည်းရတယ်။ ဒါပေမယ့် ပြင်ချင်နေတဲ့ပြည်သူဟာ သူ့ဘက်ကသာ ပြင်မယ်ပြောရင် သော့မပေးလို့မရဘူး။ အဟဲ...။ ခြေဥက သူ့လက်ထဲမှာ။ 

အဲတော့ သူဘာလုပ်မလဲဆိုရင် တိုင်းရင်းသားတွေလိုချင်နေတဲ့ ဖယ်ဒရယ်ပုံစံသွားဖို့ အချို့အပိုင်းတွေကို ပြင်ဆင်လိမ့်မယ်။ ဒါကို လုပ်ကိုလုပ်မှာ။ ဘာကြောင့်လဲဆို ငြိမ်းချမ်းရေး စည်းလုံးညီညွတ်ရေးအတွက် မာ့ကက်တင်းဆင်းဖို့ လိုလို့ လုပ်ရမှာ။ သူ့အတွက်လည်း ကောင်းတယ်လေ။
ဒါကြောင့် ခြေဥက အချက်အချို့ကို ပြင်လာမယ်။ ဒီလိုပြင်တာက နှစ်ဖက်အကျိုးရှိပါတယ်။ အဆင့်တဆင့် ခရီးရောက်တာပေါ့။ ဒီမှာ အပျက်မြင် အကောင်းမြင် သမ္မာဒိဋ္ဌိ ဆိုတဲ့ယောနိသောအမြင်
မြင်ပုံတော့ကွဲပြားကြလိမ့်မယ်။ မြင်တာ ဘယ်လိုကွဲကွဲ အပြုအမူနဲ့ အကျိုးရလဒ်က အဖြေပေးမှာပဲ။

PR စနစ်ကို အခြေခံတဲ့ ပုံစံသွားမလားဆိုတာကတော့ လုပ်တော့လုပ်ထားတယ်ဆိုတော့ ဖြစ်လာတဲ့အနေအထားရယ် အကျိုးအမြတ်ပိုထွက်မယ့်ဟာရယ်အရ ရွေးရမှာဖြစ်လို့ သူ့ဘက်က PR ကျင့်သုံးချင်လည်း ကျင့်သုံးလာမှာပဲ။ ဒါက ယာယီပေါ့။ နောက်ပိုင်း ပြောင်းချင်လည်း ပြောင်းမှာပေါ့။ တရားသေတော့ မရှိဘူး။ PR စနစ်ကျင့်သုံးရင် အခြေခံတော့တူမယ်။ မတူတာက တပ်မတော်သား ကိုယ်စားလှယ်တွေပါဝင်တဲ့ ပါလီမာန်စနစ် ဖြစ်လာတာပေါ့။ ဒါက လိုအပ်လို့ ထားတာပါပဲ။ 

 နိုင်ငံတကဲာစံနဲ့ မညီတဲ့ နိုင်ငံတကာက နားမလည်မသိ မရှိတဲ့ အတိုင်ပင်ခံဆိုတဲ့ရာထူး
မျိုး ကုလသမဂ္ဂကိုသွားတက်တော့ အတိုင်ပင်ခံဆိုတဲ့အင်္ဂါစဉ်ကို ကမ္ဘာက မသိလို့ ခပ်တည်တည်နဲ့
ဒုသမ္မတ လို့ရေးသွင်းပြီး လိမ်ရတဲ့ ပရမ်းပတာရာထူးဖန်တီးပြီး နေရာယူထားသူထက်သာတဲ့ Roleတစ်ခုကို သူက ပြန်အသုံးပြုလာတယ်။ နိုင်ငံတကာ အားလုံးလည်းသိတယ်။ ဒါက နိုင်ငံတော် ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးပဲ။ ဒါကို အတည်ပြုကျင့်သုံးတဲ့ ဥပဒေပြုရေးကလည်း သူ့လက်ထဲမှာပဲ။
ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် ဥပဒေကို ပြဌာန်းလာနိုင်တယ်။

ဖွဲ့စည်းပုံမှာ ဝန်ကြီးချုပ်ဆိုတဲ့ Role ကို ဖန်တီးလာနိုင်တဲ့ အချက် သုံးချက်ရှိတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံကို သမ္မတ ဦးဆောင်တဲ့စနစ်ကို ကျင့်သုံးတယ်။ နိုင်ငံ့ဦးသျှောင်ရော၊ အစိုးရခေါင်းဆောင်ရောဟာ သမ္မတ တစ်ယောက်ပဲဖြစ်တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အတွက် ၅၉ (စ) က ဂဂျောင်ရိုက်
နေတော့ ဘောင်မဝင်တန်းမဝင် ဥပဒေနဲ့မညီတဲ့ နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ ရာထူးတစ်ခုကို ပါတီလွှတ်တော်ကိုယ်စားလှယ်အားနဲ့ အဓမ္မအတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်ကနေတဆင့် အဲဒီရာထူးကို အတည်ပြုပြီး အစိုးရခေါင်းဆောင်ရာထူးကို ယူခဲ့ပါတယ်။ အဲ့ဒီရာထူးနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် တစ်ယောက်ကဲ့သို့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံရဲ့ အမြင့်ဆုံးပါဆိုတဲ့ သမ္မတတောင် အိတ်ဆွဲ တံခါးဖွင့် တဲ့အဆင့်ကို ရောက်ပြီး ထင်ရာစိုင်းခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၃ ) ပုဒ်မ ၆၁ (ဂ) အရ ရိုးရိုးလွယ်လွယ်ပြောရင် လူတစ်ယောက်ဟာ သမ္မတတာဝန်ကို ဆယ်နှစ်ပဲ ထမ်းဆောင်ခွင့်ရှိတယ်။ 

ဒီတော့ ခင်ဗျားတို့ယူဆသလို ကာချုပ်ဟာ သမ္မတဖြစ်ချင်တယ် ဆိုတာဟာ ဟုတ်မဟုတ်မသေချာပေမယ့် သူ့နေရာကို ကျွန်တော် ဝင်ကြည့်ပါတယ်။ ကျွန်တော်သာဆို ဘာလုပ်မလဲ။ တွေ့တယ်လေ။
ခင်ဗျားတို့ သမ္မတရာထူး အတင်းထိုးအပ်တာတောင် ကျွန်တော်မယူဘူး။ 

ဟေ..ဘာကြောင့်လဲ မေးချင်မှာပေါ့...။ အရပ်ဝတ်လဲပြီးသမ္မတရာထူး ယူမယ်ဆိုရင် ကျွန်တော်အုပ်ချုပ်နိုင်တဲ့ကာလဟာ အများဆုံး ဒီအရေးပေါ်ကာလပါ ထည့်ပေါင်းမှ ၁၃ နှစ် ပဲ ရှိတယ်။ ဒါတောင် မဲကရဦးမှလေ။ ဒါဆို ခြေဥထဲက သမ္မတသက်တမ်းကန့်သတ်ချက်ကို တိုးမြင့်မယ် ပယ်ဖျက်မယ်ဆိုရင်လည်း ဒါက အများနဲ့သဟဇာတ မဖြစ်နိုင်တော့သလို ငြိမ်းချမ်းရေး
ပရောဆက် နဲ့  ဖွံ့ဖြိုးရေးကိုလှုပ်ခတ်လာစေမှာ ဖြစ်နေတယ်။ ဒီနည်းလမ်းက အဆင်မပြေဘူး။
 
ကျွန်တော်သာဆို ဘာလုပ်မလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ သမ္မတ ဦးဆောင်စနစ်ကနေ ဝန်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမာန်စနစ်အဖြစ် ပြောင်းလဲမှာပေါ့။ ဒီပါလီမာန်မှာ တပ်မတော်သား တွေကို မူလအတိုင်းဆက်ထားရုံပဲ။ PR စနစ် အခြေခံဆိုပေမယ့် ကွဲပြားမှုရှိနေတဲ့အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဖြစ်နေပါမယ်။ ပြည်နယ်တွေကို ဖယ်ဒရယ်စနစ်ပုံစံ အာဏာခွဲဝေပေးတာကို လုပ်မှာပဲ။ Power sharing ပမာဏကတော့ လတ်တလော အနေအထားအရ ပမာဏတော့ ထားဦးမှာပေါ့။ ဒါကလည်း မထားလို့အဆင်မပြေသေးတဲ့အပိုင်းတွေ ရှိနေတာကိုး။ သမ္မတ နိုင်ငံတော်ဝန်ကြီးချုပ်ကို တာဝန်ခံနေရတဲ့ ပရောဆက်ကို အများကြီး ဖြုတ်ထုတ်ပစ်လိုက်လို့ရနေတဲ့ ကြိုးရှင်ပါပဲ။

နောက်တနည်း နည်းဟောင်းထဲကနေ ပြန်ယူသုံးတာ။ ဒါက ၄၇ ခြေဥ သဘော။ တိုင်းရင်းသားတွေကို အလှည့်ကျ သမ္မတ တင်မြှောက်ခွင့်ပေးတာ၊ ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ ပါတီတွေကို ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးတာတွေ လုပ်လို့ရတယ်။ ဒီမှာ မတူတာက တိုင်းရင်းသားကိုယ်စားပြု
လွှတ်တော် မပါတာပဲ။ သမ္မတရာထူးကို အိန္ဒိယ၊ဂျာမနီ၊ စင်ကာပူတို့မှာ လိုအဆောင်အယောင် နိုင်ငံ့ဦးသျှောင်အဆင့်မှာရှိတဲ့ ဂုဏ်ထူးဆောင် သမ္မတရာထူး အနေနဲ့ ထားလိုက်လို့ရတယ်။ ဒါက ဒေါ်စု သင်ပေးသွားတဲ့နည်းပေါ့။ အကြံတူ နောက်လူသာစမြဲဆိုတော့ ဒီလို ပြင်ပစ်လိုက်လို့ရနေတယ်။ တိုင်းရင်းသားတွေလည်း ကိုယ့်ခေါင်းဆောင် သမ္မတဖြစ်လာရင် ကျေနပ်မှာပေါ့။ စည်းရုံးရေးဗျူဟာပါပဲ။ 

ဝန်ကြီးချုပ်ဦးဆောင်စနစ်မှာ ဝန်ကြီးချုပ်ရဲ့သက်တမ်းဟာ အများအားဖြင့် အကန့်အသတ် မရှိဘူး။ ပါလီမန်မှာ အမတ်ဦးရေသာရုံလေးနဲ့ ဝန်ကြီးချုပ် ဖြစ်နိုင်တယ်။ သမ္မတတွေသာ ပြောင်းပြောင်းသွားမယ်။ ဝန်ကြီးချုပ်ကတော့ မဲသာနေသ၍ အာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားနိုင်တယ်။ 
ဒီလမ်းကြောင်းကို ဖောက်ရင် ကမ္ဘာကလည်း ဘာမှပြောမရဘူး။ ထိုင်ကြည့်နေလို့ပဲ ရမယ်။ ဘာကြောင့်လည်းဆို ဒါကို ကျင့်သုံးတဲ့နိုင်ငံတွေ ရှိတာကိုး။ ဂျာမနီမှာ ၂၀၀၅ ခုနှစ်က အာဏာရလာတဲ့ ဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်ဆိုရင် သမ္မတသာ ငါးယောက် ပြောင်းသွားတယ်။ ခုချိန်ထိ အာဏာဆက်ရနေတယ် ၊ စင်ကာပူမှာဆိုရင် ဝန်ကြီးချုပ် လီရှန်လွန်းပေါ့။ သမ္မတ သုံးဆက်အထိ ဆက်အုပ်ချုပ်နေတာ ၁၇ နှစ် ရှိနေပြီ။ 

ဒီနည်းမှာ အဓိကအချက်က ပါလီမာန်ကို ချုပ်ကိုင်ထား နိုင်ဖို့ပဲ လိုတယ်။ ချုပ်ထားနိုင်သမျှ အာဏာကို အကန့်အသတ်မရှိ ယူထားနိုင်တယ်။ ဒီနည်းကို ဒေါ်စု ကျင့်သုံးနေတာကို သိကြသားနဲ့ ဘယ်သူမှ မဟဘဲ နှုတ်ပိတ်နေခဲ့ကြတယ်။ ကြည့်ရပါဦးမယ်။ ကာချုပ်သာ ဒီနည်းသုံးလာရင် ဘာပြောကြမလဲလို့။ ဒေါ်စုက မလှိမ့်တပတ်နဲ့သုံးခဲ့တာ ကာချုပ်သုံးရင် သူက ဥပဒေနဲ့အညီ သုံးလာမှာ၊ ကွာတော့ကွာတယ်။ ပါလီမာန်မှာ တပ်မတော်သား ၂၅ % အဆင်သင့်ရှိနေခြင်းဟာ  ကာချုပ်ကဝန်ကြီးချုပ်ဖြစ်ခဲ့ရင် ဝန်ကြီးချုပ်အဖြစ်နဲ့ အာဏာကိုချုပ်ကိုင်ထားမယ်ဆိုရင် အဲ့ဒီ ၂၅ % နဲ့ PR စနစ်ကိုပေါင်းပြီး နှစ်အကန့်အသတ်မရှိ အာဏာကို ချုပ်ကိုင်နိုင်ပါတယ်။ ကျွန်တော်သာဆို ဒီအပေါက်ကပဲ ဝင်မှာ ။ ခင်ဗျားတို့ပေးတဲ့ သမ္မတရာထူး ဘာလို့ ယူရမှာလဲ။ မယူပါဘူး။

 ၂၀၂၃ ရောက်တာနဲ့... 

  နိုင်ငံတော်ဝန်ကြီးချုပ်..... ... သို့ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး.......မှ
အာဏာလွှဲပြောင်းလိုက်ပါသည် ။ 
ပုံ .... 
ဒန် ဒန် ဒန် 

ဆိုပြီး ပရာရွတ်ချန်အိုချာရဲ့ နည်းအတိုင်း ပွဲခံလိုက်ရုံပါပဲ။ ဟဲ... ဟဲ... အဘနော်... လာမဖမ်းခိုင်းနဲ့ဦး။ ချစ်လို့ နည်းပေးတာ😘😘😘

#Credit