Sunday, August 1, 2021

#လိုင်ဇာထိုးစစ်အခြေအနေ


29-7-2021

အထွေထွေထိုးစစ်ဝင်မယ့်အကြောင်း မကြေညာခင် အချိန်ကတည်းက နစကတပ်တွေဟာ လိုင်ဇာရှေ့တည့်တည့် ခယော့ဘွမ်တောင်စခန်းမှာ အခိုင်အမာတပ်ဆွဲပြီး ဖြစ်ပါတယ်။ 

ဒေါ့ဖုန်းယန်ကနေ ခယော့ဘွမ်အထိ ရိက္ခာထောက်လမ်းကြောင်း ဖွင့်ပြီးနောက်မှာ ယခင် စစ်ကြောင်းမထားတဲ့ ရွာတွေမှာပါ စကခတပ်တွေ တပ်ဆွဲပြီးနောက် လိုင်ဇာနဲ့ မိုင်ဂျားယန်ကို ပိတ်ဆို့ထားခဲ့ပါတယ်။ 

အဲ့ဒီနောက်မှာ တပ်အင်အားဖြည့်တင်းတာတွေနဲ့ လက်နက်ကြီးတွေ အထိုင်ချပါတယ်။
ယခုလ ဒုတိယပတ်မှာ နစကတပ်တွေဟာ အထွေထွေထိုးစစ်အတွက် လမ်းကြောင်းဖြန့် စစ်ကြောင်းထိုးနေပြီ ဖြစ်ပါတယ်။ 

KIA တမဟ (၆)၊ ရင်း (၃၆)အခြေပြု မုန်းကိုးဒေသဂွင် ဒါလုံး၊ မန်ဂျန်ဘွမ်မှာ ယခုလ ၁၈၊ ၁၉ ရက်တွေမှာ စစ်ကြောင်းထိုးခဲ့ပြီး KIA ရင်း (၃၆)ရဲ့ ဒုတမဟမှူးအပါအဝင် ၁၉ လောင်း၊ လက်နက်ငယ် ၂၀ ကျော်၊ RPG ၃ လက် ရရှိပြီး မိမိဘက်မှ စစ်သည် ၅ ဦး အနုတ်ပြခဲ့ပါတယ်။ 
တစ်ဆက်တည်းမှာပဲ ဖောင်ဆိုင်ရွာဘက်မှာ တပ်စွဲထားတဲ့ စကခတပ်အနီး ချဉ်းကပ်လာတဲ့ KIA လက်အောက်ခံ KPDF ခေါ် GZ အဖွဲ့ကို ပစ်ခတ်ချေမှုန်းခဲ့ပြီး ညနေ ၅ နာရီခန့်မှာ ရန်သူဆုတ်ခွာရာလမ်းကြောင်းမှာ ၅ လောင်း ကျန်ခဲ့ပါတယ်။

KIA တမဟ (၃)၊ ရင်း (၂၁) အခြေပြုဂွင် ဗန်ဝိုင်ကျေးရွာ၊ ဘွမ်ရောန်ချောင်း (Bum Rawng Hka) အောက်ဘက် စစ်ကြောင်းထိုးအပြီးမှာ ရန်သူ့အလောင်း ၆ လောင်း၊ လက်နက်ငယ် ၈ လက် ရရှိခဲ့ပြီး စစ်သည်တစ်ဦး ထိခိုက်ခဲ့ပါတယ်။ 
မုန်ဂျီဗူဟာကုန်းကနေ လက်နက်ကြီး ၁၀၅ မမ၊ ပစ်ကူပေးခဲ့ပြီး KIA အဖွဲ့ အလောင်းအချို့ပြန်ဆွဲကာ ဆုတ်ခွာသွားခဲ့ပါတယ်။

#အချုပ်ရေးရင်နစကစစ်ကြောင်းတွေဟာ 

KIA တမဟ (၁၀)၊ ရင်း (၂) အခြေပြုဂွင်၊ မုန်ဂျီဒေသ၊ ဘန်ဒိန်ကျေးရွာဟောင်း၊ KIA တမဟ (၆)၊ ရင်း (၃၆) အခြေပြု မုံးကိုးဒေသ၊ ကောင်ဝိုင်းလမ်းကြားတစ်လျှောက် စခန်းကုန်းများ၊KIA တမဟ (၃)၊ ရင်း (၁၅) အခြေပြုဂွင်၊ မိုးမောက်၊ ကျောက်စခန်း (hka Wan Bang) ကြား အလန်ကောင်ကျေးရွာသွား လမ်းတစ်လျှောက်၊KIA တမဟ (၅)၊ ရင်း (၁၉) အခြေပြုဂွင်၊ ဒေါ့ဖုန်ယန်၊ နွမ်လန်ရွာကြားရှိ KIA ယာယီအခြေပြုစခန်းကုန်းများ၊KIA တမဟ (၁၀)၊ ရင်း (၂) အခြေပြုဂွင်၊ မုံဂျီဒေသ၊ လွယ်ဝိန်းဘွမ်စခန်း စတဲ့ KIA အခြေပြုနေရာတွေဟာ နစကစစ်ကြောင်း တစ်ပြိုင်နက်ထိုးတာကို ခံနေရပြီး တိုက်ပွဲဖြစ်စဉ်တွေအားလုံးဟာ နစကရဲ့ထိုးစစ်၊ KIA တွေရဲ့ ခံစစ် သက်သက်သာ ဖြစ်ပါတယ်။
 
ထိတွေ့မှုဖြစ်စဉ်တွေရဲ့ မြေပြင်ကြေးနန်းတွေအရ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်စဉ်တွေမှာ KIA တမဟအသီးသီးက ၉၀ ကျော် သေဆုံးခဲ့ပြီး မိမိဘက် စစ်သည် ၁၃ ဦး အသက်ပေးလှူပြီး ဖြစ်ပါတယ်။

KIA ဘက်က စစ်ရှောင်ဒုက္ခသည်စခန်းတွေဖွင့်ပြီး ဒေသခံရွာတွေက စစ်ရှောင်တွေကို လူသားဒိုင်း လုပ်ထား သလို လိုင်ဇာနဲ့ မိုင်းဂျားယန်မှာရှိတဲ့ ဒုက္ခသည်စခန်း နှစ်ခုကို ရှေ့တန်းတင်ထားတာကြောင့် လေကြောင်းတိုက်ခိုက်မှုအတွက် နစက ညှာနေရတာ တွေ့ရပြီး မြေပြင်ထိုးစစ်ကို စစ်ကြောင်း ၁၀ ကြောင်းခန့် နေ့စဉ်ထိုးနေတာလဲ တွေ့ရပါတယ်။

နစကရဲ့ ထိုးစစ်ကြောင့် KIA အင်အားတချို့ဟာ ယူနီဖောင်းစွန့်ပြီး ကချင်ဒေသတစ်ကျောက ရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ရွာသားအသွင်ယူပြီး အဖျက်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။ 

အထူးသဖြင့် ဗန်းမော်နဲ့ ရွှေကူကြားက ရွာတစ်လျှောက်မှာ ရွာသားတွေနဲ့ရောပြီး စစ်ရေယာဉ်တွေကို ချောင်းမြောင်းပစ်ခတ်တာနဲ့ 
မြစ်ကြီးနားစစ်ရှောင်စခန်းတွေထဲက KIA အမာခံတွေက တိုးဂိတ်တွေကို မိုင်းခွဲ၊ ရင်း ၃ လက်အောက်ခံအဖွဲ့တွေနဲ့ပေါင်းပြီး ချောင်းမြောင်းပစ်ခတ် ထွက်ပြေးနေကြရတာပါ။

တစ်ဖက်မှာတော့ နစကရဲ့ အထွေထွေထိုးစစ်ကြောင့် NLD အမာခံလော်ဘီတွေရဲ့ သတင်းမှောင်ချမှုအောက်မှာ KIA တွေ လုံးပါးပါးနေပြီ ဖြစ်ပါတယ်။

မကြာခင် သတင်းကောင်း ကြားကြရပါလိမ့်မယ်။

Ko Khant News 
#အောင်တံခွန်
#အိုင်အိုနန်းထိုက်
#Crd/ မှ #Crdတွတ်ပီ  30.7.2021.



Related Posts:

  • လိမ္မာသော နိုင်ငံ (သို့) ဗလီမရှိသော နိုင်ငံနိုင်ငံအတွင်း ဗလီတစ်လုံးမရှိ ဗလီဆောက်ခြင်းလည်း ခွင့်မပြုသည့် စလိုဗက်ကီးယားနိုင်ငံဗလီတစ်လုံးမှမရှိသော ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင် နိုင်ငံကို ပြပါဆိုလျှင် စလိုဗက်ကီးယားနိုင်ငံကို ပြရပါမည်။ စလိုဗက်ကီးယားသည် ဗလီတစ်လုံးမှ မရှိသည်သာမက … Read More
  • အခြေအနေအချိန်အခါ လုပ်သင့်မလုပ်သင့်      ကျနော်ရေးနေသမျှထဲမှာ ဥပဒေဖောက်ဖျက်တဲ့ သူတွေကို အားပေး ကာကွယ် ရေးသားနေတာ တခါမျှ မရှိခဲ့ပါဖူး ။ ဒါပေမယ့် ဒီနေ့ အကူအညီတောင်းလာတဲ့ ပြဿနာကိုတော့ ရေးသင့်တယ် ထင်လို့ ရေးလိုက်ပါတယ် ။         လှိုင်သာယာအဝေးပြေး နယ်မြေမှာ ကျူး ရာ… Read More
  • ●"မြန်မာအဘိဓါန်ပါ ငပိန်းအ​ကြောင်း"● ၂၀၂၀-​ခု နောက်ပိုင်း ငှက်ပိန်း/ငပိန်း(ပြိန်း)စသည်ဖြင့် အသုံး​တွေများလာ​တော့ မြန်မာအဘိဓါန်​ပေါ်မှာ ရှာ​ဖွေလို့ ကြည့်မိလိုက်ပါတယ်၊ ဖွင့်ဆိုထား​သော အဓိပ္ပါယ်များ အရ ​------☆"ငှက်" ဆိုတာက​တော့ ​ခြေနှစ်​ချောင်းနှင့်အ​မွှေး… Read More
  • သူ့အလုပ် သူလုပ်နေပြီသီဟိုဠ်မှာ ကပ်ဘေးဆိုက်တော့ တဆယ့်နှစ်နှစ်မိုးခေါင်ခဲ့တယ်အဲဒီအချိန်မှာ တောအုပ်ကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ ရဟန္တာပေါင်း တစ်သောင်း နှစ်ထောင်စီ သီတင်းသုံးနေထိုင်ကြတယ်တဲ့၊လူတွေက ကပ်ဘေးဆိုက်တဲ့အခါ ငါတို့ သေချင်သေပါစေ ရဟန်းသံဃာတော်တွေ… Read More
  • အကြမ်းဖက်လှုံ့ဆော်နေသော ဘုန်းကြီးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း ဒေသခံများပြောမန္တလေး၊ ဇူလိုင် ၁၁မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆူပူအကြမ်းဖက် လှုံ့ဆော်နေသော ပုဂ္ဂိုလ်မှာ သံဃာယောင်ဆောင် အစ္စလာမ်တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။အဆိုပါပုဂ္ဂိုလ်အား ၅၀၅-ကဖြင့် ဝရမ်းထုတ်ထားသော်… Read More