☆ကျွန်တော့်ရဲ့ လက်တွေ့ဘ၀ အတွေ့အကြုံအရ တပ်မတော် အား နိုင်ငံတော်အာဏာကို တာ၀န်ယူ ဆောင်ရွက်စေ ခြင်း
သည် လွန်စွာပင်မှားယွင်းသော ကိစ္စရပ်ဖြစ်သည်ဟု ယူဆမိ၊
☆အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော် အာဏာ အား တပ်မ
တော်အနေဖြင့် ၁၉၆၂-ခုနှစ်တွင် တစ်ကြိမ်၊၁၉၈၈-ခုနှစ်တွင်
တစ်ကြိမ် အချိန်ကြာမြင့်စွာ တာ၀န်များ ယူခဲ့ကြသော် လည်း
အဖက်ဖက်မှ တိုးတက်လာခြင်း မရှိသောကြောင့် ဖြစ်သည်၊
☆တပ်မတော်မှ တာ၀န်ယူခဲ့ကြသောကြောင့် နိုင်ငံ့လွတ်လပ်
ရေးနှင့်ပြည်ထောင်စုကြီးအား တည်တံ့ခိုင်မြဲစေခဲ့သော်လည်း
နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးကိစ္စရပ်များ တိုးတက်မှုမရှိသော
အခါ ပြည်သူအများစုမှ အားမလို အားမရဖြစ်ကာ လက်ခံနိုင်
ခြင်းမရှိကြောင်းအား တပ်မတော်အကြီးအကဲများမှ ရိပ်စားမိ
ကြသည် ဟု ယူဆမိပါသည်၊
☆အမှန်တကယ်တော့ တပ်မတော်မှဦးဆောင်ကာ တာ၀န်ယူ
ရေးဆွဲခဲ့သော ၂၀၀၈-ခုနှစ် အခြေခံဥပဒေဆိုတာ မြန်မာပြည်
မှာ တပ်က နိုင်ငံတော်အာဏာအား လွယ်ကူစွာ ဆက်လက် မ
သိမ်းနိုင်အောင်ရေးဆွဲထားသည့် ဥပဒေတစ်ခု ဟု ကျွန်တော်
ထင်မြင်ပါသည်၊
☆သို့သော်အာဏာရပါတီnld.အနေဖြင့်အရပ်ဘက်စစ်ဘက်
ဆက်ဆံရေးအား လွန်စွာပင် ဆိုးရွားစွာ ကျင့်သုံးမှု ဖြစ်ပေါ်
လာသောအခါ မဖြစ်သင့်သည့် ယနေ့လိုအခြေအနေမျိုးအား
ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည် ဟု ယူဆမိ ပါသည်၊
☆မြန်မာပြည်မှာ နိုင်ငံရေးလုပ်မည်ဆိုလျင် တပ်မတော် ဆို
တာ နိုင်ငံ့အတွက် မရှိမဖြစ် Institution. တစ်ခုဖြစ်ကြောင်း
ခံယူထားဖို့ လိုအပ်မည် ထင်ပါသည်၊
☆တပ်မတော်ကြီးအား ပြိုကွဲစေရေးရည်ရွယ်ကာလုပ်ဆောင်
ခြင်းသည် ပြည်ထောင်စုကြီး အား ပျောက်ကွယ်သွားအောင်
ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်၊
☆ယခုအခါ နိုင်ငံရေးအမြတ်ထုတ်လိုသူများ မှ စစ်အာဏာ
ရှင်စနစ် အလိုမရှိ၊စစ်အာဏာရှင်စနစ် ကျဆုံးပါစေ- စသည်
ဖြင့် သွေးထိုးလှူံ့ ဆော်နေသည်များကို တွေ့မြင်နေရပါသည်
☆အမှန်တကယ် အားမနာတမ်း ဝေဖန်ရရင် အာဏာရပါတီ
nld. အနေဖြင့် နိုင်ငံတော်အာဏာအား လက်၀ယ်ပိုင်ပိုင် ရရှိ
စဥ်က သူတို့ ယခုပြောနေကြသည့် စစ်အာဏာရှင်ဆိုတာ ကို
လိမ္မာပါးနပ်စွာ ပညာသားပါပါ ဥပဒေအရ တွန်းလှန်ခွင့် ရခဲ့
ပါလျှက် နည်းမှန်လမ်းမှန် အသုံးမချ နိုင်ခဲ့သောကြောင့် သာ အချည်းနှီး ဖြစ်ခဲ့ရတာပါ ခင်ဗျာ၊
☆ယခုလို အာဏာလက်မဲ့ ဖြစ်သောအခါမှ--/ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ကုန်းအော်ကာ စစ်အာဏာရှင်ကို တွန်းလှန်ပြ
မည် ဆိုတာကတော့ ဟာသပမာ ရယ်စရာ ဖြစ်နေပါသည်၊
☆ယခုတော့ နောက်ဆုံး မဖြစ်သင့်သည့် အခြေအနေမျိုး မှ
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးစီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှ နိုင်ငံတော်အာဏာ အား တာ၀န်ယူ
ကာ ဆောင်ရွက်ခဲ့သည်မှာ (၆)လတာ ရှိနေပါပြီ၊
☆သို့ပါ၍ ဖြစ်ပေါ်လာသော အခြေအနေအရ ပြည်သူအများ
စုမှ တပ်မတော်အား လက်ခံဖွယ် ဖြစ်လာအောင် နောက်ဆုံး
ဆောင်ရွက်ရမည့် ကြီးလေးသော တာ၀န်ရှိ အဖွဲ့အစည်း တစ်
ခုပမာ ဖြစ်လို့နေပါသည်၊
☆အောင်မြင်မှ လည်း ပြည်သူအများစု ချစ်သော ပြည်သူ့
တပ်မတော် စစ်စစ် ဖြစ်ကာ ယခင် သရုပ်ပြ အမှားများ အား လဲ ပြန်လည်လို့ ချေဖျက်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း အကြံပြုတင်ပြ အပ်ပါသည် ခင်ဗျာ၊
☆ထို့ကြောင့်ပင် ကျွန်တော့်အနေဖြင့် အောက်ဖော်ပြပါ စာစု
လေး အား "သတိ"ပေးကာ လေးစားစွာ တင်ပြ လိုက်ပါ သည်
(အောင်မြင်ကြပါစေ၊မိဘပြည်သူများအား ဂါရဝပြု လျှက်)
#ဦးကျော်ဇေယျ