ဘယ်သူက
ထောင်ဒါဏ်ဘယ်လောက်ဆိုတာတွေ
ဖတ်ရတော့ စိတ်မကောင်းဘူး၊
အထူးသဖြင် ဘဝနှောင်းပိုင်း
ဖြတ်သန်းရသူတွေအတွက်
အကျိုးဆက်က စုတိစိတ်အထိ
သက်ရောက်သွားနှိုင်တာကိုး ။
..........
ဗုဒ္ဓတရားတော်ကရှင်းတယ်
အချိုကို ဘယ်သူမြည်းမြည်း
အချိုအရသာကိုပဲရမယ်၊
အခါးကိုလဲ ဘယ်သူလျှာပေါ်တင်တင်
ခါးကြမှာပဲ၊
အချိုကိုရွေးမလား
အခါးကိုရွေးမလားကသာ
မိမိတို့ရဲ့ရွေးချယ်မှုနဲ့အဆုံးအဖြတ်၊
ကောင်းသောအမှု
ဆိုးသောအမှုတွေကို
ရွေးခြယ်ပြီးရင်တော့
တုန့်ပြန်မှုကို ခံရမှာပဲ
ဘယ်တန်ခိုးရှင်ကမှ
မတားဆီးနှိုင်သလို
ဘယ်နတ်ဘုရားကမှလဲ
ခွင့်လွှတ်လို့မကြေပျက်ဘူး၊
.............
ဒီဘဝရဲ့
ကံအရာအကျိုးပေးမှုဆိုတာ
အတိတ်ကံရယ် + ပစ္စုပ္ပာန်ထိမ်းသိမ်းကံရယ်
တို့ရဲ့အစုအပေါင်းအားပဲ၊
မှတ်မှတ်ရရ
ဘမောင်တို့ငယ်ငယ်တုန်းက
အလွန် hot ခဲ့တဲ့ မင်းသားကြီးရွှေဘဆိုတာ
ရုပ်ရှင်သမိုင်းမှာ ( Value ) အရ
ဝင်ငွေအကောင်းဆုံး၊
တကားလုံး (၁၂၀,၀၀၀)(၁၃၀,၀၀၀) လောက်နဲ့
ခေတ်မှာ မင်းသားကြေးက (၅၀,၀၀၀)
ဝင်ဒါမီယာအတွင်းဘက်မှာ
မြေတကွက်ဝယ်လို့ရတယ်၊
သူ့ကားတွေ
စက်နဲ့လှည့်ထုတ်သလိုပဲ
နောက်ဆုံး ဇာတ်သိမ်းပိုင်းက
မချိစရာ။
.................
ပြီးခဲ့တဲ့ (၅) နှစ်အစိုးရကိုကြည့်
အာဏာဆက်ရဖို့
ဘုရားတောင်ကြိုးတုတ်ခံရတယ်
ဗိုလ်တထောင်ဘုရားကနေ
ဘုန်းဘုန်းတွေ နေပူကြဲကြဲ
လမ်းလျှောက်ခဲ့ရတယ်၊
အင်ဒိုပသီတွေရဲ့
အောက်လမ်းပညာမှာ
ဗုဒ္ဓဘာသာ အလူးအလဲခံလိုက်ရတယ်
ခံစားလိုက်ရတာလေ မပြောနဲ့တော့
တုန့်ပြန် အရေးကောင်းလို့
ကိုယ်တောင် ခပ်တဲတဲ
ကြိုးတမ်းလမ်းလျောက်ဖြစ်ခဲ့ရသေးတယ်၊
မခင်ပေမဲ
သိကျွမ်းခဲ့ဘူးတဲ့
လူငယ်တယောက် ပသီအောက်လမ်းကို
အကူကောင်းလို့ ရုတ်တရက်
သက်တမ်းမပြည့်ခင်
လူ့လောကကစွန်ခွာခဲ့လိုက်ရသေးတယ်။
............
မှတ်မှတ်ရရ
နိုင်ငံတခုက မြန်မာပြည်ကိုအပြန်
လေဆိပ်ထဲမှာရှိတုန်း
တပည့်တယောက်က fb ပြတာနဲ့
ဘုန်းဘုန်းတပါး ဘမောင်ကို
ရေရေလည်လည် တွယ်ထားတာ
ဖတ်လိုက်ရတယ်၊
" ထားလိုက္ပါကြာ
သူ့အကြောင်းနဲ့ သူ့ပါ
အကျိုးပေးရင့်မှည့်ချိန်မှာ
အဆုံးအဖြတ်ပေးပါလိမ့်မယ် "
ဒီနေ့ဖတ်လိုက်ရတာ
အနှစ် (၂၀) ဆိုလားပဲ
တကယ် စိတ်မကောင်းဘူး
False knowledge ဆိုတာ မိစ်ဆာဒိဌိ
အယူမှား အသိမှားတာ
လူမိုက်ထက်ပိုဆိုးသတဲ့၊
............
ကံပေးလို့
မင်းဖြစ်တယ်
ကံပေးလို့
မင်းရဲ့ချီးမြှောက်ခြင်းကိုခံရတယ်
ကံကိုမသုံးတတ်ရင်
မင်းဆရာရော
မင်းကိုယ်တိုင်ပါ
ကံတရားရဲ့တန်ပြန်စီရင်ခြင်းကို
မလွဲသာ မရှောင်သာ
ပြန်ခံရတတ်တယ်။
ဆရာတော် ဦးဗုစ်က
' အကြွေးရှိရင် ကြေအောင်ဆပ်ရတယ် ' တဲ့။
#BaMaung. (30.11.21)