Wednesday, December 1, 2021

လမ်းပန်းဆက်သွယ်ရေး နဲ့ လုံခြုံရေး


          ယနေ့ မြန်မာပြည်တလွှား ခရီးသွားလာကြဖို့ အခက်အခဲကတော့ စျေးနှုံးအဆမတန် တင်တောင်နေကြတဲ့ ကားခ မြင့်မားနေမှု ပြဿနာပါပဲ ။ 

      ပထမဆုံး တရားခံက ဥာဏ်ကြီးရှင် NLD အစိုးရရဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနပါပဲ ။ ကိုဗစ်ကြောင့် ယာဥ်စီးခတွေကို နှစ်ဆတိုးကြ ၊ နှစ်ယောက်ထိုင်ခုံ တယောက်ပဲ ထိုင် ဆိုတဲ့ အရူးချီးပန်း စီမံခန့်ခွဲ နဲ့ လုပ်လိုက်တာ ကားခ နှစ်ဆတက်သွားတယ် ။ 

       နစက တက်လာတယ် ကိုဗစ်လည်း မရှိတော့သလောက် ဖြစ်သွားပြီး ထိုင်ခုံတွေကလည်း တယောက် တခုံ ပုံမှန်ဖြစ်သွားတယ် ။ ယာဥ်စီးခ နှစ်ဆ တက်ယူထားတာကြတော့ ယာဥ်လိုင်းရော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကရော ရူးချင်ယောင် ဆက်တောင်းကြတယ် ။ 

        ဒေါ်လာစျေးတက်လို့ ဆီစျေးတက်လို့ ဆိုပြီး ယာဥ်စီးခ ထပ်တိုးလည်း ကုန်းလမ်းက မအေလိုးကြီးများ မထိမ်းချုပ်ကြပါဘူး ။ အစိုးရသာ NLD ကနေ အိမ်စောင့်အစိုးရ ဆိုပြီး ပြောင်းသွားတာလေ လုပ်နေတဲ့ ဝန်ထမ်းတွေက ဒီလူတွေပဲကိုး ။ ဘယ်လောက်အော်အော် ပုံမှန်စျေးနှုံးပြင်မပေးဘူး ။ နစက လည်း မကြားချင်ယောင်ဆောင်ပြီး သူခိုးဒါးရိုးကမ်း ဥပေက္ခာပြုထားတာ ပဲ ။ 

      ကဲ ကားခတွေ စျေးကြီးပစေဆိုပြီး ပစ်ထားတာ ရထားစီးစေချင်လို့လား ဆိုပြီး ဖြေလျော့တွေးပေးလိုက်တယ် ။ ရထားဖက်လေ့လာကြည့်အုံး ။ 

         နစက ကိုးလပြည့်မှာ တပ်ချုပ်ကြီးကတော့ အာပေါင်အာရင်း သန်သန် နဲ့ လူစီးတွဲတွေ စက်ခေါင်းတွေ ဘယ်လို စီစဥ်ထားကြောင်း ၊ စီးနင်းသူပြည်သူတွေ အဆင်ပြေအောင် လိုအပ်သလို တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဘာညာကွိကွ ပြောသွားပါရဲ့....

        ဟော မြန်မာ့မီးရထားဌာနကို ပြန်ကြည့်လိုက် ။ ဆရာဝန် နဲ့ ပညာရေးပြီးရင် CDM သစ္စာဖောက်တွေ အစုလိုက် အပြုံလိုက် ထွက်လာတဲ့ ဌာန ။ Non CDM ဆိုပြီးလဲ စိတ်မချရတဲ့ ဖရဲသီး အကြီးစားတွေ ရုံးချုပ်မှာ ဒူးနန့် နေရာယူထားဆဲ ဌာနကြီးပါဗျာ ။ 

       ရန်ကုန် မန္တလေး အမြန်ရထား အခုထိ သီးသန့် မပြေးသေးဘူး ။ ကုန်တွဲ ဆယ်တွဲအထက် နဲ့ လူစီးတွဲ သုံးတွဲ ပြေးနေတာ အမြန်ရထား ပါလို့ ပြောရင်တော့ ပါးရိုက်လွှတ်ဖို့ပဲ ရှိပါတယ် ။ 

       စီးမယ့် ခရီးသည် မရှိလို့လား ဆိုပြီး ဘူတာထဲ လေ့လာကြည့်တော့ လက်မှတ်မရလို့ မစီးရသူတွေ နေ့စဥ်တွေ့နေရပြန်တယ် ။

       ဒီတော့ ရန်ကုန် မန္တလေး ည မိုးချုပ်မှ ဆိုက်ရောက်လို့ မာရှယ်လောအရ ထွက်မရဘူးလို့ ဆင်ခြေပေးအုံးမယ် ။ ရန်ကုန် နေပြည်တော် ရထားကနေ မနက်လင်းမှ မန္တလေးဆက်ထွက်လို့ ရပါတယ် ။ 

       နောက်တနည်း ရထားမှန်သမျှ ညနေ ၅ / ၆ နာရီ ရောက်တာနဲ့ အနီးဆုံးဘူတာမှာ ရပ်နားထား ၊ မနက်မှ ဆက်ထွက်ဆိုလည်း အဆင်ပြေနိုင်ပါတယ် ။ ဒါမျိုးတွေကို မီးရထားဌာနက မကြံစည်ပါဘူး ။ ပြည်သူအဆင်ပြေဖို့ထက် CDM အနုစား ရသလောက် ဆက်လုပ်နေကြတာပါ ။ 

        ဟကောင်ရေ CDM တွေ များလွန်းလို့ စက်ခေါင်းမောင်းတွေ မရှိလို့ကွ ဆိုပြီး ဆင်ခြေပေးလာဖွယ် ရှိပြန်တယ် ။ OK ဆက်လေ့လာကြစို့ ။ သပိတ်ပြီးမှ ဖွင့်ခဲ့တဲ့ စက်ခေါင်းမောင်း အဆင့် ( 3/4/5) အသီးသီး သင်တန်းဆင်းပြီးပြီ ။ 

      ရုံးချုပ်က လူတွေ့စစ်ဆေး ခန့်ထားရမယ့် ကိစ္စကို အမြန်ဆုံး ဆောင်ရွက်သင့်ပါလျှက်နဲ့ အချိန်ဆွဲ အင်တာဗျူးပြီး မခန့်သေးဘူး ။ လာဘ်စားချင်လို့လား
စက်ခေါင်းမောင်းလိုအပ်ချက်ကို မဖြည့်ဆီးချင်လို့လား ဆိုတာ မြန်မာ့မီးရထား ရုံးချုပ်က တာဝန်ရှိသူတွေ အသိဆုံးပါပဲ ။ 

      နောက်တချက် လုံခြုံရေးပြဿနာ ကြည့်ပါ ။ မီးရထားစီးမယ့် ခရီးသည်တွေရဲ့ ဝန်စည်စလယ်တွေကို ကြပ်မက်စွာ စစ်ဆေးမှု အလွန်အားနည်းပါတယ် ။ ရန်ကုန်ဘူတာကြီးတောင် ကောင်းကောင်းမစစ်မှတော့ ကြားဘူတာတွေ စဥ်းစားမနေနဲ့ ။ လက်နက်ခဲယမ်း တန်နဲ့ချီပြီး ရထားနဲ့ သယ်ရင်တောင် လွတ်သွားနိုင်တယ် ။ 

       ပါဆယ်တွဲ သီးသန့်ဆိုရင် ပိုစစ်ဆေးသင့်ပါတယ် ။ စစ်ဆေးရာမှာ ဌာနပေါင်းစုံ ပါဝင်ဖို့လိုအပ်ပါတယ် ။ မီးရထားဌာနချည်းဆို ဖရဲသီးတွေ အများကြီးမို့ ယုံကြည်လို့ မရပါဘူး ။ 

      အခုဆိုရင် ရန်ကုန် မော်လမြိုင် လမ်းကြောင်းကို လေ့လာကြည့်ပါ ။ လူမျိုးခြား ဘာသာခြားတွေ ယခင်ကထက် အဆပေါင်းများစွာ ရထားစီး သွားလာနေကြပါတယ် ။ ဖမ်းမိထားတဲ့ လက်နက်ခဲယမ်းတွေ မှန်သမျှ နောက်ကွယ်က ဒင်းတို့ နဲ့ မကင်းတာလည်း စစ်ဆေးပေါ်ပေါက်နေပါပြီ ။ 

       ဒီတော့ အချုပ်ပြောရမယ်ဆိုရင် အိမ်စောင့်အစိုးရကြီးရဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ယာဥ်စီးခတွေ မတော်မတရား ကြီးမြင့်နေတာ စီစစ် ထိမ်းချုပ်ပြီး ပြည်သူ့အကျိုး စီးပွားအတွက် လက်တွေ့လုပ်ပြပါ ၊ လက်အောက်က တသက်လုံး ခိုးစားလာတဲ့ ဝန်ထမ်းကြီးငယ်တွေရဲ့ ပို့ဆွမ်းစားပြီး စာရွက်ပေါ်က အစီခံစာတွေနဲ့ပဲ သာယာမနေပါနဲ့ ။ 

        အိမ်စောင့်အစိုးရကြီးရဲ့ မြန်မာ့မီးရထားဝန်ကြီးဌာန ဝန်ကြီးလည်း မိမိတို့ ဝန်ကြီးချုပ်ရဲ့ ပြည်သူ့အတွက် လမ်းညွှန်ချက်ကို စောက်တလွဲလုပ်ပြနေတဲ့ မီးရထားရုံးချုပ်က ဖရဲသီးတွေရဲ့ လုပ်ရပ်ကို စီစစ်ရန်လိုနေပါပြီ ။ 

        အဓိက တာဝန်အရှိဆုံး ဖြစ်သော နစက အနေဖြင့်လည်း မိမိတို့ ပြောထားသော မူဝါဒ ၊ စီမံကိန်းများအား လက်တွေ့ အကောင်အထည် ပေါ်၏ မပေါ်၏ ဆိုတာလောက်ကိုဖြင့် မြေပြင်သတင်းမှန်ရဖို့ ထောက်လှမ်းကြည့်ဖို့ လိုနေပါပြီ ။ MRTV ၊ MWD တို့မှာပါနေတဲ့ ဖြတ် ညှပ် ကပ် သတင်းလောက်နဲ့ သာယာမနေဖို့ လိုအပ်နေပါပြီ ။ 

       ကိုရွှေမျိုးဝင်း

(လမ်းဘယ်လောက် ကောင်းအောင်ဖောက်ထားပါစေ အမှိုက်ကို​မဖယ်ပဲ နေရာပေး မျဥ်းဆွဲ​နေတဲ့ လုပ်ရပ်နဲ့တော့ အချိုးပြေဖို့ လမ်းမမြင်ပါဘူး )