Thursday, August 5, 2021

ဝိုင်းမော် ခလရ (၅၈)ရဲ့ ဖြစ်စဉ်အပေါ်သုံးသပ် အကြံပြုချက်


ဝိုင်းမော် 
ခလရ (၅၈) ကတော့
နောက်ချန်ရဲမေအပေါင်းတို့ရဲ့
စစ်စွမ်းရည်သတ္တိဗြတ္တိ အပြည့်နဲ့ 
အဖိတ်အစင်မဲ့ အောင်ပန်းဆင်နိုင်ခဲ့ပါပြီ။
°°°°°°°°°°°°°°°°°°
လွန်ခဲ့တဲ့  
၂၀၁၇ လောက်တုန်းက
(ခုနှစ်တော့ မှားနိုင်ပါတယ်)
ရှမ်းမြောက်မှာရှိတဲ့  
နမ္မတူမြို့က အခြေစိုက်တပ်ကို
သောင်းကျန်းသူအဖွဲ့က အလစ်ဝင်ပြီး
တိုက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

တပ်ရဲ့ တည်နေရာ အနေအထားက
တောင်ကြောတစ်ခုမှာ တည်ထားတာဖြစ်လို့…
အိမ်ထောင်သည်ရဲမေ
လိုင်းခန်းအစွန်နဲ့ တောင်ကြောတစ်ခုက 
တဆက်တည်းဖြစ်နေတော့ ဝင်လို့လွယ်တဲ့ 
အနေအထားလို ဖြစ်နေတာပါ…။

ပိုဆိုးတာက …
တပ်ရဲ့ပတ်ပတ်လည်မှာ 
ပြောင်းရာသီဖြစ်နေတဲ့ အချိန်ကာလမို့
တပ်အနီးကို ချဉ်းကပ်ရ ပိုလွယ်ကူစေခဲ့ပါတယ်။
°°°°°°°°°°°°°°°°°°°°°
အခု ဝိုင်းမော် တပ်ကလည်း 
နဂိုကတည်းက အမာခံတွေ ရှိတဲ့
နေရာဖြစ်လို့ မကြာခဏ တိုက်ခံရတာ
အဆန်းတော့ မဟုတ်တော့ပါဘူး။

ဒါပေမဲ့လည်း…..
ဒီနေရာမှာ အဓိကထား
သုံးသပ်အကြံပြု ပြောချင်တာက

တိုင်းစစ်ဌာနချုပ်နားအထိ 
စစ်ပွဲ ဖြစ်နေတာကလည်း သိပ်ကောင်းတဲ့ 
အနေအထားတော့ မဟုတ်ပါဘူး လို့….
အသိပေး အကြံပြု ပြောချင်တာပါ။
°°°°°°°°°°°°°°°°°°°°°°°°°
ဒီတစ်ကြိမ်မှာ 
ခံစစ်ကောင်းကောင်းပြင်နိုင်လို့
အောင်ပွဲရတယ်ဆိုပေမယ့်လည်းပေါ့လေ 

ဘော်လုံးပွဲ တစ်ပွဲလိုပါပဲ…
အချိန်တိုင်း ခံစစ်နဲ့ဆော့နေရတာက
တပ်တွင်းမိသားစုတွေကိုတော့ 
ပိုပြီး ပင်ပန်းစေမှာ ဖြစ်တယ်….။

ဘာလို့လဲ ဆိုတော့
ဘယ်ချိန်လာတိုက်မလဲဆိုတဲ့စိတ်နဲ့….
ဘုရားရှိခိုးလည်း စိတ်မဖြောင့်၊ 
ထမင်းစားလည်း စိတ်မဖြောင့်နဲ့
ဒီလို နေထိုင် နေကြရမှာဖြစ်လို့
ခက်ခဲကြမှာ အမှန်ပါပဲလေ….
°°°°°°°°°°°°°°°°°°°°°°°
ဒါကြောင့် ပြန်ချုပ်ရရင်….
ခုလို အလစ်ဝင်တိုက်မှုတွေကို
ဘယ်လို ကာကွယ်နိုင်မလဲ ဆိုပြီး….
အကြံပြုချင်တာ ကတော့…

သတင်းသမားမွေးထားမှ
လက်ဦးမှုကို ရယူနိုင်မှာ ဖြစ်သလို
တပ်မိသားစုတွေအနေနဲ့ လည်း
အပြင်အရပ်သားတွေနဲ့ ဆက်ဆံရာမှာ
နှုတ်မဖွာဖို့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။

တကယ်လို့  KIA အနေနဲ့ 
တိုက်ပွဲတွေ ထပ်ပြီးဖော်ဆောင်လာခဲ့ရင်“
နားရွက်ကိုက်ရင် ပါးပြန်ကိုက်သလိုမျိုး”

အရပ်ဘက်/စစ်ဘက် 
ပစ်မှတ်တွေကို ရွေးမနေဘဲ
ခွန်းတုန့်ပြန်ပေးနိုင်မယ် ဆိုရင်တော့
နောင်လာတိုက်ရဲတော့မှာမဟုတ်ပါဘူး။
°°°°°°°°°°°°°°°°°°°°°°°°°°
ဆိုလိုချင်တာက
မိမိ တပ်ကို ခုခံကာကွယ်ခြင်းနဲ့
မိမိအသက်ကို ခုခံကာကွယ်ခြင်းအတွက်…

ဘယ်လို 
ဥပဒေသ တွေကမှ 
ပိတ်ပင်တားဆီးပေးထားခြင်း
ရှိမနေဘူး ဆိုတာကို……
စစ်သည်/ရဲမေ တွေအားလုံးကို
ပြောပြထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို
အခြေခံပြီးတော့လည်း
အားနည်းချက်နဲ့ အားသာချက်တွေကို
ဖော်ထုတ်ပြင်ဆင်ကြဖို့ လည်း 
လိုအပ်မှာ ဖြစ်ပါကြောင်း.....
°°°°°°°°°°°°°°°°°°°°°°°
ဒီအကြံပြုချက်တွေကို
တပ်အကြီးအကဲတွေက
ပိုပြီးကျွမ်းကျင် ပိုပြီးသိကြပါတယ်။
သိပ်စိတ်ပူရမဲ့ အဆင့်တော့ မဟုတ်ပါဘူးလေ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျေးဇူးပါ
မြန်မာပြည်ကြီး
ကျမ်းမာငြိမ်းချမ်းသာယာပါစေ
20210804:Thuya'Crd;Phoesi





Related Posts:

  • 💥 အ စဉ် ထာ ဝ ရ နဲ့ မ င်္ဂ လာ ည မှာ ဖြင့်....💥🔸 ဇာတ်ဆရာဇဝေဇဝါဆိုးတည်ထောင်ပြီး.           မင်းသမီးချော                 ခါတွန့်စိန်(အင်္ဂလန်ပြန်)ဦးဆောင်ကပြမယ့်                ❣ ခါတွန့်စိန်တို့ကတဲ့.ဇာတ်ပွဲ❣                       ~~~~~~~~~~~~~~~🖤 ဘုရားကန်တော့ခန်း..ဘာသာပေါ… Read More
  • ရက်စက်မှု့သရဖူဆောင်း ကော့ကရိတ်အရှေ့တောင်ခြမ်းက..KNU.တပ် မဟာ..၆ ယုတ်မာရက်စက်မှု့တွေကို...နယ်မြေရှင်း..တိုက်ခိုက်သုတ်သင်နေတဲ့..တပ်မတော်နဲ့ကရင်မင်းသားBGFတပ်တွေရှာဖွေဖော်ထုတ်ခဲ့တယ်..( KNU.တပ် မ ဟာ ၆.) သူတို့နယ်မြေထဲ..စစ်ကြောင်းတွေအဝင်မခံတာဒါကြောင့်ကိုး....သိမ်းပိုက်မိတဲ့..လက်နက်.ခဲယမ်းအသုံးအဆောင်ပသ္စည်းတွေအပြင်...လူ… Read More
  • နားလည်မှု အရေးကြီးပါတယ်            လိုင်းပေါ်မှာ တင်နေကြတဲ့ ပို့စ် တွေအပေါ် ဝေဖန်ထောက်ပြကြတဲ့အခါ မိမိရဲ့ ပိုင်းဖြတ်နိုင်စွမ်းဟာ အရေးကြီးပါတယ် ။ လိုင်းပေါ်မှာ ကိုယ်သန်ရာ သန်ရာ နည်းတွေနဲ့  မတူကွဲပြားတဲ့ ရေးဟန်တွေ နဲ့  တင်ပြကြပါတယ် ။ - တချို့က ဒဲ့- တခ… Read More
  • ရွှေရောင်ရှု့မျှော်ခင်းများပန်းချီကားအလားထင်ရောင်မှားသည်စစ်ကိုင်းတောင်တလွှားရွှေရောင်ရှု့မျှော်ခင်းများ 🏔🏝🌅ရုပ်ခန္ဓာကိုယ်ကျန်းမာဖို့ အစားအစာတွေနဲ့အစာကျွေးကြသလိုစိတ်ကျန်းမာဖို့အတွက်လည်းစိတ်နှလုံးကို အေးချမ်းစေနိုင်တဲ့ ရှု့မျှော်ခင်းတွေနဲ့အစာကျွေးရပါမ… Read More
  • ဒေါ်စုကလည်း ဒီမိုကရေစီမိခင်မို့သာ အာဏာရှင်သာဆို ကင်ဂျုံအန်ကအမေခေါ်ရမယ်PDF ကလည်းပြည်သူ့ကာကွယ်ရေးတပ်မို့သာအကြမ်းဖက်သာဆို IS ကအဖေခေါ်ရမယ်အနီတွေကလည်း ဓမ္မဘက်တော်သားမို့သာအဓမ္မသာဆို မာရ်နတ်နဲ့ဒေဝဒတ်က ဆရာခေါ်ရမယ်NUGကလည်းရုံးခန်းတောင်မရှိတဲ့ အွန်လိုင်းအစိုးရမို့သာတပ်မတော်လိုသာလက်နက်ရှိ ကမ္ဘာပါလေနဲ့သိမ… Read More