Wednesday, August 4, 2021

😪 ကြောက်ရွံ့ခြင်းမှ ကင်းဝေးခဲ့ပါသလား ?


                         Were we free from fear  ?

😪  #မတတ်နိုင်ဘူး၊ #ရေးရဦးမယ်
               Sorry, not sorry.

မရေးချင်ဘူး
ဒါပေမဲ့ ရေးမယ်လို့ဆုံးဖြတ်လိုက်တယ်
နောက်မျိုးဆက်တွေ " ဂျင်း " ထဲ့မခံရအောင်
တိုင်းပြည်နဲ့ လူမျိုး ပျားရည်ဆမ်း ဓါးသွားပေါ်
နောက်တခါ ထပ်မလျှောက်ကြရတော့အောင်လို့။

မြန်မာနိုင်ငံဟာ 
နှစ်ပေါင်း (၃၀) ကျော် အလိမ်အညာခံလိုက်ရတယ်
(၈၈၈၈) အပြီး ......
သူ့ဖါသူ ကျင့်သုံးတော့မဲ့ပါတီစုံနိုင်ငံရေးမှာ.... 
ပြည်ပစွက်ဖက်မှုအကြီးကြီးနဲ့တခြားနိုင်ငံရေးပါတီတွေကို
ဖယ်ထုတ်ပြီး ဒေါ်စုဟာ အာဏာလက်ဝါးကြီးအုပ်ချင်ခဲ့တယ်
( အောင်၊ စု၊ တင်အကွဲအပြဲ )

နောက်တခါ...
ကြားကထိမ်းကျောင်းပေးမဲ့ တပ်မတော်ကို
ကမ္ဘာကရော၊ ပြည်တွင်းကပါ မုန်းသွားအောင်
တံဆိပ်ကပ်ခဲ့တယ်၊ အာဃာတ နိုင်ငံရေးလမ်းကို
လျောက်ခဲ့တယ်
( နျူရင်ဘတ် ခုံရုံး )

တိုင်းပြည်ချိနဲ့သွားအောင်
Sanction အမျိုးမျိုးနဲ့ နှစ် (၃၀) ကြိုးပမ်းခဲ့တယ်၊

ဒီမိုကရေစီပျားရည်ဆွတ်ပြီး
နိုင်ငံကို ဓါးသွားပေါ်လျောက်စေခဲ့တယ်၊

လူ့အခွင့်အရေး
ကြောက်ရွံခြင်းကင်းဝေးစေခြင်း
စတဲ့သကာရည်မိတ်ကပ်လိမ်းပြီး လှည်းဖြားခဲ့တယ်။

..............

😪  #ဘယ်လောက်ထိလိမ်ညာခဲ့သလဲ

Freedom from fear ခေါင်းစဉ်ဟာ
David M. Kennedy အသုံးပြုခဲ့ပြီး
ပူလစ်ဇာဆုရခဲ့တဲ့စာအုပ်ပါ၊

ဒေါ်စု မူပိုင်၊ သူမအတွေးထဲကထွက်လာသလိုလိုနဲ့
Freedom from fear ဆိုရင် ဒေါ်စုကို
တွဲမြင်စေအောင်လုပ်ခဲ့တယ်၊ သူမကိုယ်တိုင်
မရေးခဲ့ဘူး၊ Edited by Michael Aris 
( မိုက်ကယ်အဲရစ် တည်းဖြတ် ) ဆိုပြီး
စကတည်းက စာပေဖက်မှာပါ 
ကိုယ်တိုင်ရေးသလို လိမ်ညာခဲ့တယ်
( မိုက်ကယ်သေပြီး စာအုပ်ဆက်မထွက်တော့ )
အစိုးရမဖြစ်ခင် ပြောခဲ့တဲ့စကားတွေနဲ့
အစိုးရဖြစ်ပြီး လုပ်ရပ်တွေကို နှိုင်းယှဉ်လိုက်ရင်
ပေါ်လွင်ပါတယ်၊

................

😪  #အာဃာတနိုင်ငံရေးနဲ့တိုင်းပြည်ဖြိုခွဲ

စုံစမ်းစစ်ဆေးမှုတွေအရ ပေါ်လာမှာပါ
အာဏာရှိတုန်း စည်းမထားပဲ လုပ်ချင်ရာလုပ်သွားတဲ့
အစိုးရမျိုးလို့တောင်ဆိုရမယ်၊ ကိုဖီအာနန်ကိစ္စ
သိပ်ထင်ရှားတယ်၊ ICJ ကိစ္စ သိပ်သိသာတယ်
OIC အပါ နေရာပေါင်းစုံကယူထားတဲ့
ထောက်ပံ့ကြေးတွေ အခုလောက်ဆို ပေါ်ပြီလို့
ယူဆတယ်၊ ဘာကြောင့်ယူသလဲ ?
ဘာပြန်လုပ်ပေးရသလဲကို ဖေါ်နိုင်ရင်
ရည်ရွယ်ချက်ကို ဖေါ်ထုတ်လို့ရပါလိမ့်မယ်။

ဒီနေ့
သံဃာ၊ ပြည်သူအပါ အဝင် နေရာတိုင်းမှာ
(အနီ) နဲ့ (အနီမဟုတ်) ဆိုပြီး ကွဲပြားသွားတာ
ဒေါ်စုကြောင့်ဆိုတာ မငြင်းနိုင်ဘူး
ရေရှည်မှာ တိုင်းပြည်အတွက် အန္တရာယ်အလွန်ရှိတယ်
မူလတန်း သင်ရိုးညွှန်းတန်းကစပြီး စနစ်တကျ
တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ၊
အလွန်အရေးကြီးတဲ့ မျိုးချစ်စိတ်ကို
နိုင်ငံတကာယဉ်ကျေးမှုအကြောင်းပြပြီး
virus ထဲ့တာခံခဲ့ရတယ်။

State building ဖက်မှာ နိုင်ငံစီးပွားကို
လေဖြတ်သွားအောင်လုပ်ခဲ့ပြီး၊ Nation building 
ပိုင်းမှာ လူငယ်တွေ မျိုးချစ်စိတ်မဲ့အောင်သင်းသတ်တာ
ခံလိုက်ရတယ်။
( ဇော်မြင့်မောင်ရဲ့... မျိုးချစ်စိတ်အလုပ်မဖြစ်တော့ဘူး )

.................

😪 #အရင်ထဲကမဲမသမာခဲ့ပါ

ခြေဥမှာ ပြည်ပအကူအညီမယူရဘူးလို့ပါတယ်
(၂၀၁၅) ရွေးကောက်ပွဲမှာ INGO အားလုံးနီးပါး
ဆိုးရောစ်ငွေနဲ့ ဒေါ်စုနိုင်အောင် တနိုင်ငံလုံးကို
ဖြန့်ကျက်စေခဲ့တယ်၊

အာဏာအပေါ်ယစ်မူးမိလို့ တိုင်းရင်းသားတွေနဲ့တောင်
မပူးနိုင်လောက်အောင် ( အာဏာခွဲပေးခြင်း )
အာဏာကို စည်းလွတ်ဝါးလွတ် အာဏာတပ်မက်ခဲ့ပြီး 
(၂၀၂၀) မှာ မဲဆက်ခိုးခဲ့လို့၊ ဒီနေ့ အာဏာစွန့်လိုက်ရတာ။

တဖွဖွပြောခဲ့တဲ့
ဒီမိုကေရစီ
မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲဟာ
တချိန်က သူမ မပြောခဲ့ဘူးသလိုပဲ။
မဲခိုးတဲ့အစိုးရကို အတည်ပြုပေးရရင်
ရွေးကောက်ပွဲ လုပ်ဖို့မလိုတော့ဘူး
တိုင်ပြည်နာတယ်၊ ငွေကုန်တယ်၊
တိုင်းပြည်ကိုတောင်လိမ်ရဲလေတော့
မဲလိမ်တာလောက်က သိပ်မဆန်းလှဘူး၊

နိုင်ငံကိုနွံနှစ်ခဲ့ပေမဲ့ သူမရဲ့ဖက်ရှင်နဲ့
မိတ်ကပ်အတွက်နေ့တိုင်း (၂) နာရီမက
အချိန်တွေသုံးခဲ့တယ်၊ နိုင်ငံတကာဆွေးနွေးပွဲတွေအစား
တနေ့ (၂) မျိုး မရိုးတဲ့ဖက်ရှင်ပွဲကို (၅) နှစ်လောက်
စိတ်ကုန်အောင် ကြည့်နေခဲ့ရတယ်။

TV ပေါ်မှာ လက်ဆေးပြတာထက်ပိုပြီး
လူထုအသိရေချိန်တက်ဖို့ ဘာမှလုပ်မပြနှိုင်ခဲ့ဘူး
နိုင်ငံတိုးတက်ဖို့ မူဝါဒကောင်းချမပြနှိုင်ခဲ့ဘူး။

..................

😪  #ကြောက်ရွံခြင်းနဲ့တကယ်ကင်းဝေးခဲ့သလား
                     Fear of the fear

သူမနာမယ်ခံပြီး 
Aris ရေးခဲ့တဲ့ Freedom from fear ဟာ
သူမအာဏာရလာတဲ့အခါ... " စစ္အစိုးရ" လို့
သူမနာမယ်ဖျက်ခဲ့သူတွေလက်ထက် (၁၀) ဆ မက
ပိုဆိုးသွားခဲ့တယ်၊

အနောက်တံခါး ခြံစည်းရိုးကာဖို့၊ ရေကြီး မြေပြိုနေရာတွေ
ထောက်ပံ့ဖို့ ငွေမရှိဘူးလို့ဆိုခဲ့ပေမဲ့၊ ထောက်ပြသူတွေကို
နှိပ်ကွပ်ဖို့ fb မှာ သိန်း (၆၄,၀၀၀) သုံးခဲ့တယ်၊
ပုဒ်မမျိုးစုံနဲ့ စကားမေးမရ ထောင်ထဲထည့်ခဲ့တယ်
သမ္မတကြီး ဦးသိန်းစိန်လက်ထက်က
သမ္မတရဲ့ပညာရေးထောက်ပံမှု ကို
ဘာကြောင့် ရပ်ပစ်ခဲ့တာလဲ ?
လူငယ်တွေကို အဲ့သလောက်အထိ 
ကောက်ကျစ်စွာ ဦးချိုးထားခဲ့တာ။

ဆိုရရင်
ဒေါ်စုလက်ထက်မှာ Freedom from fear မရခဲ့ဘူး
Fear of the fear ဆိုတဲ့ 
အကြောက်တရားရဲ့ကြောက်ရွံ့ခြင်းသာရခဲ့တယ်။

.................

😪   Freedom is not free
         Free is also not freedom.

 á€Ąá€á€ťá€Żá€•á€şá€Ąá€á€źá€šá€şá€€á€„á€şá€¸á€á€źá€„á€şá€¸á€Ÿá€Ź 
(မှန်ကန်တဲ့) လွတ်လပ်ခြင်းမဟုတ်ဘူး၊
ဒီအနက်အဓိပ္ပါယ်အသုံးချမှုမှာ ဒေါ်စုဟာ
အများစု အသိနည်းပါးမှုအပေါ် အခွင့်အရေး
တရပ်အဖြစ် လိုသလို ကစားသွားတယ်၊

ဦးသန်းရွှေက ဒါကိုမျှော်မြင်ခဲ့လို့
" စည်းကမ်းရှိသော ဒီမိုကရေစီလို့ " ဆိုခဲ့တဲ့အပေါ်
တချိန်က ကက်ကက်လန်နှုတ်လှန်ထိုးခဲ့သေးတယ်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က
" လွတ်လပ်ပြီဆိုပြီးလမ်းပေါ်ဆေးရိုးတက်မလှမ်းဖို့"
ပြောခဲ့ပါသေးတယ်၊

မြန်မာတွေ အသိမြှင့်ကြပါ
နိုင်ငံတကာကိုလှမ်းကြည့်ကြပါ
နောက်တကြိမ်မှာ ကယ်မဲ့သူဆိုတာ ရှိချင်မှရှိလာမှာ
နှစ် "ထောင်ချီ " တည်ဆောက်လာတဲ့
ဘိုးဘွားအမွေတွေကို ကိုယ့်လက်ထက်ကျမှ
သမိုင်းအရိုင်းမခံကြပါနဲ့။

................

😪  #ရုစ်ဘဲလ်ဘာပြောခဲ့သလဲ

"The only thing we have to fear is  fear itself."

တခုတည်းသော ကြောက်ရွံ့ရမဲ့အရာက
ကိုယ့်ဖါကိုယ်ပြန်ကြောက်နေခြင်းပဲ လို့သဘောရတယ်။

အသိနုံ့ရင်
အတ္တများရင်
စိုးရိမ်စိတ်လွန်ကဲတယ်
စိုးရိမ်စိတ်နောက်မှာ အကြောက်တရားပါလာတယ်၊

ဒေါ်စုလက်ထက်မှာ လူတော်တွေကိုချောင်ထိုးထားတယ်
သူမနဲ့ယှဉ်ရင်... သူမအရောင်မှိန်မှာစိုးလို့ (အတ္တကြီးခြင်း)
အဖြစ်မရှိတဲ့သူရဲ့စိတ်က လူတော်မသုံးရဲဘူး
လူတော်မသုံးရဲရင်လဲ အဖြစ်မရှိလို့ပဲ
ဒီ (၂) ခုက တိုက်ရိုက်အချိုးကျတယ်၊
အဲ့ဒီ အတ္တက တိုင်းပြည်ကိုသိပ်နစ်နာစေတယ်၊

ချုပ်ပြောရရင်...
Freedom from fear ကိုရေးခဲ့ပါတယ်ဆိုတဲ့သူကိုယ်တိုင်
သူမှာကြောက်စိတ်အပြည့်ဖြစ်နေတာကို
ဆ်ုက်ကိုဆရာကြီးတွေက ဝန်ခံပေးလိမ့်မယ်
နှစ် (၃၀) လုံးလုံး မထူးဇာတ်ခင်းနေခဲ့တာပါ
မဲလိမ်တယ်ဆိုတာက အာဏာလွှတ်ရရင်
ဖြစ်လာမဲ့ ပြဿနာကို ရင်ဆိုင်ရမှာ "ကြောက်" လို့ပဲ။

................

😪  #ဂန္ဒီကြီးပြောခဲ့တာကဒီလို....

" The enemy is fear. We think it is hate : 
    but it is fear "

" ကျွန်တော်တို့ထင်နေတဲ့ အမုန်းတရားဆိုတာ
   á€á€€á€šá€şá€á€ąá€Źá€ˇ ကြောက်ရွံ့ခြင်းသာပါ "

ဂန္ဒီကြီးစကားက နှစ်ဆင့်တွေးဖို့ဖြစ်ပါတယ်
တဆင့်ထဲဆို အဓိပ္ပါယ်ကရုတ်တရက်တမျိုးဖြစ်နေတယ်
ထားတော့....

ဒီနေ့မြန်မာမှာ
နေရာတိုင်း နှစ်ခြမ်းကွဲနေကြပြီ၊
ကြောက်ရွံ့ခြင်းရောပြွန်းနေတဲ့ မြန်မာ့ လူအဖွဲ့အစည်းကို
ဘယ်လိုပြန်တည်ဆောက်ယူကြမလဲ၊
မြန်မာဟာ Low trust community (ယုံကြည်မှုနိမ်းပါး
လူ့အဖွဲ့အစည်း ) လို့ သုတေသနနဲ့ IRI က
ထုတ်ဖေါ်ပေးထားတာနော်၊

အချိန်မရွေး နေရာတိုင်းမှာ
တခုခုဖြစ်သွားနိုင်ခွင့်ရှိနေတယ်။
( I would say... the most harmful threat ).
စိုးရိမ်ရတဲ့အခြေအနေလို့မြင်တယ်။

...............

😪  #လွတ်လပ်ခြင်းကိုကြောက်သွားပြီ
                  Fear to freedom

ရုတ်တရက်ကြည့်ရင်
နားလည်ရခက်စရာပဲ၊ 
ယုတ္တိမတနသလိုလဲတွေးနိုင်တယ်
အတွေ့အကြုံပေးတဲ့သင်္ခန်းစာမျိုးပါ၊

ရင့်ကျက်တယ်ဆိုတာ
တဆင့်ချင်းတက်ရတယ်
သူငယ်တန်းကနေ ငါတော်တာပဲဆိုပြီး
အထက်တန်းကိုတန်းဖြေလို့မရဘူး၊

တိန့်ရှောက်ဖိန်ကို ဒီမိုကရေစီဖေါ်ဆောင်ဖို့
ဟူယောင်ဘန်းကပြောတော့...
" ချက်ခြင်းလုပ်ရင် တရုတ်ပြိုကွဲသွားလိမ့်မယ်
   á€á€†á€„á€ˇá€şá€á€ťá€„á€şá€¸á€œá€Żá€•á€şáŠ နောက် နှစ်(၅၀) ကျရင်
   á€–á€źá€…á€şá€œá€Źá€œá€­á€™á€ˇá€şá€™á€šá€şá€á€˛á€ˇ "

ဟူယောင်ဘန်းလဲလူတော်ပဲ
တိန့်ရှောက်ဖိန်လောက် ဘက်စုံတော်သူတော့မဟုတ်ဘူး
ဒီ (၂) ယောက်ကိုလေ့လာရင်
ဟူယောင်ဘန်းက Lesson learned ရယူမဲ့လူမျိုး
( အခန့်မသင့်ရင် ပေးဆပ်မှုကြီးတယ် )
တိန့်ရှောက်ဖိန်က ပညာကြီးတော့ Lesson Studied ကို
အမြဲ ခေါင်းထဲ ထည့်ထားဟန်တူတယ်
( မပေးဆပ်ပဲ လေ့လာမှုကရတဲ့ သင်္ခန်းစာ )

ဘာမှ ဟုတ်တိပါတ်တိမသိပဲနဲ့
ကိုယ့်က်ုယ်ကို အားလုံးသိပြီးလို့ ယူဆထားသူတွေဟာ
အလွန်အန္တရာယ်ကြီးတယ်၊
လွန်ခဲ့တဲ့ (၅) နှစ်အစိုးရရဲ့ မူဝါဒမဲ့ ခြေဦးတည့်ရာ
လုပ်ဆောင်မှုဟာ ပြည်သူတွေအတွက်
အသိ (၂) ခြမ်း ဝက်ဝက်ကွဲသွားတယ်
လွတ်လပ်ခြင်းကို ကြောက်လန့်သွားတဲ့အထိ
ဖြစ်ခဲ့ရတယ်၊ လွပ်လပ်ခြင်းရဲ့အဓိပ္ပါယ်ဟာ
အနှစ်သာရမဲ့စွာ ခြေဦးတည့်ရာဖြစ်နေတယ်
( Rule of law လား Rule by law ရောထွေးကုန်တယ် )

စီးပွားရေး၊ နိုင်ငံရေးတွေ သင်ပေးနေတဲ့
စာရေးသူကိုယ်တိုင်က ဒီလိုပုံစံ Freedom မျိုးထပ်လာရင်
ရိပ်သာပဲ အပြီးဝင်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။

အဲ့ဒီတော့
အဓိပ္ပါယ်ကောင်းခဲ့တဲ့ Freedom ကို
ဘယ်သူကကြောက်ရွံ့သွားအောင်လုပ်ခဲ့တာလဲ ?

........................

😪  Let's dance with the fear.

ဒီနေ့ မြန်မာပြည်မှာ
နစက၊ အိမ်စောင့်အစိုးရက လွဲပြီး
အားလုံးကို ကြောက်ရွံ့နေရတယ်
( အစိုးရအနေနဲ့ ခန့်ခန်ငြားငြားရှိပေးပါ၊ ပြတ်သင့်တဲ့
   á€”္ရဏမသဏ ပြတ်သားပြပါ၊ ကိုယ့်လူတွေ
   á€•ဟန်ထ္ဏက်ပဟန္ပဟဎ၊ ပြတ်သားမှုကိုလူကြိုက်တယ် )

ဘာတွေကြောက်နေရသလဲ ?
- ဇွပ် ဇွပ်တွေကြောက်နေရတုန်းပဲ
- ဘုံး ဘုံး ဘုံးတွေကြောက်နေရတုန်းပဲ
- ဘဏ်တွေငွေမလည်ပါတ်တာကြောက်နေရတုန်းပဲ
- စီးပွားရေး ဘာမှန်းမသိရသေးတာ
- မနက်ဖန် ဘာဖြစ်မလဲလို့ မခန့်မှန်းနှိုင်တာ

အထူးသဖြင့်
Covid တတိယလှိုင်းဟာ မြန်မာ့ လူမှုစီးပွားကို
အတော်လေးထိခိုက်သွားစေခဲ့တယ်
ထပ်ရောက်လာဦးမဲ့ စတုတ္ထလှိုင်းကို မျှော်ရင်း
ပြည်သူတွေရဲ့ ကြောက်ရွံမှု၊ ပူပန်စိုးရိမ်မှုကို
အစိုးရအနေနဲ့ အကောင်းဆုံး ဖြေလျော့ပေးနှိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်၊

မြန်မာနိုင်ငံဟာ
ကံမကောင်းရှာသေးဘူး
တကယ့် လူလိမ်၊ အတ္တကြီးသူတချို့ကြောင့်
အပိုင်းပိုင်းဖြစ်လုဆဲဆဲ အခြေအနေမျိုးရင်ဆိုင်ခဲ့ရတယ်၊

လူမှုစီးပွားရေးသာမက
အကြမ်းဖက်မှု၊ 
ကူးစက်ရောဂါ၊ 
အငတ်ဘေး
ပြဿနာတွေကိုလဲ ကြောက်ရွံ့စွာ ရင်ဆိုင်နေရဆဲပါ၊

ဘယ်တတ်နိုင်ပါ့မလဲလေ....
ဖြစ်လာခဲ့ကြပြီပဲ
ကြောက်ရွံ့ခြင်းများစွာကို
တခဏတာ လာလည်တဲ့ ဧည့်သည်လို့ပဲ
သဘောထားပြီး၊ 
စိတ်ခွန်အားတွေ ဖြည့်ဆည်းကြပါစို့လို့။

#နေဇင်လတ် (3.8.21) 🍄
(ပြန်လည်ကူးယူဖေါ်ပြသည်)
#MyanmarNationalPost 
#mnpnews



Related Posts: