ပြည်ပလည်း ထွက်မရ၊ ပုဂ္ဂလိကဆေးရုံတွေကလည်း လက်မခံ၊ တောလည်းမခိုရဲတဲ့ အလုပ်လက်မဲ့ CDM ဆရာဝန်တွေက ဒီကာလမှာ ကိုဗစ်လူနာတစ်ယောက်ကို သိန်း၆၀ ( အောက်ဆီဂျင်အိုး ဖိုးပါပြီး ) နဲ့ လုပ်စားနေကြတာ။ တိုင်ကြားတဲ့သူတွေက ဆုံးပါးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေပါ။ ခံစားချက်နဲ့ပေါ့ သူတို့ကုတဲ့ လူသာသေသွားတယ်။ သူတို့ကုလို့ သေသွားတဲ့ လူနာရဲ့ ကုခကိုကျန်ရစ်သူ မိသားစုတွေကို အကြွေးတောင်းသလို တောင်းရာကနေ မတတ်နိုင်တော့တဲ့ မိသားစုတွေက စစ်တပ်ကို တိုင်ကြတာ။
အခုလိုအဖမ်းခံရတော့ ပရဟိတ ဖြစ်သွားရော သူတို့ ပရဟိတက သောက်ဆန်းကြီး။ သိမ်းမိတဲ့ လေအိုးတွေနဲ့ စက်ပစ္စည်းတွေက ဆေးရုံတံဆိပ်ကြီးတွေနဲ့ အကုန်လုံးဆေးရုံက ခိုးလာတဲ့ဟာတွေ အလှူရှင်နာမည်တွေ လုပ်ငန်းတွေတောင် ပါသေးတယ်။ အောက်ဆီဂျင်ဖိုးပဲ ပေးပါဆိုပြီး လေအိုးအလုံးရေ ၁၀၀လောက် လှောင်ပြီး လုပ်စားနေကြတာ တစ်နေ့တစ်နေ့ အောက်ဆီဂျင် စက်ရုံတွေမှာ အုပ်စုဖွဲ့ သွားတန်းစီပြီး အောက်ဆီဂျင်တွေကို အပြင်မှာ လမ်းဘေးမှာ ထုတ်ပစ်ကြတယ်။ တစ်ခါဖြည့်မှ ၃၀၀၀ပဲ ပေးရတာ လူမကုန်ဘူး ကားနဲ့ ၆ ယောက်လောက်သွား လေအိုး ၇၀ လောက် ချပြီး တန်းထားလိုက်ရင် နောက်ကလူတွေ မရကြတော့ဘူး။ သူတို့ဆီမှာ အရန်သင့် လှောင်ထားတဲ့ လေအိုး ၃၀ က ၁၀ သိန်း ၁၅ သိန်းတွေ ဖြစ်ရော အဲ့လို ယုတ်မာကြတာ။ အဲ့မှာစျေးတက်လို့ အစိုးရကို ဆဲ အောက်ဆီဂျင် မရလို့ အစိုးရကို ဆဲ။
သူတို့ကတော့ လက်ဖျားငွေသီးနေရော တကယ်သာ မှန်မှန်ကန်ကန် အနစ်နာခံကုပေးနေရင် ဘယ်ပြည်သူက သတင်းပေးမှာတုန်း။ လေအိုးတွေ စျေးတက်အောင် လုပ်ပြီး ၃၀၀၀ တန်ကို ၁၅ သိန်းလောက် ဖြစ်အောင် လုပ်စားနေမှတော့ စစ်တပ်ကမှ မဖမ်းရင် ဘယ်သူက လာဖမ်းပေးမှာတုန်း။
#credit