Monday, August 23, 2021

လွယိသလား ? ခက်သလား ?


တကယ့် ကို မလွယ်လွန်းတဲ့ ကိစ္စပါ။

NLD ကို မကြိုက်လို့ ဝေဖန်လိုက်တာနဲ့
ဘောမ လို့ သတ်မှတ်ခံရတာ
မလွယ်ကူလှပါဘူး..

လူ အများကြိုက် ဖြစ်နေတဲ့
မေမေ ဘာလုပ်လုပ် မှန်တယ် ထင်တဲ့
လူ ငန တွေ ကြားမှာ.
Nld ကို မှားတယ်လို့ ပြောဖို့
တကယ် မလွယ်တဲ့ ကိစ္စပါ။

လူအုပ်ကြီးထဲမှာလဲ အနီ
Fb မှာလဲ အနီ
ပြည်ပ မှာလဲ အနီ
အနီ အုပ်စု ကြီး group ဖွဲ့လို့
ထင်ရာစိုင်းနေတဲ့အချိန်
အမြင်မတူလို့
တယောက်ထဲ ခွဲထွက်နေဖို့ ဆိုတာ
သိပ် မလွယ်ပါဘူး။

အနုပညာရှင်တွေ
ပညာတတ်တွေ
စာရေးဆရာတွေကအစ
NLD ကောင်းကြောင်း
ပြောနေကြတော့
NLD မကောင်းဘူးလို့
ဘယ်သူထင်ရဲမလဲဗျာ..
NLD ကို ဝေဖန်ဖို့ဆိုတာ
လွယ်ကို မလွယ်တဲ့ကိစ္စပါ..

ဒါပေမဲ့ မလွယ်လွန်းတဲ့ အရာကို
တိုင်းပြည်ရှေ့ရေး တွေးပြီး
အမှန်တရားအတွက် ခေါင်းငုံ့မခံ
တယောက်တည်းလဲ တိုက်ပွဲ ဝင်ရဲတဲ့
သကောင့်သားတွေ ပေါ်လာခဲ့ရပြီ..

ရဲရဲတောက်တွေကြားမှာ
ဘဲ့ ကန် ပြီး ရဲရဲတောက်ဖို့ ဆိုတာ
တော်ရုံ သတ္တိ နဲ့ ဘယ်ရမလဲဗျာ...

အမေရိကန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိုသတိုးစောကို
NLD အကြမ်းဖက်တွေက အုပ်စုဖွဲ့ အနိုင်ကျင့်နေတာကို
မြင်ရတော့ NLD နဲ့ အတိုက်အခံ လုပ်ဖို့ဆိုတာ
တကယ် ခက်ခဲတာပါလားလို့ တွေးမိတယ်။

ဒါပေမဲ့ နောက်တွန့်သွားလား?

No.. ရအောင် တိုက် မယ်

မြန်မာ ပြည် နီ ပိန်း မျိုးဆက် အပြတ် ဖြတ်ရမယ်..

ဒေါ်စုကြည်နဲ့ နိုင်ငံရေးသမားတွေ
ထောင်က ထွက်လာတိုင်း
မြန်မာပြညိမှာ ပြဿနာ တစ်ခု မဟုတ် တစ်ခု အမြဲ တက်တယ်..

NLD အစိုးရ ဖြစ်တော့ တိုင်းပြည်အေးချမ်းနေတယ်...

ဘာလို့လဲဆိုတော့
ဆူပူမဲ့ ကောင်တွေ နေရာ ရသွားလို့ပေါ့...

အဖြေက ရှင်းရှင်းလေးဘဲ၊

အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေကတော့
NLD နဲ့ အပေါင်းအပါတွေ စောက်သုံးမကျ လုပ်သမျှကို
နိုင်ငံရေးအရဘဲ ဖြေရှင်းတယ်..

NLD ဝန်းရံသူတွေကတော့ နိုင်ငံရေးအရ ဆိုတာ
သိတောင် သိမယ် မထင်..

မသိလို့လဲ တိုင်းပြည်အခုလို အခြေအနေ
ရောက်သွားရတာပေါ့ဗျာ..

ငါနဲ့မတူ ငါ့ရန်သူ.. ကွန်မြူနစ်ထက်ဆိုးတဲ့
အကြမ်းဖက်ဝါဒ ဖက်စစ်စနစ်ဘဲ

ဒီလို အကြမ်းဖက် NLD ကကောင်တွေနဲ့
တုယှဉ်ပြိုင်ဖို့ ဆိုတာ ဘယ်လွယ်မလဲဗျာ..

ဘုရားကို ဘုရားမှန်းမသိတဲ့ ကောင်တွေ..
ဓမ်မ ဆိုတာလဲ မသိဘူး..

သံဃာကိုလဲ အမြင်မတူရင် ဆဲဖို့ ရိုင်းဖို့နဲ့
မိုက်ရူးရဲ အသိဥာဏ်မဲ့စွာ
သတ်ပစ်နေကြပြီ..

ဆရာဆိုလဲ အာစရိယ ဂုဏော မဟုတ်တော့ဘူး..
လောက်ကောင် ဘာညာ ဆိုပြီး တံတွေးနဲ့ ထွေးရဲတဲ့
လူ့ ဗာလာန တွေ ဖြစ်ကုန်ပြီ..

ကိုယ့်မွေးထားတဲ့မိဘကိုလဲ အလွတ်ပေးမယ် ထင်သလား? လားရှိုးက အနီ ဒေါက်တာနှစ်ယောက်က
နစက ကို ထောက်ခံလို့ ဆိုပြီး မိဘ
(မိမိတို့လုပ်ဖော်ကိုင်ဘက်ဟောင်း)
တွေအဖြစ်ကစွန့်လွှတ်သတဲ့...
လူသိရှင်ကြားနော်..

ဒါကို အပြည့်အဝ ဝမ်းသာလှဲလှဲ ထောက်ခံနေသူတွေ အများစုကတော့ ထုံးစံအတိုင်း
အနီ အရိုင်းအစိုင်းလေးတွေပေါ့ဗျာ...
အားတက်သရောပေါ့။

ဒီလို လူတန်းစားတွေနဲ့ ယှဉ်ပြီး အတိုက်အခံ
လုပ်ရဲဖို့ ဝေဖန်ရဲဖို့ ဆိုတာ
တော်ရုံ အသိဥာဏ်နဲ့မရဘူးနော်..
တော်ရုံ သတ္တိနဲ့လဲ မရဘူး။

ဗိုလ်အောင်ဒင်က ဗိုလ်လုပ်ဖို့ နေရာလုတဲ့
ရာမ ကို မေးသလိုပေါ့...

လွယ်သလား? ခက်သလား? ရာမတဲ့

အနီတွေ ကို ဝေဖန်ရဲဖို့ အတိုက်အခံ လုပ်ရဲဖို့ဆိုတာ
လွယ်သလား? ခက်သလား? လို့တောင်
မေးရမလို ဖြစ်နေပြီ... 😊😊

အနီတွေ ဟာ ဘာလဲ? ဘယ်လဲ? မေးမနေနဲ့..

သူတို့ကို သူတို့ အုပ်စု များတယ်၊
ပညာတတ် ပေါတယ် ဆိုပြီး
ဂုဏ်ဆာနေကြတာ...

အမှန်တရားဆိုတာ လူအများကြိုက်လို့
လွယ်လွယ်အထင်ရှိနေတဲ့ လူတသိုက်ပါ။

သူတို့ သိတဲ့ အမှန်တရား၊
သူတို့ နားလည်တဲ့ နိုင်ငံရေးဆိုတာ
Fb ပေါ်က ငပိန်းတွေ မျှဝေတဲ့ နိုင်ငံရေး အဆင့်လောက်ဘဲ ရှိတယ်။

ကဲ နောက်ဆုံး ပြောမယ်..

အနီတွေ နိုင်ငံရေးလုပ်ရင် လွယ်လွယ်နဲ့ အလှူခံ စားလို့ရတယ်..

အနီတွေ ပုံမတော်လို့ ခေတိပြန်ကောင်းရင်
နေရာတခုက အလွယ်လေး..
အခုလဲ ခေတ်သာ မကောင်းတာ
လက်သုံးချောင်းထောင် အနီ ပရိုဖိုင်းချိန်း
လုပ်စားနေတဲ့သူတွေ ဒုနဲ့ဒေးဘဲ။

အေး NLD ကိုဝေဖန်မယ် ဆိုရင်တော့
NLD အကြမ်းဖက်တွေရဲ့ ဆဲဆိုခြင်း၊ ကြိမ်းမောင်းခြင်း
ခံရမယ်..
အခန့်မသင့်ရင် အသတ်ခံရမယ်။

ကျုပ်တို့ Auto ဘောမနေလို့
အခွင့်အရေးရမယ်လို့ ထင်မနေနဲ့..
အလေးမထားတဲ့အပြင်
ချောင်ထိုးခံထားရသေးဗျ၊
လျစ်လျူရှူ့ ခံနေရတယ်...

ကွာတာတော့ အတော်ကွာသဗျာ...

အနီတွေ နိုင်ငံရေး လုပ်တာနဲ့
တခြား အမျိုးသားရေးသမားတွေ
နိုင်ငံရေး လုပ်တာ ရလဒ်က အရမ်းကွာတယ်..

ကွာလဲ ဆက်လျှောက်ရဦးမှာဘဲ၊

နီပိန်းလောက တစခန်း ချုပ်ငြိမ်းသွားမှဘဲ
ရပ်နားတော့မယ်...

မင်းတို့ စွပ်စွဲ ပြောပြောနေတဲ့ အရိုးကိုက်
ဘော မ တယောက် ဖြစ်ဖို့
လွယ်သလား? ခက်သလား? ကွ လို့
မေးလိုက်ချင်တယ်...

#Credit