မနေ့က ကချင်ဘက်မှာ တပ်ရင်းဌာနချုပ် တစ်ခု အတိုက်ခံရတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လည်းဒီလိုပါပဲ မကြာမကြာ အားနည်းတဲ့နောက်တန်းဌာနချုပ်တွေကို kiaက အလစ်ဝင်ပြီးတိုက်တယ်။ kia ရဲ့အကျင့်က ယောက်ကျားချင်း မယှဉ်ရဲတော့ အင်အားနည်းပြီး ရဲမေမှီခိုကလေးတွေပဲရှိတဲ့ နောက်တန်းတွေကို အောက်တန်းကျကျ အလစ်ဝင်တိုက်တာ ထုံးစံပဲ။ တိုက်တိုင်းလည်း တစ်ခါမှ မအောင်မြင်ဘူး လာတိုက်တဲ့ကောင်တွေ ကွဲပြဲပြီး ခရစ်တော်မှာ အိပ်ပျော်ကုန်ကြတာပဲ။
ဒီဒေသတပ်တွေမှာ ရှေ့တန်းကလည်းနောက်တန်းကိုစိတ်ပူရ။ နောက်တန်းကလည်းရှေ့တန်းစစ်သည်တွေကို စိတ်ပူရနဲ့ ပါပဲ။ ကျနော်နေခဲ့တဲ့တပ်ဆို ရဲမေကင်းစောင့်ရတာ နှစ်အတော်ကြာရှိနေပြီ။ နောက်တော့ ရဲမေတွေ နေအိမ်လိုင်းခန်းမှာ သိပ်မနေကြတော့ဘူး တပ်ရင်းလုံခြုံရေးကင်းစခန်းတွေမှာပဲ ကလေးတဘက် သေနတ်တစ်လက်နဲ့ ဓမ္မာရုံမှာ ပဌာန်းရွတ်ရင် ကိုယ့်တပ်ကိုအနိုင်ကျင့်စော်ကားလာမဲ့ အယုတ်တမာတွေကို ခုခံယုံသက်သက်ပါ။ ဒါပေမဲ့ သွားတော့မစမ်းမိစေနဲ့ပေါ့။
တကယ်တန်းပြောရရင် ရဲမေတွေက ကိုယ့်တပည့်တွေထက်တောင် အားကိုးရပါတယ်။ မိန်းမသဘာဝ ကာယအားနည်းပေမဲ့ စိတ်ရှည်တယ် ဇွဲရှိတယ် အထိုင်မြဲတယ် သင်ပေးတဲ့စစ်ပညာကို စေ့စေ့စပ်စပ်လေ့လာသင်ယူတယ်။ လက်နက်ကြီးများပစ်ရင် ပုံစံကျလို့ ၃လုံးလောက်နဲ့ ထိရောက်ပစ် ပစ်ပြီ။ သေနတ်ဆိုလဲ သားသမီးလို တချိန်လုံးသနေတတ်တာ။ သေနတ်ဖြုတ်တပ်များ မျက်လုံးပဝါစည်းပြီး ဖြုတ်တာ ကိုယ်တွေထက်သာတယ်။
ဒါမျိုးကို သွေးထိုးသွားစမ်းလို့ ခွေးမျိုးကန်းသွားတာလည်းမစမ်းပါဘူးလေ။ အခုလည်း PDF ဆိုတဲ့သကောင့်သားတွေကပါ ပထွေးများရဲ့ လမ်းစဉ်အတိုင်း ယောက်ကျားချင်းမယှဉ်ရဲလို့ အောက်တန်းကျကျ နောက်တန်းစခန်းက ရဲမေမှီခိုကလေးတွေကို ဝင်တိုက်ပြလာတယ်ဆိုတော့ မင်းတို့ စိတ်ဓာတ်နဲ့သတ္တိကတော့ စံပါပဲကွာ။
Gen Z ဆိုတဲ့ PDF တွေရေ။ မင်းတို့မှတ်ထားရမှာ အဲဒီရဲမေတွေ သေနတ်ပစ်လေ့ကျင့်ချိန်က မင်းတို့ Game ဆော့ချိန်ထက်ပိုများတယ်။ တစ်နှစ်ကို ၃လထက်မနည်းစစ်ပညာကို ခေါက်ခေါက်အခါခါလေ့ကျင့်ထားတာ မင်းတို့လို့ မနေတစ်နေ့ကမှ သေနတ်စကိုင်လာတာမဟုတ်ဘူး။ ထပ်ပြောရင် ရှက်ကြအုန်းမယ် မင်းတို့ Gen Zတွေ လက်နက်ကြီးရောပစ်တတ်လား ပစ်ဖူးလား။ မတူရင် သွားမတုနဲ့နော်။
Photo - မိမိတပ်အတွက် စွန်းစွမ်းတမံ ကာကွယ်ပေးခဲ့သော အိမ်ထောင်သည်ရဲမေများကို ဂုဏ်ယူစွာဖြင့် အလေးပြုအပ်ပါတယ်။
စစ်သွေးမဟာ