ကောသလ မင်းကြီးဆီမှာ
ပါဝေယျဆိုတဲ့ ထောင်ထောင်မောင်းမောင်း
တိုက်ဆင်ကြီး တစ်ကောင်ရှိတယ်။
တိုက်ပွဲတွေအများကြီးတိုက်ခဲ့ပြီးနောက်
အိုလာတဲ့အခါ ဘုရင်ကြီးကသူ့အချစ်တော်
ဆင်ကြီးကို ဘေးမဲ့ပေးလိုက်တယ်။
တစ်နေ့ ဆင်ကြီးကအိုင်တစ်ခုထဲဆင်းရင်း
ညွန်ထဲနစ်သွားတော့ ရုန်းတယ် မရဘူး
အသက်ကကြီး အိုကလည်းအိုနေပြီမို့
ဘယ်လိုမှကို မရုန်းနိုင်တော့ဘူး။
ဘုရင်က သိသိချင်းမှာ
သူ့အချစ်တော်ဆင်ကြီးဆီ ဆင်ဆရာနဲ့အဖွဲ့
ချက်ခြင်းစေလွှတ်လိုက်တယ်။
ဆင်ဆရာကလည်း တိုက်ဆင်တွေ
အကြောင်းသဘောပေါက်တော့
သွားကတည်းက စစ်တီးဝိုင်းပါခေါ်သွားတယ်။
စစ်ချီစစ်ထိုးရင်သုံးတဲ့
စည်တွေ မောင်းတွေပါသယ်သွားပါရော။
ဟိုရောက်မှသူ့လူတွေကို တပ်ဖြန့်ပြီး
စစ်ပွဲပုံစံ ပေါ်အောင်ဖန်တီးတယ်။
မောင်းတွေ တဒူ ဒူ ထု စည်တွေတီးကြလုပ်ပြီး
စစ်သည်တွေက ကြွေးကြော်သံတွေအော်တော့
ဆင်ကြီးက ငယ်တုန်းကလိုရဲစိတ် ရဲမာန်တွေ
တဖန်ပြန်ပေါ်လာပြီး ရုန်းထွက်လိုက်မှ
ကုန်းပေါ်ပြန်ရောက်လာတယ်။
ဘယ်သူမှ
ဆွဲတင်တာမဟုတ်ဘဲ သူ့ဖာသာရုန်းတက်ခဲ့ရတာ။
ကျဉ်းထဲကြပ်ထဲရောက်တဲ့အခါ
စိတ်က အတော်အရေးကြီးပါတယ်။
ကိုယ်တိုင်ပဲ ကြိုးစားပြီး ရုန်းထွက်ရတာပါ။
ခု
နေမကောင်းနေတဲ့သူတွေနဲ့
အခက်အခဲ ကြုံနေတဲ့ သူတွေ အနေနဲ့ကလည်း
ပါဝေယျ ဆင်ကြီးကို
ဥပမာ ယူပြီး
ကိုယ့်ကိုကိုယ် အားယူပြီးမှ
ရုန်းထွက် နိုင်ကြပါစေ။
#credit