Thursday, August 5, 2021

ခြေလှမ်းစိပ်လာတဲ့အမေရိကန်


ဒီရက်ပိုင်း အမေရိကန်ရဲ့ခြေလှမ်း နည်းနည်းစိပ်လာတယ်၊
မြန်မာ့အရေးမှာ -
 - အာဆီယံကိုယ်စားလှယ်ထားဖို့
 - NUG ကဇင်မာအောင်ကို ဒုဝန် ရှားမင်းကတွေ့တာ
 - မြန်မာဆိုင်ရာ US သံဟောင်းကိုလုံခြုံရေးပေးတာ
...... စသဖြင့်၊

ခြုံကြည့်ရင်တော့ သိပ်ထိထိရောက်ရောက်ဖြစ်တာ
မတွေ့ရပါဘူး၊ ဒါပေမဲ့ဇင်မာအောင်ကို စကားပြောတာက
အသိအနှတ်ပြုရာကျနေတယ်၊
မြန်မာဖက်က တစုံတရာတုန့်ပြန်သင့်တယ်။

................

ထိုင်ဝမ်ကိုအမေရိကန်က
လက်နက်ရောင်းပေးဖို့
အတည်ပြုချက်ရသွားပြီ၊
အဲ့ဒီတချက်က တရုတ်ကြီးကို
အတော်လေးစိတ်ဆိုးစေလိမ့်မယ်၊

...................

တောင်တရုတ်ပင်လယ်ဖက်မှာတော့
UK စစ်သင်္ဘောနဲ့ တရုတ်ကိုဆွခဲ့လိုပ်တာ
တွေ့ရတယ်၊
အမေရိကန်က တိုက်ရိုက်မဝင်တော့ပဲ
ခေါင်းရောင်းလိုက်တာ၊
US+UK ပူးပေါင်းတယ်ဆိုတဲ့အချက်ကို
ပြပေးလိုက်တာ၊

..................

ခြုံပြီးကြည့်ရင်
US ဟာအရင်လို အင်အားနဲ့ဩဇာ
မရှိတော့တာကိုပြနေတယ်၊
တောင်တရုတ်ပင်လယ်ကိစ္စနဲ့
အာဖဂန်ကတပ်ရုတ်လိုက်တာ
အတော်လေး ရုပ်ပျက်သွားစေတဲ့
လုပ်ဆောင်မှုမျိုး၊

မြန်မာလို အင်အားနည်းတဲ့
နိုင်ငံမျိုးလောက်ကိုပဲ ဖိပြီး
ကျန်တဲ့ နိုင်ငံကြီးတွေကို ထိတ်တိုက်တွေ့ဖို့
လွှဲရှောင်ချင်ဟန်ရှိတယ်၊

.................

လူတယောက်ရဲ့ လုပ်ရပ်ဟာ
အခြေအနေအများကြီးကိုထင်ဟပ်စေပါတယ်
 - သူ့စိတ်အခြေအနေ
 - ပေးထားချက်အခြေအနေ
 - အင်အား
 - အတ်တ
 - ဝိုင်းရံသူတွေအခြေအနေ
 - သူ့ဉာဏ်ရည်ဉာဏ်သွေး .... စသည်အားဖြင့်ပေါ့။

အဲ့ဒီကနေ
ရှေ့ ဘာဖြစ်လာမလဲဆိုတာ
လွယ်လွယ်ကူကူပဲခန့်မှန်းလို့ရပါတယ်

#BaMaung