သူ၏အမည်ကား " ဂျော့ဆိုးရိုးစ် " ( George Soros ) တချို့ ကမူ
သူ့ကို ( ဂျော့ဆိုးရော့စ် ) ဟုလည်းခေါ်ကြပြန်၏ ~
သူ့ကို * ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်တ် * ( Budapest ) မြို့၌ မြို့၏
မျက်နှာဖုံး ဂျူးလူမျိုး အမိ+ အဖ နှစ်ဦးက ( 1930 . ပြည့်နှစ် )
AUGUST.လ 12 - ရက်တွင်မွေးဖွားလာသူဖြစ်သည် ~
ဒုတိယ ကမ္ဘာစစ်အတွင်း ( ဂျူးသုတ်သင်ရှင်းလင်းရေးတွင် ) သူတို့မိ
သားစုသည် ဟစ်တလာ၏ လက်တွင် အသတ်မခံရရေးငွေကြေးများစွာ
သုံးစွဲကာ ဂျာမနီ ဗိုလ်ချုပ်တစ်ဦး၏ မွေးစားသားဖြစ်စေရန် ထိုဂျာမနီ
ဗိုလ်ချုပ်ထံ အသပြာ နှင့်တကွ လိုအပ်သမျှပေးကာ အပူကပ်ရှာ၏ ထို
ဂျာမနီ ဗိုလ်ချုပ်လည်း ဂျူးလူမျိုးဖြစ်သောဂျော့ဆိုးရိုးစ်ကို ကလေးချစ်
တက်သော စိတ်အခံရှိသည်ကတကြောင်း အသပြာငွေကြေးမြောက်
များစွာနှင့် လိုလေသေးမရှိ အလိုက်သိတက်သော မျက်နှာတို့ကြောင့်
ဂျော့ဆိုးရိုးစ် ( George Soros ) အမည်ရ လူမမယ်လေးတစ်ဦးကို
ဂျာမနီ ဗိုလ်ချုပ်၏ ( မွေးစားသား ) အဖြစ် မိုးကျရွှေကို စတင်မွေးစား
လိုက်တော့သည် ~
လူငယ်ဘဝတွင် စရိုက်မကောင်းသည်ကတကြောင်း " ဂျူး " လူမျိုးတို့
ဟစ်တလာ ၏ ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်မှု ခံနေရသော်လည်း
( George Soros ) တို့ မိသားစုမှာ ဂျာမနီဗိုလ်ချုပ်၏ မွေးစားသား
ဆိုသော အရှိန်ပါဝါကြောင့်လည်း ဟစ်တလာ၏ လက်အောက်စစ်ဗိုလ်
များသည် မတို့ရဲ့ မထိရဲ ဖြစ်လာသည်ကတကြောင်း စသည့် အကြောင်း
ပေါင်းများစွာတို့သည် ယခင်ကပင် ( စရိုက်ဆိုး အမူအကျင့်ဆိုး ) ရှိသူ
( George Soros ) အတွက် မဟာ့ မဟာ အသုံးချစရာ လှေကားထစ်
ကြီးသဖွယ် ရသမျှ အခွင့်အရေး ကြုံသမျှ အခွင့်အလန်းတို့သည် ~
သူ၏ မကောင်းမှု စိတ်နေ စိတ်ထားအ ပေါ်တွင် အင်အားကောင်းစွာ
ဖြင့် ( အားပေးကူညီဖြည့်ဆည်းပေးလေတော့၏ ) ထိုအခြေခံအချက်
များ ပြည့်စုံလာလေသောအခါ သူ၏ ယုတ်မာကောက်ကျစ်လှသော
( မဟာစီမံကိန်းကို ငယ်စဉ်ဘဝကပင်စတင်အသက်သွင်းလေ၏ )
ထိုစီမံကိန်းကား အခြားမဟုတ်ပေ ( မြန်မာ့ဆိုးရိုးအရဆိုလျင် ) အရိပ်
နေနေ အခက်ချိုးချိုး ဟူသော စကားပင်ဖြစ်လေတော့သည် ~
သူ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ( ဟန်ဂေရီပြည်သူပြည်
သားအများစုသည် ) ယဉ်ကျေး၏ နူးညံ့၏ ရိုးသား၏ ထိုအချက်ကို
သူသည် လူကပင် ငယ်သော်လည်း ကောင်းစွာသိရှိလေ၏ ထိုအခွင့်အ
ရေးသည်ပင် သူ၏ စီမံကိန်းဘောင်အတွင်းကျရောက်လာသော မဟာ
အခွင့်အရေးကြီးပင် ~ လက်လွတ်မခံလိုတော့ပေ ဘယ်သူသေသေ
ငတေ,မာရင်ပြီးရောဆိုသည့် နှလုံးသားကို ရင်ဝယ်ပိုက်ကာ ဂျာမနီဗိုလ်
ချုပ်၏ သားဟူသော အမည်နာမကို အသုံးချကာအောက်လက်စစ်ဗိုလ်
များ ငယ်သားများကို မတ်လုံးပေး၍ ( ဟန်ဂေရီရှိ ဂျူးလူမျိုးများပိုင်
ဆိုင်သော လုပ်ငန်း ၊ အလုပ် ၊ ရတနာ ၊ အသပြာနှင့်တကွ သိမ်းဆည်း
ရေး စတင်လေတော့သည် ~ ထိုသူကား ငယ်ပင် ငယ်သော်လည်း လူမ
မယ် ကလေးဘဝကပင် အိပ်မက်ကြီးသူမို့ အနာဂါတ်စီမံကိန်းအတွက်
လူမျိုးတူ ဘာသာတူ အိမ်နီးနားချင်းကိုပင်မထား အစွမ်းကုန်ရက်စက်
ညှင်းဆဲ သိမ်းဆည်းလေတော့သည် ~
ထိုအကြောင်းအရာများသည် ( George Soros ) ၏ လူငယ်ဘဝမျှ
သာရှိသေးသော အကြောင်းအရာ တစိပ်တစ်ပိုင်းသာရှိသေးသည်
ဤစာကို ရေးနေသူ ကျွန်တော် ခေတ်ဘုန်းခ ,၏ ရှာမှီးလေ့လာထားသ
မျှ ( အကုန်အစင် ရေးရပါမူ ) ထောင့်တစ်ညပုံပြင်လို သူ၏ သမိုင်းဆိုး
များကား ရေး၍ပင် မကုန် ဖတ်လို့ပင်မပြီး အသီးသီးရှိသေးသည်
( မြန်မာနိုင်ငံသူ နိုင်ငံသားများသိစေရန်အတွက် ) သူ၏ ငယ်ဘဝအစ
ကိုပင် ချပြလိုက်သည့်သဘောဟုမှတ်ယူကြပါရန် ~
စာရှည်မည်စိုးသဖြင့် လို တို ရှင်း ရေးရပါက ဒုတိယကမ္ဘာစစ်ပြီးချိန်၌
အင်္ဂလန်သို့ ပြောင်းရွှေ့လာပြီး အင်္ဂလန်တွင် အကောင်းဆုံးတက္ကသိုလ်
မှာ ကျောင်းတက်၍ ပညာသင်ယူခဲ့သည် ~
ကြိုးစားသဖြင့် စာတော်သည် ဟန်ဆောင်သဖြင့် အတန်းဖေါ် သာမက
တက္ကသိုလ် အာဏာပိုင်များကပင် သူ့ကိုချစ်ခင်ကြသည် ~
ထိုမှ တဆင့် ( အမေရိကားသို့ ပြောင်းရွှေ့ အခြေချ နေထိုင်သည်မှာ )
ယခု ဤစာကိုရေးနေချိန်အထိပင်ဖြစ်တော့၏ ~
( မြန်မာ နှင့် ဂျော့ ဆိုး ရိုးစ် ) ဘယ်လိုဆက်နွှယ်နေသနည်း?
ကျွန်တော် ခေတ်ဘုန်းခ,သည် သမိုင်းဆိုင်ရာ သုတေသနသမားမဟုတ်
သလို ရံဖန် ရံခါမှသာ ကိုယ်ပိုင် , မူပိုင် ဆောင်းပါးအခန်းဆက်တချို့ကို
( ရင်နှစ် သည်းခြာ နိုင်ငံ့ ရတနာဟူသော ခေါင်းစဉ်ဖြင့် ) ရေးသားလေ့
ရှိသူ ဖြစ်ပါ၏ ~
ယခု ဘာကြောင့် ( George Soros ) အကြောင်းကို ရေးရသလဲ?
ယခုမှ ဘာလို့ ရေးရသလဲ ? ဆိုသည့် အမေးမျိုးရှိလာခဲ့ပါက ဖြေဆိုရန်
အကြောင်းသည် ကျွန်တော် ခေတ်ဘုန်းခ,ထံတွင် အဆင်သင့်ရှိနေ၏
အချန် အခါ ကာလ တို့သည် ( အခါမဟုတ်လျင် မိုးမရွာသလို )သူ့အခါ
ကျလာပြီဆိုပါကလည်း မရွာ၍ မရနိုင်သကဲ့သို့ မှတ်ယူရပေမည်
ယခု အချိန်ကာလသည် မြန်မာနိုင်ငံ၏ ပကတိ အရှိတရားအရသော်
၎င်း မျက်မြင်တွေ့ကြုံနေရသောအမှန်တရားများကိုသော်၎င်း သုံးသပ်
ကြည့်မည်ဆိုပါက ( ဖြစ်စဉ် ဖြစ်ရပ်များသည် ) ဂျော့ဆိုးရိုးစ် ၏ ပါဝင်
မှုမကင်းပေ ~
တိုက်ရိုက် ပါဝင်နေသလို ( သွယ်ဝိုက်၍လည်း ပတ်သတ်နေ၏ )
ရန်ကုန်အခြေစိုက် ( Open Society Myanmar Office ) သည်
မြန်မာပြည်၌ အပျင်းပြေ လာရောက်ဖွင့်လှစ်ထားသည်မဟုတ်ပေ ~
88 - ပွင့်လင်း လူ့အဖွဲ့အစည်း ၊ မြန်မာနောင်း မီဒီယာ ၊ ခေတ်သစ်မီဒီ
ယာ နှင့် ဧရာဝတီ သတင်းဌါန အပါအဝင်ပုဂ္ဂလိကဘဏ်လုပ်ငန်းအချို့
ဖေါင် ဒေး ရှင်း ( FOUNDATING. ) တချို့ နှင့် လူပုဂ္ဂိုလ် တစ်ဦး
ချင်း ၊ အစုအဖွဲ့လိုက် ၊ ပရဟိတ အမည်ခံအသင်းတချို့ နှင့် NGO.များ
သည် - ဂျော့ ဆိုး ရိုးစ် ( George Soros ) ၏ လက်တံများပင်ဖြစ်၏
( မြန်မာ့ နိုင်ငံရေးတွင် ဂျော့ ဆိုး ရိုးစ် ) ဘာ့ကြောင့်ပါဝင်ပါတ်သက်
နေရသနည်း ? စိတ်ဝင်စားဖို့ အလွန်ပင်ကောင်းလေစွ ။ ။ ။
ရှေ့ဆက်ရန် ရှိသေး၏ ။
စာရှည်မည်စိုးသဖြင့် အပိုင်းလိုက် ရေးသားတင်ပြပါမည် စောင့်မျှော်
ဖတ်ရှုပေးကြပါရန် ။
ခင်မင်လေးစားစွာဖြင့်
ခေတ်ဘုန်းခ ~ Khit Bone Kha
ခေတ္တ ~ တောင်ကြီးမြို့ ပြည်တော်သာ
05 - 08 - 2021 ( 13 : 05 : 30 ). ( Thur ) ကျေးဇူးပါဗျ ။