ယောက်ကျား ရတဲ့ လစာရိက္ခာ ပဲ ရတယ်။
ယူနစ်ရတဲ့တပ်ဆိုတာ နယ်စပ် ကတပ်တွေနဲ့
BGF တပ်တွေပဲ ရှိတယ်။
တပ်အတွက် လုပ်လိုက်ရတဲ့ လူမှုဝန်ထမ်း ရွတ်
လိုက်ရတဲ့ ဓမ္မစကြာ တက်လိုက်ရတဲ့စည်း/ကော်
ဒါ့ကြောင့် အချို့ စစ်သည်တွေ က
ပြောကြတယ်။ မိန်းမ မယူချင်ဘူး ကျွန်ဝယ်ရာအစစ်
ပါလို့တဲ့ သူတို့ကိုသနားတယ်တဲ့။
ဒီလိုပြောတော့ ခင်ဗျားတို့က ပြောမယ် ကျုပ်က
သွေးခွဲတာ လားလို့။ မဟုတ်ပါဘူး
စစ်သားဆိုရင် ကြားဖူးပြီးသားစကားတွေပါ။
ဒါက အဖြစ်မှန်တွေပဲ တပ်မတော်
အတွက် အချိန်မှီ ပြင်ဆင်ရမဲ့ အရာတွေပဲ။
မှိန်းနေရင် မိုက်မဲတဲ့ အထဲ မှာ ကျုပ်တို့ခင်ဗျားတို့
အကုန်ပါသွားမယ်။
ဒါက သာမန် အချိန်ပဲ ရှိသေးတယ်။ ကိုယ်ချင်း
စာတရားမရှိတဲ့ အရာရှိဆိုးကတော် တွေနဲ့
တွေ့ရင် အဖိနှိပ်က ခံရသေးတယ်။
ကျုပ်တို့ လူကြီးတွေက နိုင်ငံရေး နဲ့ အပြင်အရေး
ကို အချိန်ပေးနေရတယ်။
မိမိ လက်အောက်မိမိ မိသားစု တွေကို အဆင်ပြေ
နေကြတယ်လို့ပဲ ထင်ကြတယ်။
စာရွက်ပေါ်က ကိန်းဂဏန်းတွေကိုကြည့်ပြီး
အော် ဒီတပ်ကတော့ စစ်သည် ရဲမေတွေကို
ဘယ်လောက်ထောက်ပံ့ နိုင်တယ်လို့ပဲ မြင်ကြတယ်။
မြေပြင်မှာ တကယ်ရောက်မရောက်ဆိုတာ
သွားမကြည့်နိုင်ပါဘူး။
တပ်မတော်အနေနဲ့ အပြင်ကိုလှူတာတွေ ပေးကမ်း
တာတွေ အခမဲ့ ဆေးကုသပေးတာတွေ
ဆန်ဆီ ဝေတာတွေ နည်းနဲ့ ငွေကြေးတွေ မဟုတ်ပါဘူး။
တကယ်ထိရောက် လားဆိုတာ့
ဘယ်နီပိန်း ဖြစ်ဖြစ် ရတာ အကုန်ယူပြီး
တပ် ကို ပြန်ဖောင်းထုတာကြည့်ပဲ။
ပိန်းတဲ့ လူကို စိမ်းအောင်လုပ်လို့မရဘူး ဆိုတာ
တို့ အကြီးကဲ တွေ စိတ်ထဲ မထားဘူး အားလုံးကို
ပြည်သူဆိုတဲ့ အကြည့်နဲ့ ကြည့်ကြတာ။
အဲ့လို အချိန်မှာ နိုင်ငံ အတွက် တပ်မတော် အတွက်
တကယ်အနစ်နာခံ ကြတာက ဒို့မိသားစုဝင်
စစ်သည် /ရဲမေ တွေပဲ ဖြစ်ပါတယ်။
အရင်က အစိုးရ ကိုယ်တိုင်က စစ်ဆင်ရေးနေ့တွက်
စရိတ်တောင် ဖြတ်တောက်တာကိုခံခဲ့ရတယ်။
အခု ကို တာဝန်ယူရတဲ့ ကာလမှာ တပ်မတော်ရဲ့
အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ
လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တာပါ။
အနားက လူတွေ ကို တန်ဖိုးထားပေးကြပါ။
ရုပ်ဝတ္ထုပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင် ပေး
ကြပါ။ ထောက်ပံ့ နိုင်သမျှ ထောက်ပံ့ ပေး ကြပါ။
အရေးကြုံတိုင် မိမိရှေ့က ရောင်နောက်ဆံထုံးပါ
ဆိုတဲ့ စကားပုံတိုင်း မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့
တာဝန်ကျေအောင် ထမ်းဆောင်
ခဲ့ကြတာ မိသားစုဝင်တွေပါ။
သမိုင်းမှာ မချစ်ပိုလို ရဲမေတွေ လည်း ရှိကြတာပါ။
ဒီလို မိသားစုဝင်တွေကို အတိုင်းအတာ တစ်ခုထိ
ပြည့်စုံအောင် မထောက်ပံ့ပေးနိုင်ရင်
ဘယ်လို လူတွေကိုများ တို့တပ်မတော်ကထောက်ပံ့ပေး အုံးမှာလဲ။
စိတ်ဆန္ဒ ကို ရှေ့တန်းတင်ရေးလိုက် လို့ လူကြီးတွေ
ခေါင်းထဲ မှာ အစီအမံ တွေ ရှိပြီးသားဆိုလည်း
စေတနာ အမှားမို့ ခွင့်လွှတိပါ လို့ပဲ ပြောချင်ပါတယ်။