Friday, August 6, 2021

ဝမ်းနည်း ဝမ်းသာ


          ၁၀၈ တောင် ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းကြားရတာ အင်မတန် ဝမ်းနည်းမိပါတယ် ။ 

     ဆရာတော်ကြီးရဲ့ ဆေးနည်း နဲ့ လူအများစု သက်သာပျောက်ကင်းနေကြောင်း သတင်းကောင်းများ အဆက်မပျက် ကြားသိနေရလို့လည်း ဝမ်းသာမိပါတယ် ။ နေ့စဉ် ဆေးအလှူကိုလည်း ပြုလုပ်ပေးလျှက်ရှိနေကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ် ။ 

      ယခုအခု အများအပြား ထုတ်လုပ် ပေးဝေလျှက် ရှိရာမှ အဓိက ဆင်သမနွယ် ကုန်ကြမ်း လိုအပ်ချက် ဖြစ်နေပါတယ် ။ ကူညီထောက်ပံ့ချင်သော မိတ်ဆွေများ ရန်ကုန် အောင်ဆန်းကားကြီးကွင်းသို့ ပေးပို့ လှူဒါန်းစေလိုပါတယ် ။ 

       သယ်ယူစရိတ် ကျခံရန် မလိုပါဘူး ခင်ဗျာ ၊ ဒီဖက်က ကျခံပေးပါ့မယ် ။ 

       နိုင်ငံရေး ဝမ်းသာစရာ သတင်းကတော့ ကုန်စျေးနှုံး ကစားနေကြတဲ့ ပုဂ္ဂိုလ်တွေကို စောင့်ကြည့် အရေးယူဖို့ စတက်နေပါပြီ ။ 

     ဆေးဝါးများအတွက် ဖြေလျှော့မှုတွေ ပေးနေပါတယ် ။ 

       အကောင့် မပိတ်ခင်က ရေးသားခဲ့သော အောက်ဆီဂျင် သုံးလုံး ဖြတ်ယူထားတဲ့ပြဿနာ ပြေလည်သွားပါပြီ ။ အစားပြန်ရပါပြီ ။ 

          စစ်ကိုင်းတိုင်း အတွင်း ဆူပူမှုများသည် မိုးရာသီဖြစ်၍ PDF များ ရပ်ရွာအတွင်း များပြားစွာ ပြန်ဝင်လာနေကြောင်း မြေပြင်သတင်းများ အဆက်မပျက် ရရှိနေပါတယ် ။ 

       ကာပေါင်းကျ ကျေးရွာကဲ့သို့ သူပုန်ရွာအား နှိမ်နင်းခြင်း မပြုသေးသည့် တန့်ဆည်မြို့နယ်၏ စီမံအုပ်ချုပ်မှုအပေါ် ပြည်သူအများအပြား စိတ်ပျက်နေဆဲ ဖြစ်နေကြပါတယ် ။ 

          တိကျပြတ်သားစွာ လုပ်တတ် ကိုင်တတ်သော တပ်မှူးများ အများအပြား ရှိနေပါတယ် ။ အလုပ်မဖြစ်တဲ့ တန်ဆည်အုပ်ချုပ်သူတွေကို ဖယ်ထုတ်ပြီး ပြင်းထန်ထိရောက်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူတို့၏ လုံခြုံရေးအား ဆောင်ရွက်ပေးချိန် တန်ရုံမက လွန်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။ 

        ကိုရွှေမျိုးဝင်း