Monday, August 2, 2021

အပြောင်းအလဲ နဲ့ လားရာ


        ယနေ့ ဗြောင်းဆန်နေတဲ့ အပြောင်းအလဲတွေ ကြားထဲက ကျနော် နှစ်သက်တဲ့ အချက်တွေကို ပြောချင်ပါတယ် ။ 

၁ ။ ရွေးကောက်ပွဲ သေချာပေါက် ကျင်းပပေးမည် ဟု ကတိပေး ။

(ထိမ်းရာမှ သိမ်းချင်လို့ ဟု စွတ်စွဲနေခြင်း အပေါ် ကျနော် ဆန့်ကျင်တဲ့အမြင် မှန်နေပါတယ် ၊ သိမ်းလိုက်လျှင် တပ်မတော်၏ သမိုင်းသည်ကား နောင် အနှစ် ၁၀၀ တိုင် အဖတ်ဆယ်လို့ ရမည် မဟုတ်တော့ ပါဘူး ၊ ရွေးကောက်ပွဲ လုပ်ကို လုပ်ရပါမည် ဟု ယုံကြည်ကာတယ်)  

၂ ။ ရည်မှန်းကာလအား အတိအကျ ပြောဆိုသွားတာ သဘောကျပါတယ် ။ 

(လူလိမ် နိုင်ငံရေး သမားတွေလို မဟုတ်ပဲ တပ်မတော်သားပီပီ ရှင်းလင်းပြတ်သားစွာ ပြောသွားတာကို ရည်ညွှန်းပါတယ်)

၃ ။ ပြောင်းလဲသင့်သည့် ပုဂ္ဂိုလ်များအား ပြောင်းလဲခန့်ထားခြင်း အပေါ် သဘောကျပါတယ် ၊ ပြန်ဝန် အပြောင်းအလဲ အပေါ် အလွန် သဘောကျပါတယ် ။ 

၄ ။ တိုးချဲ့ ဖွဲ့စည်းသော ဝန်ကြီးဌာနများ အတွက် လုပ်အားကောင်းလာဖို့ မျှော်လင့်မိပါတယ် ။ 

(ဖြီးဖြန်း လွဲချမယ့်အရေးမှ ကင်းလွတ်သွားပါပြီ)

၅ ။ အိမ်စောင့်အစိုးရ ဟု အမည်ပြောင်းခြင်း အပေါ် အလွန်သဘောကျပါတယ် ။ 

(1958-60 အား ရည်ညွှန်းသကဲ့သို့ မိမိအိမ်အားစောင့်ရှောက်သလို နိုင်ငံတော်အား နိုင်နင်းစွာ စောင့်ရှောက်တော့မယ်လို့ အချက်ပြခြင်း ဖြစ်ပါတယ် ၊ သဘောမပေါက်သူများ အတွက် အကုသိုလ် အလုံးအရင်း နဲ့ စုပြုံလာပါတော့မယ်)

၆ ။ အကြမ်းဖက် ဥပဒေအား တိုးချဲ့ ခြင်း ပြင်ဆင်သည့်ဥပဒေ ပြဌာန်းလိုက်ခြင်းအား လှိုက်လှဲစွာ ကြိုဆိုပါတယ် ။ 

(ဒါကို ပေါ့ပေါ့လေး မတွေးကြပါနဲ့ အကြမ်းဖက်နဲ့ ငြိစွမ်းတာနဲ့ မိသားစုဝင် စည်းစိမ်တွေပါ သိမ်းပိုက်ခြင်း ခံရပြီး ဥပဒေရဲ့ ပြင်းထန်တဲ့ ဆုံးမခြင်းကို ခံစားရပါလိမ့်မယ် အင်မတန် ပြင်းထန်ထိရောက်မယ့် ဥပဒေမို့ ရိုးသားအေးချမ်းစွာ နေလိုတဲ့ သာမန်ပြည်သူမို့  ကြိုက်နှစ်သက်ပါတယ်) 

        အခြား အပြောင်းအလဲ များအပေါ်လည်း နှစ်သက်ပါတယ် ။ ရပ်ကျေး အဆင့်တွေ အတွက်လည်း လှုပ်ခတ်မှုတွေ သက်ရောက်ပါလိမ့်မယ် ။ ပင်စည်ကို ခါထုတ်နေပြီ ဖြစ်လို့ အဖျားအနားက အပုပ် အပဲ့ တွေလည်း ကြွေကျကြပါလိမ့်မယ် ။ 

        ကျနော်တို့ ပြည်သူတွေအနေနဲ့ အိမ်စောင့်အစိုးရ ကြားနိုင်အောင် သတင်းမှန်တွေနဲ့ အဆက်မပျက် တင်ပြနေကြဖို့ပဲ လိုပါတယ် ။ 

      အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဝမ်းပန်းတသာ မျှော်မှန်းလျှက်

         မျိုးဝင်း



Related Posts:

  • " အမြင်မတူ၊ ဖြတ်သန်းပုံမတူ "                           မမျှော်လင့်ပဲ ကျောင်းဆရာတစိတ်တပိုင်းဖြစ်လာတော့     ဘမောင်အပါအဝင် မြန်မာတွေမတိုးတက်ရခြင်းအကြောင်း     သုတေသနလုပ်ဖြစ်သွားတယ်၊     ပုံကိုကြည့်ရင် ....     တခြားတဖက်ကဘာလို့ကွဲပြားနေရတာလဲဆိုတဲ့ အသိဝင်တာန… Read More
  • "ကြန့်ကြာနေသောစီမံကိန်းများကိုစတင်..."ဒီရက်ပိုင်းအချို့သောသူတွေကလိုင်းပေါ်မှာရုရှားကမြန်မာပြည်မှာနူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ပေးမယ်ဆိုပြီးသတင်းတွေတက်လာတာတွေ့နေရလို့.....အမှန်တစ်ကယ်ကဘရွှေကြီးလက် ထက်၂၀၀၇ကတည်းကရုရှားတို့နဲ့နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့စ… Read More
  • ပဒိုင်းသီး....သူ တစိမ်း ချစ်တယ်ဆိုတာဆွေမျိုး မုန်းသလောက်ဘဲ ရှိပါတယ်....ဘာသာမတူ လူမျိုးမတူ ယဥ်ကျေးမှုဓလေ့စရိုက်မတူကြတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်က သူတို့ လစာ နဲ့ သူတို့နိုင်ငံ အကျိုးကလွဲပြီးငါတို့လူမျိုးနဲ့ ငါတို့တိုင်းပြည်ကို ချစ်ပါ… Read More
  • အကယ်၍ ဤသို့ဖြစ်လာသော် (What if ?)ဒလန်ရှင်းလင်းရေးဟူသော ခေါင်းစဉ်နှင့် သတ်ဖြတ်နေခြင်းများကို မေးရမည်ဖြစ်သည်။ ဒလန်ရှင်းလင်းရာတွင် PDF များမှ အရပ်သားများကိုသတ်ဖြတ်ခြင်းသာမက ၎င်းတို့အချင်းချင်း ပြန်လည်သတ်ဖြတ်ခြင်းများလည်း ရှိလေသည်။ ယခုသေဆုံးခဲ့သောသူများထဲတွင် ဒလ… Read More
  • နိုင်ရင် စည်းစိမ်နဲ့အာဏာကို ငါတို့ယူမယ် ။ရှုံးရင်မင်းတို့အသက်တွေကို ပေးဆပ်လိုက် ။ဘာမှမရေရာသေးခင်မင်းတို့က မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်ငါတို့က လိုင်းပေါ်က လေနဲ့တိုက်ပွဲဝင်မယ် ။မင်းတို့ကလူသနားအောင် တောထဲမှာနေပြီး ဒုက္ခမျိုးစုံ ခံကြငါတို့ကလူကြားကောင်းအောင်အဲကွန်းခန်းထ… Read More