Thursday, September 2, 2021

မျှော်လင့်ချက်ကို မလိမ်ပါနဲ့


       မင်းကင်းနယ်မှာ PDF တွေ သောင်းကျန်းနေတာ ကြာပြီ ။ စိန်ပြေနပြေ လူသတ်ကြတယ် ၊ မီးရှို့ကြတယ် မြစ်ရိုးတလျှောက် ဆက်ကြေးတောင် ကောက်လိုက်သေးတယ် ။ 

       မထင်ရင် မထင်သလို ဖုန်းကအစ သိမ်းသေးသတဲ့ ။ PDF တွေ တန်ခိုးထွားချက် အံ့သြစရာ ။ တပ်က စစ်ကြောင်းလာရင် အားလုံး ထွက်ပြေးကြ မပြေးတဲ့သူ ဒလံ တဲ့ ။ 

     ကဲ ဘယ်မလဲ နစက ရဲ့ အာဏာစက် ။ ဒီလိုဖြစ်နေချိန်မှာ လွန်ခဲ့တဲ့ တပတ်က နစက ရဲ့ အားကိုးရတဲ့ ကစထ မှူးကြီး နဲ့ တိုင်းမှူးကြီး ရောက်လာပြီး မင်းကင်းမှာ တပ်ရင်းတရင်း ချထားမယ် မြစ်ကြောင်းမှာ ရေတပ်စစ်သဘော် တစီးလဲ ကင်းလှဲ့ပေးမယ်လို့ ကတိပေးသွားတယ် ။ 

      အဲဒါ ဒီနေ့အထိ ပေါ်မလာသေးပဲ ဝမ်းသာအားရ မျှော်လင့်နေသူတွေလည်း ခွေးပြေး ဝက်ပြေး ပြေးနေရဆဲ PDF တွေလည်း တန်ခိုးထွားနေဆဲ ပါပဲ ။ 

      ပြောချင်တာက လုပ်မပေးနိုင်ပဲ ကစထမှူးကြီး နဲ့ တိုင်းမှူးက ဘာလို့ မျှော်လင့်ချက် ပေးခဲ့တာလဲ ။ သူတို့အဆင့်ဆိုတာ ရောက်တုန်း ရောက်ခိုက် စားသောက်ကောင်းအောင် လျှောက်ပြောရမယ့် ကလေကချေ တွေ မဟုတ်ဖူးလေ ။ 

       ဒီနယ်မှာ အပြစ်မဲ့ပြည်သူတွေ သေနေကြတာ များလှပြီ ။ အခု တပ်မတော် ထိပ်ပိုင်းက ကစမှူးကြီး ကိုယ်တိုင်လာပြီး အားပေးစကားပြော လုံခြုံရေး အစီအမံတွေ ချပြသွားလို့ ကျေနပ်နေပါမှ တိုင်းမှူးက ဖိုးသင်းမျောက် လုပ်ပြသလား ၊ ကစထမှူး ကိုယ်တိုင် လိမ်ခဲ့သလားဆိုတာနော့ မသိနိုင်ဖူးလေ ။ 

     လောလောဆယ် မင်းကင်းကတော့ MP ကြီးကိုယ်တိုင် စိတ်တိုနေတဲ့ ပို့စ် တင်ရင်း တက်မတော်ရဲ့ ပုံရိပ်ကို စိတ်ပျက်နေလေရဲ့ ။ 

     ကိုယ့်ကတိကို တည်အောင် လုပ်ကြစမ်းပါဗျာ ၊ ကစထမှူး နဲ့ တိုင်းမှူးဆိုတာ တပ်မတော်ရဲ့ ကြီးမားတဲ့ ပုံရိပ်ဗျ ။ မလုပ်ပေးပဲ အာချောင်ရုံ သက်သက်ဆိုရင် ခင်ဗျားတို့များ တိုင်းပြည်ခေါင်ဆောင် တပ်ချုပ်ကြီးရာထူး ရခဲ့ရင်တော့ တပ်မတော်ရော တိုင်းပြည်ကော ငါးပါးမှောက်ရချည်ရဲ့ ။ 

     https://m.facebook.com/story.php?story_fbid=212215770957886&id=100065083940844

http://myochitnoteblog.blogspot.com/2021/09/false-hope.html

      ကိုရွှေမျိုးဝင်း

(လူဆိုတာ ကိုယ့်အရိပ်ခိုရတဲ့ နွားကိုတောင် တတ်နိုင်သလောက် ကာကွယ် စောင့်ရှောက်တတ်ရတယ် ဗျ ဒါမှ လူပီသတာ မဟုတ်ရင်........)
=====================