Friday, June 4, 2021

သားတို့ သမီးတို့ စာသင်ကျောင်းကိုအရောက်လာပါ

သားတို့ သမီးတို့ စာသင်ကျောင်းကိုအရောက်လာပါ -

( ကလေးတို့ရဲ့ဘဝကို  ပုံဖေါ်ပေးမယ့်အနာဂါတ်တွေ )

သားသား မီးမီးတို့ရဲ့ အရောင်စုံနေတဲ့ အသီးအပွင့်တွေကို

ဝေမျှပေးမယ့်နေရာဟာ * ဒီကျောင်းတော်ကြီးပေါ့ *

* ပညာရဲရင့်မှ ပွဲလည်တင့်ပါတယ်ဆိုတဲ့စကားဟာ * ရှေး

ရှေးက ပညာရှိသုခမိန်တို့ရဲ့ -

ဘယ်တော့မှ မမှားသောစကားပါကလေးရယ် -

( ပညာဆိုသည်မှာ ပါတီမရှိ အရောင်မရှိ အယူအစွဲမရှိ )

ဒီစကားကို သားသား မီးမီးတို့ နားမလည်ကြသေးပေမယ့်

အချိန်နဲ့ကာလတခုမှာ ( သွေးထွက်အောင်မှန်ပါလားလို့ )

ကလေးတို့တချိန်ချိန်မှာသိလာကြပါလိမ့်မယ် -

ပညာသင်ပါကလေးရယ် ၊ ကျောင်းတက်ရတာပျော်စရာ

လို့ တွေးပါကလေးရယ် ၊ မိဘတွေအမှောင်ကျခဲ့ရင်တောင်

စာသင်ခန်းထဲ အရောက်လှမ်းလို့ ( မိဘအရိုက်ခံလိုက်ပါ )

အမေဆိုတာအမွေမဟုတ်သလို ၊ အဖေဆိုတာလည်းအမွေ

မဟုတ်ပါဘူးသားသား မီးမီးတို့ ၊ တကယ့်အမွေစင်စစ်ဆို

တာ ၊ ငွေကြေး ၊ ဥစ္စာ ၊ ရာထူး ၊ ဒါတွေတခုမှမဟုတ်သလို

( အသိပညာ ၊ အတက်ပညာသည်သာ ) ရန်သူမျိုးငါးပါးရဲ့

ဘေးက လွန်မြောက်‌စေ ၊ လွတ်မြောက်‌စေသော တကယ့်

( အမွေအနှစ်စင်စစ်ပါ ကလေးတို့ရေ ) မိဘနှစ်ပါး ပါတီ

အရောင် အစွဲ မကင်းရင်နေပါ ( သားတို့သမီးတို့ ) စာသင်

ပါလို့ ( အနာဂါတ်ကိုမျှော်တွေးရင်း ) ပြောပါရစေနော် ။

      

သားတို့ သမီးတို့ရဲ့  -

      ဦးဦး  ဘဘ   ~ ခေတ်ဘုန်းခ ~ Khit Bone Kha.

https://www.facebook.com/100067221309488/posts/118684520382258/