Tuesday, June 8, 2021

ပညာရေးရထားကြီး ပျော်ပျော်စီးကြမယ်

#ပြီးခဲ့တဲ့အပတ်ထုတ် ဂျာနယ်ပါ
ကျွန်တော့် ဆောင်းပါးတစ်ပုဒ်။
အဖေဆုံးတာ ( ၃) နှစ်ပြည့်တဲ့အချိန်မှာ
ကျောင်းဖွင့်ချိန် တိုက်တိုက်ဆိုင်ဆိုင်မို့
ပညာရေး ကို အားပေးခဲ့တဲ့ အဖေ့ ကို
သတိရရင်း ရေးဖြစ်ခဲ့တဲ့ ပညာရေး
ဆောင်းပါးတစ်ပုဒ်ပါ။
#ပညာရေးရထားကြီး ပျော်ပျော်စီးကြမယ်

စာရေးသူတို့ငယ်ငယ်က ကျောင်းနေတော့
ကျောင်းစာသင်ခန်းတွေ မှာ ပညာလို အိုသည်
မရှိ၊ ပညာရဲရင့်ပွဲလယ်၊ပညာရွှေအိုး လူမခိုး၊
ပညာမြင့်မှ လူမျိုးတင့်မည် စတဲ့ ပညာရေး
စကားပုံ ဆိုးရိုးစကားဆိုင်းပုဒ်ဖတ်ရင်းကြီး
ပြင်လာခဲ့ကြတယ်။အလွန်ကောင်းမွန်ပြည့်စုံ
လှတဲ့ ဒီ ပညာ ​ရေး စကားပုံလေးတွေ ၊
ဆိုးရိုးစကားလေး တွေ ဖတ်ရင်း နဲ့ ပဲ အတန်း
တွေ အဆင့်ဆင့် ကျော်ဖြတ်ကာ နောက်ဆုံး
တော့ သမိုင်း နဲ့ ကျောင်းပြီးရင်း ဘွဲ့ယူနိုင်ခဲ့
တယ်။ဥစ္စာဟူသည် မျက်လှည့်မျိုး ၊ ပညာ
ဟူသည် မြတ်ရွှေအိုး ဆိုတဲ့ ဆိုးရိုးစကား
လေးကြောင့်လည်း ပညာကို လို ချင်လွန်း လို့
စာရေးသူ ငယ်ငယ် က စာကို
အလွန်အမင်း ကြိုးစားခဲ့ တယ်။ကိုယ့်နေတဲ့
တောရွာလေးမှာ စာရေးသူဟာ နှစ်စဥ်ဆုတွေ
ရခဲ့သလို ထူးချွန်တဲ့ ကျောင်းသားထဲ မှာ
အမြဲပါခဲ့တော့ မိဘတွေ ဆရာ ဆရာမ တွေ
ချီးကျူးခြင်းခံခဲ့ရတာတွေ ကို အခုလို
ကျောင်းအပ်ချိန် နဲ့ ကျောင်းဖွင့်ရာသီ
ရောက်လာတော့ ပြန်ပြောင်း အောက်မေ့
သတိရစရာ ဖြစ်လာတယ်။

စာရေးသူဖခင် က တပ်မတော် သား သာမာန်အခြားအဆင့်စစ်သည် အငြိမ်းစား တစ်ယောက် ဖြစ်တဲ့အပြင် တပ်က ထွက်တော့ ကရင်ပြည်နယ်
ထဲ က မော်ဖိုးကေ စခန်း တိုက်ပွဲ မှာ ရခဲ့တဲ့
ဒဏ်ရာကြောင့် ခြေတစ်ဖက် မစွမ်းမသန် နဲ့ အငြိမ်းစားယူခဲ့ရတာ မို့ စာရေးသူတို့ ညီအကို ( ၃)ယောက် နဲ့ အမ ဖြစ်သူ ကို အမြဲဆိုဆုံးမလေ့
ရှိတဲ့ စကားတစ်ခု က " သားတို့ရေ အဖေ
တို့လည်း မချမ်းသာလို့  အဖေနဲ့
အမေ က တော့ သားတို့ကို ဘာ ပစ္စည်း ဥစ္စာ မှ အမွေမပေးနိုင်ဘူးနော် ။သားတို့ကို
ပညာတော့ ဆုံးခန်းတိုင်သင်ပေးမယ်။
ပညာသည်သာ မပျောက်ပျက်တက်တဲ့
အမွေ။တန်ဖိုးမဖြတ်နိုင်တဲ့ အမွေ မို့ သား
တို့ သမီးတို့ တွေ စာကြိုးစားကြပါ " တဲ့။

ဒါက အဖေ မကြာခဏ ဆုံးမနေကြစကား
ဖြစ်သလို အဖေကတော့ သူ့ရဲ့ အငြိမ်းစား
လစာလေး နဲ့ အိမ်ဆိုင်းလေးတည်ကာ
ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲ က
ကျေးရွာလေး တစ်ရွာမှာ နေထိုင်ရင်းကြီးပြင်း
ခဲ့ကြတယ်။မူလတန်းပြီးတော့ အခြားရွာ
နား က ကျောင်းမှာ အလယ်တန်း ပညာကို
ချောင်းကူပြီး သွားသင်ရတယ်။အထက်တန်း
ကို ရောက်ပြန်တော့ လည်း သံလွင်မြစ်ကြီး
ကူပြီး အခြားရွာမှာ အထက်တန်းပညာကို
အဆင့်ဆင်သင်ယူခဲ့ရတယ်။ဒီလိုမျိုး
ပညာကို ခက်ခက်ခဲခဲ နဲ့ အပတ်တကုတ် ကြိုးစားသင်ယူခဲ့တဲ့  အကျိုးကျေးဇူးကြောင့်
ကျွန်တော့်တို့ ညီအကို နှစ်ယောက် တပ်မတော် မှာ လက်ရှိအရာရှိ နဲ့ တာဝန်ထမ်းဆောင်နေကြရသလို ကျန် အမ နဲ့ ညီလေး တစ်ယောက် ကလည်း
သူတို့ တက်တဲ့ ပညာလေး တွေ နဲ့
အသက်မွေးဝမ်းကျောင်းပြုရင်း နိုင်ငံ့အကျိုး
သယ်ပိုးထမ်းရွက်လျက်ရှိပါတယ်။အမေက
တော့ အသက်ရှိထင်ရှား ရှိနေသေးပေမယ့်
အဖေ ကတော့ လွန်ခဲ့တဲ့ ( ၃) နှစ် က ဆုံးသွား
ခဲ့ပါပြီး။

အဖေ ဟာ
သူ့သားနှစ်ယောက် တပ်မတော် မှာ အရာရှိ
ဖြစ်သွားတာ မြင်ခွင့်ရသွားခဲ့သလို ကျန်သမီး နဲ့
သားကို လည်း သူခြေထောက် ပေါ်သူရပ်
တည်နိုင်အောင် ပညာသင်ကြားပေးနိုင်ခဲ့တာမို့
အဖေ ဟာ ချမ်းချမ်းသာသာ မနေသွားနိုင်
ခဲ့ပေမယ့် သူစိတ်အေးချမ်းစွာ နဲ့ လောက
ကြီး ကို သူစွန့်ခွာနိုင်ပြီးဖြစ်ကြောင်း နဲ့
ဒီလို နောက်ကြောင်း အေးခဲ့ရခြင်းဟာလည်း
သူ့ သားသမီးတွေ ကို ပညာအမွေပေးခဲ့လို့
ဖြစ်ကြောင်း အဖေမသေခင် က မကြာခဏ
ထုတ်ပြောလေ့ရှိပါတယ်။ဒါဟာ မိဘတိုင်း
က ရင်ထဲ မှာ ထားရှိကြတဲ့ သားသမီးတွေ
ပညာရေး နဲ့ ပတ်သက်ပြီး သူတို့ရဲ့ မှန်ကန်
တဲ့ စေတနာများပဲ မဟုတ်ပါလား။

ယခုတော့ ငယ်ငယ်ကျောင်းသားဘဝက
အတိတ်ကို သတိရမိခြင်းနဲ့အတူ
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုကျောင်းတွေ
ပြန်ဖွင့်တော့ မှာ မို့ ဒီကာလ ဟာ
ကျောင်းအပ်နှံရေးကာလ လည်း ဖြစ်နေတယ်။
ယနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ
တွေ ကြောင့် မသမာသူများဟာ နိုင်ငံကို
ပျက်စီးစေရန် ရည်ရွယ်ပြီး ပုံစံ မျိုးစုံ ၊
နည်းလမ်းမျိုးစုံ နဲ့ အဖျက်အမှောင့် လုပ်
တိုက်ခိုက်လျက်ရှိရာ ကျောင်းတွေမဖွင့်လှစ်
နိုင်ရေး နဲ့ ကလေးတွေကျောင်းမတက်နိုင်
ရေး တို့ကို ပါ ပစ်မှတ်ထားလုပ်ဆောင်လာ
လျက်ရှိသည်ကို တွေ့ရသည်မှာ လွန်စွာ
စိတ်မကောင်းဖြစ်ရပါတယ်။ပညာရေးဆိုတာ
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ လူသားအရင်းအမြစ်
တွေကို ပြုစု ပျိုးထောင်ရာ ဥယျဥ်ကြီးတစ်ခု
လိုပါပဲ။နိုင်ငံတော် အနာဂတ်အတွက် အသိပညာရှင် ၊ အတက်ပညာရှင်မျိုးစုံ ကို
လည်း စာသင်ကျောင်းတွေ တက္ကသိုလ် တွေ
ကပဲ မွေးထုတ်ပေးကြတာ ဖြစ်လို့ ကျောင်းတွေ
မဖွင့်နိုင်အောင် အဖျက်အမှောင့်တွေ လုပ်
နေကြသူတွေ ၊ မိဘတွေက
ကျောင်းမအပ်နှံနိုင်အောင် ဆော်သြလှုပ်ဆော်
နေကြသူတွေ နဲ့  ကျွန်ပညာရေး စနစ် ဆိုပြီးကလေးတွေ ကျောင်းမသွား
နိုင်အောင် ဖျက်လို ဖျက်ဆီးလုပ်နေကြသူ
တွေဟာ အလွန် ဆိုးဝါးတဲ့ လုပ်ရပ်ဖြစ်လို့
ယခုအခါ ဒီလို လုပ်ကြတဲ့ သူတွေ ကို တာလီဘန်
လို လူတွေ လို့ ခိုင်းနှိုင်းပြောဆိုလာကြပါတယ်။
ဒါဟာ မြန်မာ့ သမိုင်း မှာ တော့ အရုပ်ဆိုး
ဆုံးလုပ်ရပ် ဖြစ်ပြီး မြန်မာ့ ယဥ်ကျေးမှု နဲ့
လူ့ ယဥ်ကျေးမှု က  လုံးဝ လက်ခံလို့ မရတဲ့
လုပ်ရပ်လည်း ဖြစ်ပါတယ်။

အခု ဖြစ်နေတာ က မိဘ တွေ ဟာ ကလေး
တွေ ကို ကျွန်ပညာရေး စနစ်ဆိုတဲ့ ဝါဒမှိုင်း
ကြောင့် ကျောင်းသွားမအပ်တာမဟုတ်ဘဲ
ကျောင်းတွေ ကို ဗုံးခွဲ ဖျက်ဆီးမယ်​ ဆိုတဲ့
ခြိမ်းခြောက်မှု တွေ ကြောင့် ကျောင်းသွား
မအပ်ရဲဖြစ်နေရတာက အများစုပါ။ သို့သော် လုံခြုံရေး အစီအမံ တွေ စနစ်တကျချမှတ်ပြီး ဆောင်ရွက်မယ်လို့ နစကအစိုးရ က ကြေငြာလုပ်ဆောင်ပေးလျက်ရှိသဖြင့် ယခု အခါကျောင်းလာအပ်ကြသူတွေ တဖြည်းဖြည်းများပြားလာပါတယ်။ကျောင်းအပ်နှံနေ့ နှစ်ရက် အတွင်းရခိုင်မှာ ကျောင်းလာအပ်ကြတဲ့ ကျောင်းသား ၅၀၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းလာအပ်ကြတဲ့ ကလေး ငယ် ၃ သန်း ကျော်ရှိပြီးဟု သိရှိရပါတယ်။

ဒီအရေအတွက် ဟာ ကျောင်းမအပ်စေရေး
ဆော်သြကြနေကြတဲ့ အဖျက်သမားတွေအတွက်
တော့ မနာလိုစရာ ဖြစ်မိမှာ သေချာပါတယ်။
ဒါပေမယ့် ဘယ်မိဘ မဆို ကိုယ့်သားသမီး
တွေကိုစာတက်ချင်ကြတယ်။ပညာ တက်ဖြစ်စေ
ချင်ကြတဲ့ စေတနာ ကို အဖျက်သမားတွေက
မတားဆီနိုင်ခဲ့ဘူး ဆိုတာ ဒီကိန်းဂဏန်းတွေ
က သက်သေပြနေပါတယ်။စာရေးသူကိုယ်
တိုင်လည်း စာရေးသူ မိဘတွေ က သားသမီး
တွေအပေါ် ပညာတက်ဖြစ်စေချင်ကြတဲ့
စေတနာ နဲ့ ဘယ်လောက်အထိ ပြင်းပြစွာ
မြေထောင် မြှောင့်ပေးခဲ့သလဲ ဆိုတာ ကို
အထက်မှာ ကိုယ်တွေ့ နဲ့ ရှင်းပြခဲ့ပြီး လည်း
ဖြစ်ပါတယ်။

( ၂၀-၅-၂၀၂၁) ရက်နေ့ က ဘန်ကောက်အခြေ
စိုက် UNESCO/ UNICEF/Save the Children
အဖွဲဲ့ ( ၃) ခု ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ
မြန်မာနိုင်ငံ တွင်ရှိတဲ့ ကလေးသူငယ် /သူငယ်
များ ၁၂ သန်း ကျော် ဟာ
ပုံမှန်ပညာသင်ယူလေ့လာမှု အစီအစဥ် များ
  အား လက်လှမ်းမမီခဲ့သည်မှာ တစ်နှစ်ကျော်
  ကြာမြင့်ပြီး ဖြစ်ကြောင်း နဲ့ ၄င်းတို့ အားလုံးရဲ့
  ပညာရေး ၊ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု၊
  စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု နဲ့ အနာဂတ်အခွင့်
  အလမ်းများအပေါ် သက်ရောက်မယ့်
  အကျိုးဆက် ဟာ အလွန်ကြီးမားပြီး ထပ်မံ
  မြင့်တက်လာနိုင်ကြောင်း စိုးရိမ်တကြီး
  ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒီကြေငြာချက် ရဲ့ သဘောတော့ ရှင်းပါ
တယ်။ကိုဗစ်ကြောင့် ကျောင်းတွေ တစ်နှစ်
ကျော်ကြာပိတ်ထားလိုက်ရလို့ အနာဂတ်မှာ
ဒီအကျိုးဆက် ရဲ့ ဆိုးဝါးမှု ဒဏ်ကို ခံရနိုင်
ကြောင်းသတိပေးတာပါ။ဒါကို ကြိုသိနေတဲ့
နစက အစိုးရ ဟာ ပညာရေး အစီအမံတွေ
ကို စနစ်တကျရေးဆွဲပြီး ကျောင်းများဖွင့်
လှစ်နိုင်ရေး အပူတပြင်း လုပ်ဆောင်လျက်
ရှိပါတယ်။မိဘပြည်သူတွေ က လည်း ကိုယ့်
သားသမီး တွေ အနာဂတ် အတွက် ပူးပေါင်း
ဆောင်ရွက်ကြဖို့ လိုသလို ပူးပေါင်းဆောင်
ရွက်မှု ရှိလာတဲ့ အတွက်လည်း ဝမ်းသာမိ
ပါတယ်။

နောက်ထပ် ဝမ်းသာစရာ ကောင်းတဲ့ သတင်း
က ယခုအခါ ပညာရေးဝန်ထမ်း ဆရာ/ဆရာမ များသည်လည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာကြပြီး ကျောင်းသား ကျောင်းသူ များကိုနေ့စဥ် လက်ခံပေးလျက်ရှိသလို လုံခြုံရေး
ဝန်ထမ်းများကလည်း ကျောင်းလုံခြုံရေးကို
နေ့ ည မပြတ် စောင့်ကြပ်ပေးလျက်ရှိပါတယ်။
ဒါကြောင့် ပညာရေးဆိုးရိုးစကား တစ်ခုလို
"မိဘဆရာပူးပေါင်းကလေးပညာကောင်း"
ဆိုတဲ့ အတိုင်း မိဘတွေက ကျောင်းအပ်နှံပေးကြမယ်။ဆရာ/ဆရာမ တွေ ကတော့ ကလေး တွေကိုကျောင်းအပ်လက်ခံ ဖို့ နဲ့ ပညာသင်ကြားပေးဖို့
အသင့် ဖြစ်နေတာမို့ အထူးပြောစရာ ကို မလို
တော့ပါဘူး။ဒါကြောင့် ကိုယ့်သားသမီးတွေကို
တန်ဖိုး မဖြတ်နိုင်တဲ့ ပညာအမွေ ပေးနိုင်ရေး
အတွက် ဘေးစကား များကို မယုံကြဘဲ
သားသမီးနောင်ရေးကို အရှည်တွေးပြီး
ကျောင်းအပ်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးပြောချင်တာက လောက ကြီး
ဟာ အချိန်တွေ ရဲ့ ပြောင်းလဲမှု နဲ့ အတူ
လိုက်ပါစီးမျော ပြောင်းလဲ လျက်ရှိပါတယ်။
ရာသီဥတု နဲ့ အချိန် ကို တားဆီးလို့မရသလို
ပညာရေး အချိန်ဇယား ကြီးကလည်း ရပ်တန့်ထား လို့ မရပါဘူး။ကိုဗစ် ကြောင့် တစ်နှစ်
ရပ်တန့်ခဲ့ရလို့ တိုင်းပြည်ရော ကလေးသူငယ်
များ ပါ နစ်နာ ခဲ့ရပြီးပါပြီ။ဒါကြောင့် ကျောင်းသားမိဘ များ အနေဖြင့်
အဖျက်သမားတွေ ရဲ့ ဘေးစကား ကို ဖယ်ရှား
ကာ ကိုယ့်သားသမီးတွေ ရဲ့ ပညာရေး အတွက်
ကျောင်းအပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒီအချိန်မှာ ကျောင်းအပ်နှံပေးကြတဲ့ မိဘတွေ
ဆိုတာ မဟောသဓာ ဇာတ်တော် သားတရား
စီရင်ခန်း မိခင်ရင်း နဲ့ တူပြီး အဖျက်သမား
စကားတွေ ကို ယုံပြီး ကျောင်းမအပ်နှံကြတဲ့
မိဘတွေ ကတော့ ဘီးလူးမတူပါတယ်။
ပညာရေး ရထား ကြီး က တော့ ပုံမှန်အတိုင်း
ခရီးဆက်ထွက်သွားမှာဖြစ်လို့ ပျော်ပျော်ကြီး
စီးကြပါလို့ ပြောချင်ပါတယ်။ကိုယ့်သားသမီး
မပါဘဲ ကျန်ခဲ့ရင်တော့ ကိုယ်ပဲ တစ်ချိန် နောင်တရမယ်ဆိုတာ နားလည် သဘောပေါက်
စေချင်ပါတယ်။

အောင်နိုင်သူ ( ဇွဲကပင်)