Wednesday, July 7, 2021

🍄 မေးပုံကိုက.... Can Biden slow China's becoming ...... ? တဲ့


အမေးမှာထဲ ကအဖြေပါသွားပြီ
တချိန်ချိန်မှာ အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေး
နံပါတ် (၁) ကိုစွန့်လွှတ်ရမှာကို လက်ခံထားတဲ့သဘော၊

တရုတ်တွေ နံပါတ် (၁) ဖြစ်လာရေးမှာ
ဘိုင်ဒင်အနေနဲ့ နှေးကွေးအောင်လုပ်နိုင်ပါ့ မလား ?
.... ဆိုပြီးမေးထားတာ၊
နံပါတ် (၁) မဖြစ်အောင် တားနိုင်ပါ့မလားလို့
မေးထားတာ မဟုတ်ဘူး၊

.................

💥  သံသယရှိစရာတွေရှိထားတယ်

ဘိုင်ဒင်အနေနဲ့ တရုတ်ကို ဘယ်လိုပဲ
" ချလိုက်မယ် " " ထုလိုက်မယ် " ... လို့
ကြွေးကြော်နေပါစေ၊ ဘိုင်ဒင့်သားနဲ့ တရုတ် အဆက်အစပ်ကို
မေ့ထားလို့မရသလို....
ထရမ့်နဲ့ ဘိုင်ဒင် ရွေးကောက်ပွဲတုန်းကလဲ
ရုရှားက ထရမ့်ဖက်၊ တရုတ်က ဘိုင်ဒင့်ဖက်က
ထောက်ပံ့သွားတာတွေကို မေ့ထားလို့မရဘူး၊

ဘိုင်ဒင်သမ္မတဖြစ်လာတော့
တရုတ်နဲ့ပဲ ထိတ်တိုက်တွေ့တော့မလို ဖြစ်ခဲ့သေးတယ်
နောက်တော့လဲ ဂျင်းရေထဲမျောသွားတော့တာပဲ
ဘိုင်ဒင့်အနေနဲ့ အဲ့သလိုမလှုပ်ပြရင်လဲ
တရုတ်နဲ့ပေးစားခံရတော့မှာဆ်ုတော့...
အကယ်ဒမီရှော့လေးတော့ လုပ်ပြမှတော်ကာကျမယ်လေ၊

................

💥  အနှေးနဲ့အမြန်ပါ....

IMF, WB အပါအဝင် အဖွဲ့ကြီး (၇-၈) ခုလောက်ရဲ့
ခန့်မှန်းချက်တွေကို လေ့လာရာမှာ....
ကာလမတူပေမဲ့ တရုတ်ကို အမေရိကန်မပြောနဲ့
ကမ္ဘာကြီးကတောင် မထိမ်းနိုင်တော့တဲ့ သဘောတွေ့ရတယ်၊

အများစုက (2025-2026) အတွင်းမှာ
အမေရိကန်ကို တရုတ်ကကျော်မယ်လို့ သုံးသပ်တယ်
Bloomberg ကတော့ 2031 မှာလို့ခန့်မှန်းတယ်၊
GDP ( PPP ) အရ 2020 မှာကျော်သွားပြီ၊
အချို့ ညွှန်းကိန်းတွေတော့ကျန်သေးတယ်၊
လောလောဆယ် ကိုဗစ်က တရုတ်ကျော်တက်ဖို့
အခွင့်အလမ်းကောင်းကြီး တခုဖြစ်လာတယ်၊

ဒါကြောင့်
မြန်မာအပေါ် အမေရိကန်ခြေရှုပ်မှုကို 
(၅) နှစ်လောက်တောင့်ခံပါလို့ရေးခဲ့တာပါ
တကယ်ဆိုရင် (၃) နှစ်လောက်ဆို လုံလောက်ပါတယ်၊

.......................

💥   á€Ąá€›á€„á€şá€á€Żá€”á€şá€¸á€€á€œá€­á€Ż သူဌေးမဟုတ်တော့ဘူး

အမေရိကန်ခေတ် စပြီးအရောင်မှိန်တာ ဆယ်စုနှစ်တခုလောက်
ရှိသွားပြီ၊ တရုတ်ကို တားမရတော့ဘူးလို့ လက်ခံသွားရင်
မြန်မာ နိုင်ငံကိုနှောက်ယှက်နေတာတွေလဲ လျော့သွားလိမ့်မယ်၊

BRI ကိုပြိုင်ဘို့ အမေရိကန်က G-7 ကိုစစ်ကူခေါ်တာ
အာဖဂန်က တပ်ရုပ်သိမ်းတာတွေဟာ... အမေရိကန်ခေတ်
နိဂုံးပိုင်းဆိုတဲ့လက္ခဏာတွေလို့ မှတ်ယူလို့ရပါတယ်၊

(  ဒီနေရာမှာ.... နိုင်ငံတခု ကျဆင်းသွားရခြင်းရဲ့
    အကြောင်းရင်း၊ ဥပမာ- အမေရိကန်၊ အင်္ဂလိပ်၊
   á€”ိုင်ငလတခု တိုးတက်လာရခြင်းရဲ့ အကြောင်းရင်း..
   á€Ľá€•မဏ- တရုတ်၊ ရုရှား၊
   á€”ိုင်ငလတခု တောင့်ခံနိုင်ရခြင်းရဲ့အကြောင်းရင်း
   á€Ľá€•မဏ- ဂျာမဏီ၊ ဆွစ္စ တွေဟာ အတော်စိတ်ဝင်စားစရာ
   á€€á€ąá€Źá€„á€şá€¸á€œá€žá€•á€Ťá€á€šá€şáŠ  အချိန်ရရင် နောက်မျိုးဆက်တွေ
   á€Ąá€á€˝á€€á€ş ရေးပေးခဲ့ပါ့မယ်၊ အကြမ်းအားဖြင့်
   Politicaleconomy ပါ )

..................

💥  တရုတ်တွေစဉ်းချက်

တရုတ်တွေကိုကြည့်ရင်
သာမန်ပြည်သူတွေ ဒိလောက်မဟုတ်ဘူး၊
ဒါပေမဲ့ ထူးချွန်သူတွေ ထွက်လာတယ်၊ အထူးသဖြင့်
ရှီနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ သိပ်တော်တာတွေ့ရတယ်၊
အဓိက က vision ကိုဖြန့်ကျက်ပြီး၊ ဘာတွေနဲ့
ရင်ဆိုင်ရမလဲလို့ ကြိုတင်စဉ်းစားချက်က
အမေရိကန်တွေနဲ့မတူတော့ဘူး၊ လက်တွေ့ကျလာတာ
တွေ့ရတယ်၊ တိန့်ရှောက်ဖိန် သဘောတရားကို
အတော်လေး လက်ခံထားပုံပဲ၊

ကမ္ဘာအပေါ်ဖြန့်ကျက်ထားတဲ့ ဗျူဟာ
အနောက်အုပ်စု၊ အရှေ့အုပ်စု၊ အရှေ့အလယ်ပိုင်း
ပေါ်လစီတွေ အတော်လက်တွေ့ကျတာ တွေ့ရတယ်၊

( ဒီအပိုင်းကိုလဲ တချိန် ရေးပါဦးမယ် )
တကြောင်းထဲ ပုံဖေါ်ရရင်....
China has been shifted from Political ideology to
Realism. လို့ပဲ ဆိုရလိမ့်မယ်။

................

💥   á€€á€™á€šá€˜á€Źá€€á€źá€Žá€¸á€”ဲအ ပါရဒိုင်းသစ်

PhD အတွက် ဘာအကြောင်းရေးရင်
ကောင်းမလဲလို့စဉ်းစားတုန်းက.... ရေးချင်တဲ့ ခေါင်းစဉ်
(၆-၇) ခုလောက်ထွက်လာတယ်၊ စိတ်ဝင်စားစရာတွေချည့်ပါ၊
နောက်ဆုံးဆရာနဲ့တိုင်ပင်ပြီး ကမ္ဘာ့အနာဂါတ်မှာ
ဖြစ်လာနှိုင်တဲ့ Paradigm အသစ်ဘယ်လိုရှိမလဲဆိုတာကို
ရေးဖို့ဆုံးဖြတ်တော့.... " မေးစရာများပြီး အန္တရာယ်ရှိတယ်"
... လို့ဆရာကမှတ်ချက်ပေးတယ်၊
ဒါပေမဲ့ ရေးဖြစ်သွားခဲ့ပါတယ်၊

ဒီနေ့  New worder order ဆိုတာ New paradigm  ပါပဲ၊
အိန္ဒိယနဲ့ တရုတ် ဟာ တချိန်တုန်းက မတိမ်းမယိမ်းပါ
နိုင်ငံကို ဘယ်ပုံစံနဲ့ ချီတက်ကြမလဲ ဆိုတဲ့ ခေါင်းဆောင်တွေရဲ့
အယူအဆမှာ ကွာသွားကြတာနဲ့ တရုတ်က အိန္ဒိယထက်
အများကြီး ကွာသွားတာပဲဖြစ်ပါတယ်၊

ဒီနေရာမှာသိပ်ထူးဆန်းတာတခုရှိနေတယ်
အိန္ဒိယက Inspiration, တရုတ်က Perspiration ဆိုပြီး
အဓိကဆန့်ကျင်ဘက် (၂) နည်းနဲ့ အစချီကြတယ်၊
Inspiration က ဥယဏ၊ ပညာအခြေခံ၊
Perspiration က ကြွက်သား၊ ချွေး အခြေခံ၊
ယျေဘူယျ သိထားကြတာက......
ပညာအခြေခံရင် တိုးတက်လိမ့်မယ်လို့ တရားသေ
တွက်ထားမှု မှားယွင်းသွားတာပဲ၊

တရုတ်က နောက်ပိုင်းမှ Inspiration ကို သူ့အဆင့်သူ
ချိန်ကိုက်ပြောင်းသွားခဲ့ပါတယ်၊

( ဒါကြောင့် တခါတလေ... ရှေ့မှာ စာစကားသက်သက်
   á€žá€Žá€Ąá€­á€Żá€›á€Žá€žá€€á€şá€žá€€á€ş လာပြောရင် ပြုံးမိနေရပါတယ်၊
   á€žá€˜á€ąá€Źá€á€›á€Źá€¸ မပါရင် အန္တရာယ်ရှိတာသိနေလို့ပါ )

................

💥   á€á€›á€Żá€á€şá€á€€á€şá€›á€„် သတိပိုထားပါ

တရုတ်ကိုထိမ်းဖို့ အမေရိကန်က မြန်မာ့မြေကို
အသုံးပြုတယ်၊ အမေရိကန်အလွန်မှာ တရုတ်ခေတ်
ဖြစ်လာမယ်၊ တရုတ်က အိမ်နီးချင်းဖြစ်သွားပြီ
ဘာမြေကြီးမှ ထပ်ရှာစရာမလိုတော့တဲ့အပြင်
မြောက်ပိုင်း အဖွဲ့တွေတောင် ရှိထားပြီးပြီ၊

ကိုယ်ဖက်က ဘယ်လို ဗျူဟာနဲ့သွားမလဲ ?
တရုတ်ခေတ်ပြီးရင် 2060 ကာလလွန်မှာ
အိန္ဒိယခေတ် ဖြစ်လာလိမ့်ဦးမယ်၊ Geograpghy အရတော့
မတူတာလေးတွေရှိသပေါ့၊

တူတာကတော့ အင်အားအလွန်အကျွံကွာခြားမှုပဲ၊

အင်းလေ....
2060 ကျရင် ဘမောင်တို့လဲ
လူ့လောကကြီးထဲမှာ ရှိတော့မှာ မဟုတ်ပါဘူး။

#နေဇင်လတ်  ( 7.7.21 ) 🍄

Related Posts: