Wednesday, July 7, 2021

🐞 ယူတတ်ရင် သင်္ခန်းစာ


9-11 ကိစ္စနဲ့ ဘင်လာဒင်ခိုအောင်းတယ်ဆိုပြီး
အာဖဂန်ကို အမေရိကန်က စစ်ဆင်ရေးစခဲ့တယ်၊
2001 ကထဲက စခဲ့ပြီး 2021 ဆိုတော့
နှစ် (၂၀) ကြာခဲ့ပြီ၊

အခု....
အာဖဂန်က အမေရိကန်တပ်တွေ ရုတ်သိမ်းလိုက်တာနဲ့
တာလီဘန်တွေ တဟုန်ထိုးအားကောင်းလာပြီး
မြို့တွေကို သိမ်းလိုက်တာမှာ အာဖဂန်အစိုးရတပ်တွေ
အုံနဲ့ကျင်းနဲ့ လက်နက်ချလာကြတာကိုတွေ့ရတယ်၊
မျှော်လင့်ထားတာထက်ပိုမြန်ဆန်နေတယ်လို့လဲ
သုံးသပ်ကြတယ်၊

ဒုတိယပုံကိုကြည့်ရင်
တာလီဘန်တွေထိမ်းချုပ်နိုင်တဲ့ ဧရိယာက
ပိုများနေတာတွေ့ရလိမ့်မယ်၊
ပန်းရောင်နေရာက တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေပါ၊
နောက် (၂-၃) နှစ်လောက်အတွင်း အာဖဂန်မှာ
အခင်းအကျင်းသစ်တခု တွေ့လာရဖို့ရှိလာပါပြီ၊

.....................

လက်နက်ကိုင်တွေ များပြားတဲ့
မြန်မာနိုင်ငံအနေနဲ့လဲ အနာဂါတ်အတွက်
အနာဂါတ်မျိုးဆက်တွေအတွက် စဉ်းချက်
ကောင်းကောင်းရှိသင့်ပါတယ်၊
အားလုံးဟာ ဘယ်လိုတွေပဲ အကြောင်းပြပြ
အကျိုးစီးပွားအခြေခံကြတာချည့်ပါ
အားလုံးရဲ့အကျိုးစီးပွားအပေါ်အခြေခံနိုင်မဲ့
blueprint တခုကောင်းကောင်းရှိကြရပါလိမ့်မယ်၊

.................

အာဖဂန်ဟာ
အမေရိကန်-ဆိုဗီယက်ခေတ်ထဲက အားစမ်းရာ
နယ်မြေတခုဖြစ်ခဲ့တာပါ၊ ဆိုဗီယက်- အာဖဂန်
စစ်ဖြစ်တော့ " Enemy of the enemy is my friend "
ဆိုတဲ့ ဗျူဟာနဲ့ အမေရိကန်ကဝင်ကူခဲ့တယ်
ဆိုဗီယက်တွေ စစ်ရှုံးတယ်၊

2001 အာဖဂန်ကို အမေရိကန်ကတိုက်တော့
ရုရှားက ဆန့်ကျင်ဖက်က ဝင်ကူတယ်၊
မအောင်မြင်ပြန်ဘူး၊ ဆိုဗီယက်ပြိုကွဲပြီး ရုရှားအဖြစ်
ကျန်နေချိန် အစပိုင်းဆိုတော့ အခုလို အင်အားမရှိသေးတာ
ပါလိမ့်မယ်၊

....................

စစ်စရိတ်ဆိုတာ အလွန်ကြီးတယ်
အမေရိကန်တွေ ဩဇာလျော့သွားတာ ဒီမြင်ကွင်းက
သက်သေတခုပဲ၊ "ချမ်းသာမှုနဲ့ ဩဇာ " ဆိုတာ
ဖွားဖက်တော်တွေပါ၊

အမေရိကန်တွေ စီးပွားမကောင်းလေတော့
စစ်စရိတ်ကိုလျော့ချရပါတော့တယ်၊ အာဖဂန်ကို
Less priority ထားလေတော့၊ အဲ့ဒီက စစ်စရိတ်ကို
လျော့လိုက်တာဖြစ်တယ်၊

( အမေရိကန်ဩဇာကြီးပုံနဲ့ ဆိုဗီယက်ဩဇာကြီးပုံ
   á€•ုလစလမတူကဟတဏ သတိထားမိကြပါလိမ့်မယ် )

.....................

အာဖဂန်မှာ ရုရှားက နောက်ကွယ်ကနေ
ထောက်ပံ့နေမှာ ဗေဒင်မေးစရာမလိုပါဘူး၊
အမေရိကန်တွေ တပ်ရုပ်သွားပြီဆိုတော့
လေဟာနယ်တခု ဖြစ်သွားပါပြီ၊
ဘယ်သူဝင်ဖြည့်မလဲ ?

တာလီဘန်ကို လေဟာနယ်ဖြည့်ဖို့ မျက်ကွယ်ပြု
ကြမလား ? သိပ်ခက်မဲ့ အရာလို့မြင်တယ်၊

Covid နဲ့ နဘန်းသတ်နေရတဲ့ကာလမို့
အခြားဘယ်နိုင်ငံကမှလဲ လက်လှိုမယ်မထင်ဘူး

..................

တရုတ်က
စစ်ရေး၊ နိုင်ငံရေးအကြောင်း လုံးဝမပြောပဲ
အာဖဂန်မှာ BRI ဝင်ဖို့ စိုင်းပြင်းနေပါပြီ၊
prompt action တခုလို့ပြောလို့ရတယ်၊ နဂိုထဲက
ကြိုတင်စဉ်းစားထားပုံရတယ်၊

................

ဖြစ်ရပ်တွေကို
ဖြန့ကျက်ပြီး စဉ်းစားရင်
တွေးစရာ (၄-၅) ခုထက်မနဲ ရကြလိမ့်မယ်လို့ယူဆတယ်

ဆိုတော့
မြန်မာတွေ အိပ်မနေကြသင့်။

#နေဇင်လတ်  (7.7.21 ) 🍄

Related Posts: