Wednesday, July 7, 2021

ကြောက်စရာ့ ဘေး


ကပ်ဘေး ဆိုတာ လူသားတွေရဲ့ အတိတ်အကုသိုလ်ဝဋ်ကြွေးအကြီးစားကြီးတွေ
ပေးဆပ်ရတဲ့သဘော
တနိုင်ငံတည်းမဟုတ်ပါဘူး
တကမ္ဘာလုံး ပေးဆပ်ရတာပါ 

ဒုက္ခ အမျိုးအစားပဲ ကွာပါလိမ့်မယ် ပူလောင်တာချင်းကတော့အတူတူပါပဲ
ဒီကနေ့ကမ္ဘာကြီးကို လေ့လာကြည့်ပါ အဲဒီအဖြေပဲထွက်ပါလိမ့်မယ်

ရောဂါပိုး ပွားဘေးဖြစ်တော့
ပထမလှိုင်း ဒုတိယလှိုင်းတွေမှာ မြန်မာနိုင်ငံဟာ ဖြ်သင့်သလောက်ထက် နည်းပြီး ပြီးဆုံးသွားတာဟာ
သတိထားမိကြပါလိမ့်မယ်

ဗုဒ္ဓ ရဲ့တရားတော်အစွမ်း သီလသမာဓိပညာ ပြည့်စုံတဲ့ အရိယာသူတော်ကောင်းကြီးများ ရဲ့ မေတ္တာဓာတ်တွေ ကြောင့် အပျက်အစီးနည်းသွားတာဆိုရင် ယုံကြည်ပါ့မလား

ကပ်ဆိုက်တဲ့အခါ မမြင်နိုင်တဲ့ ဘုတ် ပြိတ္တာ ဘီလူး ဘေးတွေ ကြောင့် အများကြီး ပျက်စီးတတ်ပါတယ်
သံဃာတော်အရှင်မြတ်များရဲ့ သံဃာ့ဂုဏ်ကျေးဇူး သူတော်ကောင်ကြီးများရဲ့ မေတ္တာဓာတ် တော်တွေနဲ့ ဘုရားရှင်ရဲ့ ရတနာ့သုတ် အစရှိတဲ့ တရားဓမ္မအစွမ်းတွေကြောင့် တန်ခိုးကြီးတဲ့နတ်ကြီးတွေဟာ ကူညီစောင့်ရှောက်ပေးရပါတယ် အဲဒါကြောင့် အမနုသလို့ခေါ်တဲ့
မမြင်နိုင်တဲ့ ဘုတ် ပြိတ္တာ ဘီလူးတွေဟာ မနှောင့်ယှက်နိုင်ကြပါဘူး

ဒီလို ကာကွယ်မူ့တွေဟာ ကို ဗုဒ္ဓ ဘာသာဝင်တွေ နားလည်သဘောပေါက်ကြမှာပါ

ကပ်ဘေးဆိုတာ တနိုင်ငံလုံးပျောက်ကွယ်သွားလောက်တဲ့အထိ အကျိုးပေးတတ်ပါတယ် ဒါဟာ သံသရာက မိမိတို့ပြုလုပ်ခဲ့ဘူးတဲ့အကုသိုလ်အကြီးစားကြီးတွေရဲ့လက်ချက်ပါပဲ

တခုသတိထားသင့်တာက
သူတော်ကောင်းကြီးတွေကို စော်ကားရင် နတ်တွေ စိတ်ဆိုးပြီး မစောင့်ရှောက်တော့ပါဘူး အဲဒီအခါ ဘုတ် ပြိတ္တာဘီလူးတွေဟာ အလိုရှိတိုင်းနှောင့်ယှက်ခွင်ရပြီး အနိဌာရုံတွေ ပိုမို များပြားတတ်ပါတယ်

ဘုရားရှင် လက်ထက်တော်အခါက ဝေသာလီကပ်ဘေးဖြစ်တော့ ညဘက်မှာ ဘီလူးတွေ ​က မြုပ်နှံထားတဲ့ အလောင်းကောင်တွေကို တူးဖော်စားသောက်ကြတယ်ဆိုတာ ကြားဖူးကြမှာပေါ့

ကပ်ဘေးဖြစ်တဲ့အချိန်မှာ
မီးသဂြိုဟ်ရပါတယ်
မြေမြုပ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတတ်ပါတယ်
ဒါမှ အမနုသဘေးကနေလွတ်မှာပါ

အခု ကိုဗစ်တတိယလှိုင်းဟာ ပထမလှိုင်းဒုတိယလှိုင်းထက် ပိုပြီး ကြောက်စရာကောင်းဖို့ တာဆူနေပါပြီ

တဦးနဲ့တဦးကယ်ခွင့်မရ
ကယ်ဖို့ ဆရာဝန် လုံလုံလောက်လောက်မရှိ
နေရာ မရှိ
စီးပွားရေးအဆင်မပြေ

စတဲ့ အဆင်မပြေမူ့တွေဟာ ပိုမိုပျက်စီးစေမဲ့ အကြောင်းတရားတွေပါပဲ

အထူးသတိပေးလိုပါတယ်

သူတော်ကောင်းကြီးတွေနဲ့
သံဃာတော်အရှင်မြတ်များကို ဘယ်လိုအကြောင်းနဲ့မှ
မစော်ကားကြပါနဲ့

နီးကပ်ရင် အပူဟပ်စေတာမို့
စော်ကားတဲ့သူတွေ တွေ ့ရင်လည်း ဝိုင်းဝန်းတာဆီးပေးဖို့ လိုအပ်ပါတယ်

တလောကလုံးမှာ ဂုဏ်ကျေးဇူးအကြီးမားဆုံးက ရတနာ သုံးပါး ပါ
ပူဇော်ရင် ရ ရှိတဲ့အကျိုးပေးကြီးကျယ်သလောက်
စော်ကားရင်လည်း
သူမတူတဲ့ ဆိုကျိုးတွေလာမယ်ဆိုတာ
ဗုဒ္ဓ ဘာသာဝင်တွေ
သိလောက်ပါတယ်

ဦးမြင့်ခိုင် ရဲ့စာကို မျှဝေပါတယ်