Saturday, July 10, 2021

အတက်အကျ သင်္ခါရ ( No permanent, just up n down )


တချိန်တုန်းက
နေမဝင် အင်ပါယာကြီး ဖြစ်တဲ့ ဗြိတိသျှတို့ဟာ
ကမ္ဘာ့စက်ရုံကြီးလို့ တင်စားခံခဲ့ဘူးတယ်
ကမ္ဘာပေါ်မှာ ကုန်ထုတ်လုပ်မှု အများဆုံးမို့ပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း
အမေရိကန်ခေတ်ဖြစ်လာခဲ့ပြီး
ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့ 34% ကို အမေရိကန်ဆိုတဲ့
တနိုင်ငံထဲကပဲ ထုတ်လုပ်ခဲ့ပါတယ်၊

Sustainability ဆိုတဲ့ ရှေည်ထိမ်းသိမ်းနိုင်မှုကို
ချမ်းသာတော့ မေ့သွားပြီး၊ ကမ္ဘာ့အရေးအရာအားလုံးဟာ
အမေရိကန်နဲ့ဆိုင်တယ်ဆိုတဲ့ မဟာဗိုလ်ကျရေး
သဘောတရား လက်ကိုင်ထားရာကစပြီး
တဖြည်းဖြည်း ပြန်ကျသွားရာမှာ....
တရုတ်ခေတ်ရောက်ဖို့ လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားတယ်၊

💥 လက်ရှိမှာ တန်ဘိုးပမာဏနဲ့တွက်ရင်....

တရုတ်က $4 Trillion
အမေရိကန်က $ 2.3 Trillion
ဂျပန် $ 1 Trillion
ဂျာမဏီ $ 0.8 Trillion

💥 ကမ္ဘာ့ ကုန်ထုတ်လုပ်မှု % နဲ့တွက်ရင်...

တရုတ်       28.7 %
အမေရိကန်            16.8
ဂျပန်                         7.5
ဂျာမဏီ                    5.3

.... ဆိုတော့
ပွဲကပြတ်သလောက်ဖြစ်သွားတာတွေ့ရတယ်
Trend အားဖြင့် တရုတ်က အတက်မှာပဲရှိသေးလို့
တချိန်မှာ တရုတ်ဟာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့
36% အထိများ ရောက်မလားမသိဘူး၊

ဒေသအလိုက် ကြည့်ရင်လည်း
အနောက်ဖက်က နေဝင်သွားခဲ့ပါပြီ
အာရှ ဒေသတခုထဲရဲ့ ကုန်ထုတ်လုပ်မှုက 52% ဆိုတော့
ကမ္ဘာ့ကုန်ထုတ်လုပ်မှု တဝက်ကျော်ကို ကိုင်ထားတာပါ၊

ဒုတိယလိုက်တဲ့ ဥရောပဆိုတာတောင် 22% ပဲရှိလို့
အာရှတဝက်ထက်နည်းတာတွေ့ရတယ်၊

Look East ဆိုတာကို လီကွမ်ယူက
လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ထဲက ပြောခဲ့တာ
အလကားမဟုတ်ဘူးဆိုတာ၊ ဒီနေ့တွေ့လာကြရပါပြီ။

( ရေးစရာ... စိတ်ဝင်စားစရာ အကြောင်းအရာတွေ
   အများကြီးပါပဲ၊ စနစ်၊ ခေါင်းဆောင်၊ ပေးထားချက်တွေ
   အဆီအငေါ် တဲ့သွားရင် ဘယ်လိုတိုးတက်နိုင်တယ်ဆိုတာ
   မြင်တွေ့နိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်၊
   သိပ်ကျယ်ပြန့်တဲ့ Issue မို့  အခန့်သင့်မှပဲ
   ရေးနိုင်မယ်ထင်ပါတယ် )

#နေဇင်လတ်   ( 10.7.21 ) 🍄





Related Posts:

  • "ပုပ်ရင်ပေါ်မှာပဲ""ဦးအောင်ဆန်းဦးကဘာ့ကြောင့် နာကျည်းနေသလဲ"အင်္ဂလန်ရှိ Oxford တက္ကသိုလ်ဆိုတာ ဝင်ခွင့်ရရန် ခက်ခဲသလို ကုန်ကျ စရိတ်လည်း ကြီးမြင့်လွန်းတဲ့အတွက် တော်ရုံလူတန်းစား မတတ်နိုင်ပါဘူး။ ဒါပေမယ့်ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်ဘဝမှာပဲသူ့မိသားစုအတွက် … Read More
  • ရေးကြပါ       ဒီကနေ့ မရေးတော့ဖူး လို့ စိတ်ကူးနေတာ စိတ်ပူပြီး ဖုန်းဆက်မေးကြ ၊ messenger ကနေ မေးကြနဲ့မို့ ရေးလိုက်တာပါ ။      fb မှာ like နဲလို့ တချို့က ရေးချင်စိတ် နည်းပါးတဲ့သူတွေ ရှိသလို ငါတို့ရေးတာ အထက်လူကြီးတွေ မသိပါဖူး ဆိုပြီး အာ… Read More
  • စစ်တပ်ဆောက်ပေးခဲ့တဲ့ ဆေးရုံမှာမွေး စစ်တပ်ဆောက်ပေးတဲ့ကျောင်းမှာစာသင် စစ်တပ်ခင်းထားတဲ့လမ်းပေါ်မှာသွား စစ်တပ်ဆောက်ထားတဲ့တံတားကိုဖြတ် စစ်တပ်တိုးချဲ့ထားတဲ့ ရပ်ကွက်မှာနေ စစ်တပ်တည်ဆောက်ထားတဲ့ လွှတ်တော်ထဲမှာထိုင် စစ်တပ်ကာကွယ်ထားလို့ အေးချမ်းစွာ နေထိုင်ရတဲ့သူတွေက စစ်တပ… Read More
  • အိမ်စောင့်အစိုးရ (သို့)နစကကိုအားမရပါဘူးဆိုတဲ့ အမျိုးတို့ရေ...စစ်တပ်ကဒီလောက် ဖမ်းပေးနေလည်း အားမရဘူးလား၊ မလုပ်နိုင်ရင် ဆင်းတော့ဆိုပြီး ခွေးနီသံယောင်လိုက်ခွေးနီတွေကို အားရစေ တဲ့ ကိုယ့်လူ သူ့ဘက်သားတွေလိုမလုပ်ကြပါနဲ့...အပြုသဘောနဲ့ဝေဖန်တာကိုဘယ်မှာအရေးယူတာတွေ့ဘူးလို့လဲ... ပန်ဆယ်လိုတို့ လို ဂေ… Read More
  • " ဘယ်သူ့ကို တော်လှန်နေကြတာလဲ PDF တို့ရေ "- ပြောလိုက်ရင်တော့  $ကြီး $ကျယ်တွေ စစ်တပ်ကို တော်လှန်တာ တဲ့ !( ၁ ) စာသင်ကျောင်းတွေကို မီးရှို့တာနဲ့ စစ်တပ်ကို        တော်လှန်တာတဲ့လား?( ၂ ) စျေးတွေ မီးရှို့တာနဲ့ စစ်တပ်ကို        တော်လှန်တာတဲ့လား?( ၃ ) အများပြည်သူသွားလာရာ လမ်… Read More