Saturday, July 10, 2021

#မြန်မာ့နိုင်ငံရေးရဲ့နောက်ကွယ်ကအကြောင်းတရားများ


#ဖတ်ကြည့်ပါ
  စိုးရိမ်လို့အတန်တန်ရေးခဲ့တာတွေဖြစ်လာခဲ့ပါပြီ

...................................

#မြန်မာ့နိုင်ငံရေးရဲ့နောက်ကွယ်ကအကြောင်းတရားများ

တပ်မတော် က အာဏာလွှဲပြောင်းရယူပြီး နှစ်ပတ်လောက်အကြာ ဖေဖော်ဝါရီ လ ဒုတိယအပတ်ထဲရောက်တော့ ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့နယ် တစ်နေရာမှာ အမေရိကန် CIA က EAOS တွေနဲ့တွေ့ဆုံပြီး ဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ ရလဒ်က NCA ထိုးထားတဲ့ EAOS ( ၁၀) ဖွဲ့အား နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး တိုက်ကွက်ဖော်ကြဖို့နဲ့ ဒီလို တိုက်ခိုက်နိုင်ဖို့အတွက် EAOS တစ်ဖွဲ့ကို ဒေါ်လာ သန်း ၂၀ ပေးခဲ့ပါတယ်။

ဒီအခါ CIA က ပေးတဲ့ ငွေတွေ မယူတဲ့ EAOS တွေ ကတော့ MUP /DKBA /KNLA-PC /LUD တို့ဖြစ်ပြီး ထူးခြားတာက ဒီအစည်းအဝေးကို KNU ဗဟိုက မတက်ပေမယ့် KNU တပ်မဟာ ၅ က KNU ကိုယ်စားဆိုပြီး တက်ရောက်ကာ CIA ပေးတဲ့ဒေါ်လာ သန်း ၂၀ ကို ယူသွားခဲ့ပါတယ်။

အဲဒီချိန် က ကျွန်တော်ဟာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ရှေ့တန်းစခန်းတစ်ခုမှာ တာဝန် ထမ်းဆောင်နေတာမို့
ဒီ သတင်းရင်းမြစ်ကို သိခွင့်ရခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း သူဆိုင်ရာဌာနတွေ သတင်းပို့ တင်ပြခဲ့ကြပါတယ်။ အဲဒီချိန်ကတော့ ဒီသတင်းဟာ ရာနှုန်းပြည့် မှန် မမှန် ကျွန်တော်တို့အားလုံး သံသယ ကိုယ်စီနဲ့ပါ။ ဒါပေမယ့် အချိန်တစ်ခုကို ဖြတ်သန်းပြီးမှာတော့ ဒီသတင်းက မှန်ကန်နေကြောင်း EAOSတွေ ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရင် သိနိုင်ပါတယ်။ အခုတော့ CNF ကလည်း မင်းတပ်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာပါပြီ။

တကယ်တော့ မြန်မာ့နိုင်ငံရေးဆိုတာက ခင်ဗျားတို့ ကျွန်တော်တို့ ပေးခဲ့ကြတဲ့မဲတစ်ပြားပေါ်မှာ ရပ်တည်နေတာတော့ မဟုတ်ပါဘူး။ Geopolitic ဆိုတဲ့ ပထဝီနိုင်ငံရေးရဲ့ အရေးပါမှု ၊ အမျိုးသားနိုင်ငံရေးရဲ့ အရေးပါမှုနဲ့အသက်ရှင်ရပ်တည်နေတာပါ။ အားလုံး မှတ်မိကြအုံးမယ် ထင်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ လာသွားပြီး မကြာဘူး။ တပ်မတော်က အာဏာလွှဲယူခဲ့ရတယ်။

အမေရိကန်ကို အားကျတဲ့ လစ်ဘရယ်ဒီမိုကရေစီသမားတွေ အတွက်တော့ တပ်မတော် အာဏာလွှဲပြောင်းရယူမှုအပေါ် ကျေနပ်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသားနိုင်ငံရေး ရှု့ထောင့်နဲ့ ပထဝီ နိုင်ငံရေး ရှု့ထောင့်က ကြည့်ရင်တော့ ဒီလို မဖြစ်မနေ လုပ်ကို လုပ်ရမယ့် နောက်ကွယ်က အကြောင်းတရားတွေကိုတော့ သာမာန်ပြည်သူတွေ သိနိုင်မှာမဟုတ်ပါဘူး။ NLD ( ၅) နှစ်မှာ တရုတ်ထောက်လှမ်းရေး ( MSS)  နဲ့ ရုရှားထောက်လှမ်းရေး ( FSB) တို့ ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေထဲမှာ CIA ဆဲလ်တွေ မြန်မာ့မြေထဲ အမြောက်အများရောက်နေကြောင်းနဲ့ OIC က ဘယ်တွေ မွှေခဲ့သလဲ ဆိုတာတွေကို တရုတ်နဲ့ ရုရှားက မှတ်တမ်းကောင်းကောင်း
တင်ထားပါတယ်။

သေချာပါတယ်။
တရုတ်ရော ရုရှားပါ မြန်မာ့မြေကို CIA ခြေကုတ်ရသွားပြီး
သူတို့ကို ဒုက္ခပေးလာမယ့် ကိစ္စမျိုး ဘယ်လိုမှ လက်ခံမှာမဟုတ်ပါဘူး။

ကျွန်တော်တို့ ပြည်သူတွေ သိထားရမှာကလည်း ကျွန်တော် တို့ဟာ အမေရိကန်နဲ့ အနောက်အုပ်စုကို မဆက်ဆံလို့ ရပါတယ်။ တရုတ်ကို မဆက်ဆံလို့မရပါဘူး။ ဒါဟာ ငြင်းပယ်ခွင့် ပြင်ဆင်ခွင့် မရှိတဲ့ ပထဝီ နိုင်ငံရေးရဲ့ အားနည်းချက်ပဲ။ တရုတ်ကို မဆက်ဆံမရမှတော့ ရုရှားကိုလည်း ဆက်ဆံရပြီပေါ့။

စစ်အစိုးရခေတ် ၂၀၀၆ မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု က UN လုံခြုံရေးကောင်စီမှာ မြန်မာကို အရေးယူဖို့
တင်တော့ ရုရှား တရုတ်က ဗီတို အာဏာနဲ့ပယ်ချခဲ့ဖူးတယ်။ဒီကျေးဇူးအရလည်း တပ်မတော်ဟာ CIA ကို မြန်မာ့မြေပေါ်မှာ ခြေချခွင့်ပြုပေးမှာတော့ မဟုတ်ပါဘူး။

ဒီထက် အကျယ်ချဲ့ ပြောရရင်တော့ အမေရိကန်နဲ့ အနောက်အုပ်စု လိုလားတဲ့အစိုးရတစ်ရပ် မြန်မာ့မြေပေါ်မှာ ပေါ်ပေါက်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေးဟာ လက်ရှိအခြေအနေထိ ရောက်ရှိလာတာ တွေ့ရတယ်။

သာမန်ပြည်သူတွေကတော့ ကိုယ့်မဲတစ်ပြားလောက်အတွက် နဲ့ အသည်းကွဲကောင်း ကွဲနေနိုင်ပေမယ့် တိုင်းပြည်မကွဲဖို့က ပိုအရေးကြီးကြောင်းကို တပ်မတော်နဲ့ နိုင်ငံရေးကို ထဲထဲ ဝင်ဝင် လေ့လာနေကြသူတွေကတော့ ပိုသဘောပေါက်ပါတယ်။

ဒါတွေဟာ သာမန်ပြည်သူတွေ မသိနိုင်တဲ့ လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးရဲ့ နောက်ကွယ်က အကြောင်းတရားတွေပါပဲ။

#Crd.အောင်နိုင်သူ