Saturday, July 10, 2021

🦠 အလွန်သတိထားမှ တော်ရုံကျတော့မယ်


သိပ်ကြောက်စရာ မလိုသလို
အရင်ထက်တော့လဲ ပိုသတိထားရလိမ့်မယ်၊
အရင်ဖြစ်တဲ့ Covid မှာ အသိအကျွမ်းထဲက ဖြစ်တာ
တဦးစ နှစ်ဦးစလောက်သာ တွေ့ရပေမဲ့....

ဒီတခေါက်မှာ အတော်များများတွေ့လာရတယ်
အထူးသဖြင့် ကျန်းမာရေး အသိနည်းသူ
စိတ်လှုပ်ရှား စိုးရိမ်စိတ်ကြီးသူ၊ အောက်စီဂျင်လိုအပ်သူ
စတာတွေအတွက် စိုးရိမ်မိတယ်၊

နေ့လည်စာ ထမင်းစားရင်း
ဇနီးသည်ဆီ ဖုန်းဝင်လာတယ်
သူစောင့်ရှောက်နေတဲ့ မယ်သီလရှင် စာသင်တိုက်မှာ
တပါး ကူးပြီး အောက်ဆီဂျင်လိုတဲ့ အဆင့်လို့သိရတယ်
ဆေးဝါး၊ ဓါတ်စာ၊ အောက်ဆီဂျင်စတာတွေ
စီစဉ်ရတော့တာပေါ့၊

တချို့ဆိုရင်
တရုတ်ဆေး (၂) လုံးထိုးထားပြီးသူတောင် ကူးတယ်
လုပ်ငန်းခွဲ တခုက ဆေးထိုးပြီးတယောက်ကူးလို့
အားလုံးကို work from home လုပ်လိုက်ရတယ်
ကူးစက်နှုံးက အတက်ဖက်ဆိုတော့
နောက် (၃-၄) ပါတ်လောက်အထိ သတိကြီးကြီး
ထားပါမှတော်ရုံ ကျပါလိမ့်မယ်၊

ဒီစာရေးနေတုန်း
ဆရာဝန်တယောက်ဆီက နောက်ဆုံးလက်ကျန်ဆေးကို
သွားယူခိုင်းပြီး၊ ဖြစ်နေသူဆီ ပို့ခိုင်းရသေးတယ်၊
မတတ်နိုင်ဘူး
နောက်ဆေးထပ်မှာပေးဖို့ ကုန်ကျငွေပေးပါ့မယ်
ဖြစ်နေသူတွေအတွက်လှုဖို့ပါဆိုပြီး Request လုပ်ရင်း
ပမာဏများလေတော့ အရေးပေါ်သုံး ငွေစာရင်းကို
မျက်စောင်းထိုးရပါတော့တယ်၊

................

ပါတီ CEC နဲ့  နိုင်သလောက်ကူကြဖို့
ညနေ ချိန်းထားတယ်၊  ပြသနာက လူမဆန်သူတွေရဲ့
ဇွပ် ဇွပ် ဇွပ်... တွေကြောင့် ကူတာတောင်
ပုန်းလျှိုး ကွယ်လျှိုး ကူကြရမဲ့ သဘောရှိတယ်
ဇွပ်  ဇွပ်  ဇွပ်တွေဟာ စဉ်းစားကြည့်ရင်
အတော် အကုသိုလ်များသူတွေပဲနော်။

ဒီအခြေအနေမျိုး၊ ဒီမြင်ကွင်းမျိုး
အမြန်ပျောက်ကင်းပါစေ၊ အေးချမ်းတဲ့ ကာလတခုကို
ရောက်ပါစေလို့ လဲ ဆုတောင်းမိတယ်။

#BaMaung.



Related Posts:

  • " မမ " တွေကိုပဲ ချစ်ပါဘာလို့လဲဆိုတော့၄၀ မမ၆၀ မမ၁၂၀ မမတွေကြောင့်PDF တွေ အဝိစိရောက်ကုန်ကြတာလေ 😁 (⚓ ရဲဝင့်ဖြိုး 🇲🇲) … Read More
  • ပညာရေးမဖွံဖြိုးနိုင်သောအရပ်ဒေသ  ကျေးလက် တစ်ခု၏ ပညာရေး မဖွံ့ဖြိုးနိုင်သောအခြေခံအကြောင်းရင်းများမှာ...(၁) ကျေးရွာလူထု ဝင်ငွေနည်းပါးကာ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှု၊တစ်နပ်စားရလျှင် အလုပ်ဆက်မလုပ်​သော ပျင်းရိမှူ။(၂)သားသမီးများအပေါ် တစ်လွဲအလိုလိုက်… Read More
  • ကျွန်တော် ဘောမ စစ်စစ်ပါ.....လေးစားသည်ထက်ကို ပိုပါတယ်!တိုင်းပြည်နဲ့ လူမျိုးကိုချစ်လို့ တပ်မတော်ထဲကို ဝင်လာခဲ့ကြတယ်......သူပုန်ပေါတဲ့ ပြည်ပအလိုကျ ကနေကြတဲ့ နိုင်ငံရေးသမားတွေပေါများလွန်းတဲ့ ဒီနိုင်ငံမှာလစာ မလောက်ငှမှန်းလည်း သိတယ်ပင်ပမ်းဆင်းရဲမှာကိုလည်း သိတယ… Read More
  • ခနပ တွေ Pdf တွေသိဖို့ဆန္ဒပြတဲ့ မွတ်စ်လင်မ်ရှိတယ်...ဆန္ဒပြတဲ့ ခရစ်ယာန်ဘာသာဝင်ရှိတယ်..ဆန္ဒပြတဲ့ ဗုဒ္ဓဘာသာဝင် ရှိတယ်ဗုဒ္ဓဘာသာဖြစ်ရတာ ရှက်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်ရှိတယ်။ဘုန်းကြီးကိုသတ်တဲ့ ဗုဒ္ဓဘာသာဝင်ရှိတယ်။ငါတို့ကအမှန် ငါတို့မှမနိုင်ရင်ဘယ်ဘုရားမှမကိုး… Read More
  • 🇲🇲 ပြောပါရစေရှင် 🇲🇲လစ်ဘရယ်အစွန်းရောက်သွားတဲ့ GZ = PDF = NUG = NLDဟာဘာသာကြီးတခုထဲကကြီးစိုးနေတာလက်မခံဘူး၊လူသားအားလုံးအတူတူမို့၊ဘာသာပေါင်းစုံတန်းတူအခွင့်ရေးပေးမယ် ၊ ရိုတိုင်းရင်းသားအဖြစ်အသိမှတ်ပြုမယ် ဆိုကြပါတယ်ပါရှန်းအင်ပါယာ á€›á€Żá€›á€žá€Źá€¸ နဲ့ တ… Read More