Tuesday, June 8, 2021

ကြောက်စရာ အကြမ်းဖက်သမား

ကြောက်စရာ အကြမ်းဖက်သမား

 ကျွန်တော်တို့ ရပ်ကွက်ထဲက လူတချို့ပြောနေကြတယ်။ "ကျောင်းတက်လဲ အပိုပဲ။ တစ်လကြာရင် ကျောင်းတွေက ပြန်ပိတ်မှာ" စသဖြင့် ပြောဆိုသံတွေ ကြားနေရပါတယ်။ ဒီစကားတွေက ဘယ်ကလာလဲလို့ အဖြေရှာကြည့်ရင် အကြမ်းဖက်အဖွဲ့NLD ကို ထောက်ခံသူတွေ လိုက်လံဝါဒဖြန့်နေတဲ့ စကားဖြစ်တယ်။ ကျောင်းတွေပြန်ဖွင့်ဖို့ တစ်ရက်အလိုမှာ အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မျိုးရန်နောင်သိန်းပြောတဲ့ စကားတွေကို မကြားဝံ့မနာသား ကြားခဲ့ရတယ်။
 ပြောပုံဆိုပေါက် လေယူလေသိမ်းက အစ တကယ့်အကြမ်းဖက်ခေါင်းဆောင်တစ်ဦး ပြောနေတာကို ကြည့်နေရင်လည်း ကြက်သီးထမိတယ်။ ဒီလူတွေ ပါးစပ်က ဒီလိုစကားလုံးမျိုးတွေ ထွက်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ အခုတော့ဗျာ ကျွန်တော်တို့ တိုင်းပြည်မှာ တခါမှ မကြုံတွေ့ဖူးတဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မယ့် အဖွဲ့အစည်းဟာ NLDက ခေါင်းဆောင်တွေဖြစ်နေတာကို တွေ့မြင်လိုက်ရတယ်။
 ကျွန်တော့်အနေနဲ့ ဒါကို မှတ်တမ်းတင်ရေးသားတယ်ဆိုတာကလည်း သမိုင်းကို ပြန်လည်လေ့လာတဲ့ အခါ မြန်မာ့သမိုင်းမှတ်တမ်းမှာ ၂၀၂၁ခုနှစ်၊ မေလထဲမှာ စပြီး NLD အကြမ်းဖက်အဖွဲ့တွေဟာ ကျောင်းတွေကို မီးရှို့၊ ဗုံးဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်ပြီး ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေကို ခြိမ်းခြောက်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင် ကျန်ရစ်စေဖို့ ရည်ရွယ်ပါတယ်။ NLD အကြမ်းဖက်သမားတွေဟာ facebook လူမှုကွန်ရက်ကို ကောင်းကောင်း အသုံးချပြီး အကြမ်းဖက်မှုတွေ လှုံ့ဆော်တယ်။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေ လုပ်တယ်။
  အကြမ်းဖက်သမားကြီး မျိုးရန်နောင်သိန်း ပြောကြားချက်တွေကို ကြည့်ကြပါအုံးဗျာ။ အကြမ်းဖက်သမားကြီးက "ကျောင်းတွေတက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ပြောစရာရှိတယ်။ နော် တချို့မိဘတွေ စဉ်းစားကြလိမ့်မယ်။ ငါတို့သားသမီးတွေ ကျောင်းမထားလို့ရှိရင် တစ်နှစ်တော့ အောက်မှာပဲ။ စဉ်းစားကြမှာတွေ ရှိမယ်။ ကျွန်တော်ဆွေးနွေးချင်တာက ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီး၊ တိုက်ပွဲ နိုင်ငံလုံးဆိုင်ရာ ထိုးစစ်ကြီးက ဆင်တော့မှာ။ အဲဒီအခါမှာဆို ကျောင်းတွေ ပိတ်ရမှာပဲ။ ဘေးလွတ်ရာကို ပြောင်းကြရမှာပဲ။ ကျောင်းတွေ အကုန်ပိတ်ရမှာပဲ။ ဒီထိုးစစ်မစခင် ၂လ ၃လ ၄၊၅လ နော် ဒီအတောအတွင်းမှာ နော် ထိုးစစ်မစခင်ဆို ၂လ ၃လ လပိုင်းပဲရှိမှာပါ။ အတွင်းမှာ ကိုယ်ကမှ ကိုယ့်သားသမီးကို ကောင်းစေချင်လွန်း အားကြီးလို့ ကျောင်းသွားထားတာနဲ့ စစ်ခွေးအတွေက ယုတ်မာစွာနဲ့ ဗုံးဖေါက်တာနဲ့ ကြုံလို့ရှိရင် ကိုယ့်သား သမီးတွေ လက်ပြတ် ခြေပြတ်ဖြစ်ကြမှာ။ ဒါကိုတော့ အားလုံးသိထားစေချင်တယ်။ ကိုယ့်သားသမီးတွေ အကောင်းအတိုင်း ရှိစေချင်ရင် ကျွန်တော်တို့ ဒီတော်လှန်ရေးကြီးက နောက် ၄၊၅၊၆လဆို ပြီးပြီ။ အားလုံးပျော်ရွှင်ရမယ်။ ဒီအချိန်မှာ တစ်နိုင်ငံလုံး အောင်ပွဲနဲ့အတူ ကျောင်းတွေ ဖွင့်မယ်။ အခု ဒီ ၁လ၊ ၂လ ခဏစောင့်လိုက်ကြ။ နှမို့ဆိုရင် ကိုယ့်သားသမီးတွေ ခြေပြတ် လက်ပြတ်ဖြစ်သွားမယ်ဆိုရင် အကောင်းပြန်မရတော့ဘူးနော်။ ဒီကြားထဲ သေသွာလို့ရှိရင် အသက်ဟာ နှစ်ခါပြန်မရဘူး။" တဲ့ဗျာ။
အကြမ်းဖက်ခေါင်းဆောင်တစ်ဦး ပီသအောင် အကြမ်းတမ်းဆုံး အရိုင်းစိုင်းဆုံးစကားလုံးတွေကို ပြောရတာ သူ့ပါးစပ်ထဲတော့ ဘယ်လိုနေမယ်မသိ။ ကြားရသူအပေါင်း အော်ဂလီဆန်သွားစေတဲ့ ပြောဆိုချက်တွေပါပဲ။ ဒီလူဟာ ဘယ်အချက်အလက်တွေကို ထောက်ထားပြီး ပြောဆိုနေတာလဲ။ တော်လှန်ရေးကြီးက ဘယ်လို အောင်မြင်မှာလဲ။ 

သူတို့ပါတီလက်ထဲ အာဏာထဲပေးထားတာကိုတောင် အဓမ္မနည်းနဲ့ အနိုင်ယူဖို့ ကြိုးစားသေးတယ်။ ဒီလိုမျိုး မသမာမှုတွေ လုပ်ခဲ့လို့ ထိန်းလိုက်ရတဲ့အခြေအနေမှာ ဆူပူအကြမ်းဖက်မှုတွေ လုပ်နေတဲ့ ပါတီအဖွဲ့အစည်းရဲ့ လက်ထဲက ဘယ်သူက အာဏာပြန်အပ်မှာလဲ။ အခြေအမြစ်မရှိ၊ ယုတ္တိမရှိတဲ့ စကားတွေကို ပြောထွက်တာ တော်ရုံတန်ရုံ သောက်ရှက်မဲ့ယုံနဲ့ မရဘူး။ ကမ်းကုန်အောင် သောက်ရှက်မဲ့သူမို့ ပြောတာ။ 

သူပြောတဲ့ စကားထဲမှာ "ကိုယ့်သားသမီးကို ကောင်းစေချင်လွန်း အားကြီးလို့ ကျောင်းသွားထားတာနဲ့ စစ်ခွေးအတွေက ယုတ်မာစွာနဲ့ ဗုံးဖေါက်တာနဲ့ ကြုံလို့ရှိရင် ကိုယ့်သား သမီးတွေ လက်ပြတ် ခြေပြတ်ဖြစ်ကြမှာ။" တဲ့။ အကြမ်းဖက်သမား လူ့ဗရမ်းဗတာပါးစပ်ဟာ ကိုယ်လုပ်ပြီး ကိုယ်ဝန်မခံရဲဘူး။ အခု စာသင်ကျောင်းတွေမှာ လုံခြုံရေးယူပေးနေတာ တပ်မတော်သားတွေ ဖြစ်တယ်။ ကျောင်းတွေကိုလိုက်ပြီး မီးရှို့ဖျက်ဆီး၊ ဖောက်ခွဲတိုက်ခိုက် လုပ်နေတာ မျိုးရန်နောင်သိန်းတို့ရဲ့ လမ်းညွှန်ချက်တွေနဲ့ လိုက်လုပ်နေတဲ့ အကြမ်းဖက်သမားတွေ ဆိုတာ မသိကြသေးဘူးလား။ 

အကြမ်းဖက်သမားပါးစပ်က ထွက်တဲ့ စကားလုံးတွေကို ယုံကြည်လက်ခံတဲ့သူတွေကိုတော့ အံ့သြလို့ မဆုံးပါဘူး။ မိမိတို့ ယုံကြည်ထောက်ခံတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် အရက်သမားက သဏ္ဍာန်လုပ် သရုပ်ဆောင်ပြီး သေလမ်းကို ပို့နေတာကိုလည်း ယုံကြည်တယ်။ လူမိုက် လူရမ်းကားက ပြောတာကိုလည်း ယုံကြည်တယ်။ အဲဒီလို ယုံကြည်သူတွေ ရှိလို့လည်း မျိုးရန်နောင်သိန်း၊ မင်းကိုနိုင်၊ ဆာဆာ၊ ဇော်ဝေစိုး၊ ဇင်မာအောင်၊ အပျံမတို့ရဲ့ အကြမ်းဖက် လုပ်ငန်းစဉ်တွေ အထမြောက်နေတာပေါ့။

အကြမ်းဖက်သမားကြီး မျိုးရန်နောင်သိန်း ပြောတဲ့ စကားလုံးတွေထဲမှာ ဘယ်စကားတစ်ခွန်းက အများပြည်သူ ကောင်းကျိုးဖြစ်စေမှာ ပါသလဲ။ တစ်လုံး ဝေါဟာရတစ်ခုတောင် မပါဘူး။ လိမ်ညာပြီး ပြောဆိုတယ်။ ကလေးသူငယ်များကို ပညာမဲ့ဖြစ်အောင် ပြောဆိုတယ်။ အခု ဘဝမှာလည်း ဒီလိုလူတွေဟာ ဘယ်တော့မှ လူရှေ့ထွက်ရပ်ရဲမှာ မဟုတ်တော့သလို ဘဝအဆက်ဆက်လည်း ပညာမဲ့ လူရမ်းကားပဲ ဖြစ်ပါလိမ့်မယ်။

ဒေါင်းနင်း 
၅-၆-၂၀၂၁
#MyanmarNationalPost

Related Posts:

  • လိုအပ်ချက်များ          ကိုစိုးတယောက် လက်ဖက်ရည်ဆိုင်က ဖုန်းဆက်ခေါ်လို့ လိုက်သွားရပြန်ပါတယ် ။ စားသောက်ပြီးတော့ လေကန်ရတာပေါ့ လေ..."ငမျိုးရေ အခုတလော ကောလဟာလ တွေ အရမ်းများနေပြီး မင်းလုံးဝ မရေးတဲ့ အကြောင်းတွေ စဥ်းစားမိလ… Read More
  • #_လူသိန်းချီ_သေအောင်_ကမ္ဘာ့ပထမဆုံး#____အနုမြူဗုံးကျဲခဲ့တဲ့_အမေရိကန်___ပုလဲဆိပ်ကမ်းကို ဂျပန်ဖက်ဆစ်တွေက လေယာဉ်နဲ့ရုတ်တရက် ဝင်တိုက်ပြီး  ဗုံးကျဲတော့ ဆိပ်ကမ်းမှာ ဘီယာ  သောက်ပြီး ယစ်ထုပ်ကြီးဖြစ်နေတဲ့     အမေရိကန်တွေ အတုံးအရုန်း    ကျဆုံးကုန်တယ်။ သောက်စား&… Read More
  • ဒုတိယပါဂျောင် ဇာတ်လမ်းအသစ်လေးတွေသူ့ကိုသိကြတယ်မလား ပါဂျောင်လူသတ်မှုတွေမှာ မိုးသီးဇွန်နဲ့ ပူးတွဲတာဝန်ရှိသူ လူသတ်တရားခံ ဒေါက်တာနိုင်အောင် ။ ဦးသိန်းစိန်လက်ထက် မြန်မာပြည်ပြန်လာတော့ အသတ်ခံရသူတွေထဲကမိခင်တစ်ဦးက ရန်တွေ့နေတဲ့ပုံ ။ဒီနေ့ထပ်ကြားရတာက လွန်ခဲ့တဲ့ ရက်ပိုင… Read More
  • ဒီအဆင်နဲ့ ဒီအဆင်ကို ခင်ဗျားတို့က အပေါ်ကနေတစ်မြို့ခြင်းသိမ်းယူမယ်ဆိုပြီး ကြုံးဝါး ဖြီးဖြန်းပြသေးတယ်စစ်သားတစ်ယောက် ဖြစ်ဖို့ အနည်းဆုံး စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ စစ်ပညာကို၄လ ၁၈ပတ်လောက်တက်ရပါတယ်။ သင်တန်းဆင်းတဲ့အခါ တပ်သားအဆင့်နဲ့စတင်တာဝန်ထမ်းဆောင်ရပါတယ်။ တပ်သားအဆင့်နဲ့ စီနီယာကျလာ တဲ့အချိန်မှာ အကြပ်လောင်း ဆိုတာ ၂… Read More
  • ထားတဲ့စေတနာသူတို့မောင်နှမကိုသိကြမှာပါအစ်ကိုဖြစ်သူ ဘီလီယံနာကြီးသက်ဆင်ရှင်နာဝတ်ထရာ အာဏာအသိမ်းခံရတယ်၊တိုင်းပြည်ကို ဖျက်မသွားခဲ့ဘူး၊ညီမဖြစ်သူ ယင်လတ်ဝန်ကြီးချုပ်ဘဝမှာတခါအာဏာအသိမ်းခံရတယ်၊တိုင်းပြည်ကိုဖျက်မသွားခဲ့ပြန်ဘူး၊မြန်မာပြည်မှာမဲမသမာမှု… Read More