Sunday, June 6, 2021

စစ်သွေးကြွအကြမ်းဖက် PDF ရာနှင့်ချီသေဆုံးခဲ့သော ကရင်နီပြည်နယ်က တိုက်ပွဲများ

စစ်သွေးကြွအကြမ်းဖက် PDF ရာနှင့်ချီသေဆုံးခဲ့သော ကရင်နီပြည်နယ်က တိုက်ပွဲများ 
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
ကယားပြည်နယ်တွင် မေ ၂၁ မှ မေ ၃၁ အထိ ၁၀ ရက်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် KPDF MBPDF ခေါ်အကြမ်းဖက်အဖွဲ့ဘက်မှ သေဆုံးသူ ၁၇၆ ဦးထက်မနည်းရှိခဲ့ကြောင်း တပ်မတော်အရာရှိများ ‌ဒီးမော့ဆို ရဲနှင့်ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ 

စစ်အာဏာထိမ်းမှုကို ဆန့်ကျင်သော ကရင်နီဒေသခံစစ်သွေးကြွ များက နစကလက်အောက်ပြည်ထဲရေးနှင့် ကျောင်းများအား ပစ်မှတ်ထားအကြမ်းဖက်မှုများ ပြုလုပ်ခဲ့သဖြင့် အခြေအနေ တင်းမာသထက် တင်းမာလာကာ ကရင်နီလူမျိုးများနေထိုင်ရာ ကယားပြည်နယ်တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားသည်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှအကြမ်းဖက်တပ်ဖွဲ့ (PDF) များကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အမည်ဖြင့် ပြည်ပြေးအစိုးရမှ ပေါင်းစည်းဖွဲ့စည်းကာ တပ်မတော်ကို အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။

လက်နက်အင်အား သာလွန်ကောင်းမွန်သောကြောင့် အကြမ်းဖက်အဖွဲ့မှ အထိအခိုက်အကျအဆုံး ကြီးမားလျက်ရှိရာ မေ ၂၁၊ ၂၃၊ ၂၅ နှင့် ၃၁ ရက်နေ့များ ဖြစ်ပွားခဲ့သော အပြင်းအထန် တိုက်ပွဲများအတွင်း အကြမ်းဖက်တပ်ဖွဲ့ဝင်အမြောက်အများ သေဆုံးခဲ့ရသည်။ 

“နံပါတ်တစ်က သူတို့ ပြေးစရာနယ်မြေမရှိဘူး။လက်နက်ကြီးနဲ့ပစ်တော့ သူတို့ တအားခံရတာပေါ့” ဟု ဒီးမော့ဆိုရှိ တပ်မတော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တပ်မတော်သတင်းမှန်ပြန်ကြားရေး ကို ပြောသည်။

အကြမ်းဘက်တပ်ဖွဲ့ဘက်မှ ၃၀ဦး သေဆုံးခဲ့သည့် မေ ၂၁ ရက်နေ့ 

ဒီးမော့ဆိုမြို့ ရဲတပ်ဖွဲ့ဝင်များကို မေ ၂၁ ရက်တွင် အကြမ်းဖက်အဖွဲ့မှ ပြောက်ကျားနည်းဖြင့် ပထမဦးဆုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးနှင့် မာနာပလော့ ရပ်ကွက်များအတွင်း တိုက်ပွဲစတင်ခဲ့ပြီး ရဲတပ်ဖွဲ့မှ သုံးဦးသေဆုံးခဲ့သည်။ 

ထိုနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော် - ဒီးမော့ဆိုလမ်းမဘေးရှိ ညောင်ကိုင်းရွာအနီး၌ စစ်ကားသုံးစီးကို အကြမ်းဖက်ဖွဲ့ဝင်များက တားဆီးတိုက်ခိုက်ရာတွင် စစ်သား  ဦး သေဆုံးခဲ့သည်။ စစ်ကားများလာရာ လမ်းတွင် ရှော့တိုက်မိုင်းဖြင့် စတင်တိုက်ခိုက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ရှော့မိုင်းနဲ့ စပြီးခွဲတာပေါ့။ ရှော့မိုင်းနဲ့တိုက်ပြီးမှ ထပ်ပစ်တာလေ။ နာရီပိုင်းလောက်တောင် မရှိဘူးပေါ့နော်။ မိနစ် ၃၀ လောက်အတွင်း သုံးယောက်ကျဆုံးတာပေါ့နော်။ ကျွန်တော်တို့ဘက်ကပြန်ပစ်တော့ သုံးယောက်ထိသွားတယ် အလောင်းကောက်ပြီးပြေးသွားတယ်” ဟု ညောင်ကိုင်းရွာအနီးတွင် စစ်ကားသုံးစီးကို တိုက်ခိုက်ခဲ့ပုံနှင့် ပတ်သက်၍ယာဉ်‌မောင်းတပ်သား က ပြောသည်။ 

ညောင်ကိုင်းရွာအနီးတိုက်ပွဲတွင် မီးရှို့ဖျက်ဆီးခံရသည့် ရဲစခန်း ဓာတ်ပုံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ထိုနေ့တွင် ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းအချို့ကိုလည်း အကြမ်းဖက်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်၍ ရဲအစောင့်များ ဆုတ်ခွာပေးခဲ့ရသည်။

မိုးဗြဲမြို့မရဲစခန်းကို အကြမ်းဖက်များဝင်ရောက်တိုက်ခိုက်ခြင်း 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲမြို့မရဲစခန်းကို ဒေသခံအကြမ်းဖက်အဖွဲ့က မေ ၂၃ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိခဲ့သည်။ 

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများ၊ ရုပ်သံဖိုင်များတွင် လက်လုပ်သေနတ်မျိုးစုံ ကိုင်ဆောင်ထားသော စစ်သွေးကြွများက ညာသံပေးအော်ဟစ်ကာ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။ ဒေသခံအ‌မြောက်တပ်ရင်း များ၏ လက်နက်ကြီးနှင့်တုန်းပြန်မှုဖြင့် သေဆုံးခဲ့သည် အကြမ်းဖက်အဖွဲ့ဝင်များ၏ အလောင်းများ ပြန့်ကျဲနေသည်ကိုလည်း တွေ့ရသည်။

“သူတို့က(ရဲစခန်း)ကင်းပုန်းနေရာတွေကို အကြမ်းဖက်တာ ပြီးတော့ ကျွန်တော်တို့ဘက်ကိုစစ်ကူလာတဲ့အချိန်မှာ လက်နက်ကြီးနဲ့ အမြောက်တပ်ကပစ်နှင့်နေပြီ အဲ့တော့ စစ်သွေးကြွအဖွဲ့က ပြေးရင်းနဲ့ ခုနှစ်ယောက်အမြောက်ထိသွားတယ်” ဟု မိုးဗြဲရဲချုပ်က ပြောသည်။ မိုးဗြဲရဲစခန်းတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ညနေပိုင်းတွင် ဒီးမော့ဆိုနှင့် လွိုင်ကော်ကြား ဒီးမော့ဆို − လွိုင်ကော်လမ်းမကြီးပေါ်ရှိ စံပြ ၆ မိုင်ရွာအနီး၌ လွိုင်ကော်ဘက်မှ ခြေလျင်ချီတက်လာသော တပ်မတော်သား ၃၀ ခန့်ကို အကြမ်းဖက်များက ကြားဖြတ်တိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်သား ၃၀ ခန့် အနက် ၈ ဦး သေဆုံးကာ အကြမ်းဖက်များကိုပြန်လိုက်ပစ် လွတ်မြောက်သွားကြောင်း ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော်သားတစ်ဦးက တပ်မတော်သတင်းမှန်ပြန်ကြားရေး ကို ပြောသည်။ 

“သူတို့ဘက်က ပစ်တယ်။ ဒါပေမဲ့ အင်အားမမျှတာပေါ့။ သူတို့က လမ်းမကြီးပေါ်မှာ ၁၅ယောက် လောက်ပဲ။ သူတို့က ခုမှစစ်တိုက်ဖူးတဲ့အသစ်စက်စက်တွေ၊ တပ်မတော်လိုအဆင့်မှီ army ကမှ မဟုတ်တာ။ တပ်မတော်က နယ်မြေရှင်းလင်းရေးပုံစံပြောမလား၊ စစ်ကြောင်းထိုးလာတာ။ စစ်ကူလာတာ။ သူတို့လုပ်နေတာကအဖျက်အ‌မှောင့် ။ ကျွန်တော်တို့ကတော့ တွေ့တာနဲ့ တွယ်တာပဲဆိုတော့ သူတို့ကပစ်ပြီးထွက်ထွက်ပြေးတ” ဟု ၎င်းက ပြောသည်။ 

မေ ၂၅ ရက် ဒီးမော့ဆိုမြို့ပေါ်တိုက်ပွဲများ 

ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို အကြမ်းဖက်တပ်ဖွဲ့ဝင်များက မေ ၂၅ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် သွားရောက်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ မြို့နယ်ရဲစခန်းအပြင် တပ်မတော်မှတပ်စွဲထားသည့် မြို့နယ်ထွေအုပ်ရုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း အကြမ်းဖက်ရန်ကြိုးစားခဲ့သည်။  လွိုင်ကော်နှင့် ဒီးမော့ဆိုအခြေစိုက် ခမရ၊ ခလရ တပ်ရင်းများက လက်နက်ကြီးများ၊ အမြှောက်များဖြင့် အဆက်မပြတ်ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဒီးမော့ဆိုတစ်ဦးဖြစ်သည့် ဦးကို‌ဘောစ က သတင်းဌာနကို ပြောကြားထားသည်။ 

“ဒီးမော့ဆိုနဲ့ လွိုင်ကော်ကနေ အဝေးပစ်တွေနဲ့ ပစ်တော့ လက်နက်ကြီးကျည်တွေ တော်တော်များများထိ‌သေကုန် ကျတယ်။ ပစ်တော့ ပြန်ဆုတ်ပြီးထွက်ပြေး ဒီလိုနဲ့ပဲ တစ်နေကုန်တာပေါ့” ဟု ဦးကိုဘောစ က ပြောသည်။ 

ထို့အပြင်အကြမ်းဖက်တပ်များ တပ်စွဲထားရာ နေရာများကို တပ်မတော်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းတိုက်ခိုက်ပြီး ညနေ ၆ နာရီခွဲလောက်တွင် သိမ်းခဲ့ကြောင်း သွားရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦးက တပ်မတော်သတင်းမှန်ပြန်ကြားရေး ကို ပြောသည်။

“ကျွန်တော်တို့က အင်အားများတာပေါ့။ လက်နက်လဲကွာတယ်လေ။ သူတို့က အမဲပစ်တဲ့ သေနတ်တွေနဲ့လည်းပစ်တယ်။ တူးမီး လေသေနတ်တွေနဲ့လည်းပစ်တယ်။ ကျွန်တော်တို့က လက်နက်စုံတယ်လေ။ လက်နက်ကြီးတွေ တင့်တွေရောပဲ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

နံနက် ၅ နာရီမှ ညနေ ၆ နာရီကျော်အထိ တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မေ ၂၅ ရက်နေ့ ဒီးမော့ဆိုမြို့ပေါ်တိုက်ပွဲများအတွင်း အကြမ်းဖက်များဘက်မှ ၃၅ ဦးထက်မနည်းကျဆုံးခဲ့သည်ဟု သိရသည်။

အကြမ်းဖက်အကျအဆုံးအများဆုံးဖြစ်ခဲ့သည့် ကုန်းသာရွာတိုက်ပွဲ 

ကရင်နီဒေသခံများနှင့် ဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက်အဖွဲ့များ အကျအဆုံးအများဆုံးဖြစ်ခဲ့သည် မှာ မေ ၃၁ ရက်က ဖြစ်ပွားသည့် ဒီးမော့ဆိုမြို့အနီးက ကုန်းသာရွာတိုက်ပွဲဖြစ်သည်။ ဒီးမော့ဆိုမြို့အထွက် ငွေတောင်အနီးတွင် ဖြစ်ပွားသော ထိုတိုက်ပွဲတွင် အကြမ်းဖက်များဘက်က အနည်းဆုံး ခန့်မှန်းခြေ ၈၀ နီးပါး သေဆုံးခဲ့သည်။ 

သုံးဖက်သုံးတန် ထိုးစစ်ဆင်လာသော အင်အား ၂၀၀ ခန့်ရှိ ‌ခြေမြန် တပ်များက ဒေသခံအကြမ်းဖက်အဖွဲ့ကို ပိုမိုများပြားသော အင်အားဖြင့် နှစ်ဖက်ညှပ်ပိတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နေ့ခင်းမွန်းလွဲ ၁၂ ခန့်မှ ညနေ ၆ နာရီအထိ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့မှ အကျအဆုံးများကာ ဖြန့်ကျဲဆုတ်ပြေးသဖြင့်  ရဟတ်ယာဉ်များ စေလွှတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က လူအင်အားများတော့ သူတို့ကို ညှပ်ပစ်တာလေ။ သူတို့ညှပ်မိနေပြီ။ သူတို့ တော်တော်လေး သေနေပြီ။ ဒါပေမယ့် သူတို့က ဒေသခံမြို့ရွာလမ်းကြောင်းတွေကထွက်ပြေးတော့ ပစ်ကွင်းမရှင်းဘူး အထက်အမိန့်အရ ကျွန်တော်တို့ ဆုတ်လိုက်ရတယ်။ လေယာဉ်နဲ့ ဝေဟင်ကနေပသ်မှတ်ထားခြေမှုန်းတယ် သူတို့သေနတ်တွေ ကျွန်တော်တို့ ကားနဲ့တောင် စုပြီးသယ်ရမှာ တူးမီးတွေကော" ဟု ဒီးမော့ဆိုတပ်မ‌တော် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

တပ်မ‌တော် သည် လွိုင်ကော်ရှိ အမှတ် ၃၅၆ အမြှောက်တပ်ရင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာသို့ အမြှောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး အလုံး ၅၀ ခန့် ပစ်ခတ်ခဲ့သည်ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။ 

တပ်မတော်ကာကွယ်ရေးတပ်ဖွဲ့ဝင်များကနှစ်ဖက်ညှပ်ပိတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကုန်းသာရွာတိုက်ပွဲတွင် လက်နက်အင်အား လူအင်အားမမျှပဲစအကြမ်းဖက်အဖွဲ့ဘက်က အထိနာခဲ့ခြင်းဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ဒီးမော့ဆိုခြေမြန်တပ်ရင်း တပ်ဖွဲ့ဝင်က ပြောသည်။ 

“ကျွန်တော်တို့ ကံမကောင်းတာက သူတို့ကဝပ်နေကြတယ် နယ်မြေသာတာပေါ့။ ကျွန်တော်တို့ကတော့ထွက်တဲ့ခေါင်းတွေ အကုန်ပစ်တော့ သူတို့ခေါင်းမဖော်ရဲတဲ့အချိန်မှာ နောက်ကနေ အမြောက်တပ်ကထပ်ပစ်တော့ သူတို့အများကြီး ကျဆုံးတာပေါ့” ဟု ၎င်းက ဆိုသည်။

မေ ၂၁၊ ၂၃၊ ၂၅ နှင့် ၃၁ ရက်နေ့များက အပြင်းအထန်တိုက်ပွဲဖြစ်ပွားသော နေရာများတွင် သေဆုံးခဲ့သူအကြမ်းဖက် ၁၇၆ ဦးအပြင် အခြားနေရာများတွင်လည်း အကြမ်းဖက်ရန်ကြိုးစားနေသော အကြမ်းဖက် တစ်ဦးစ နှစ်ဦးစ ဖမ်းဆီးရမှုများလည်း ရှိသည်ဟု ဒီးမော့ဆို‌ခြေမြန် တပ်ဖွဲ့ဝင်က ဆိုသည်။
တပ်မတော် ပြောရေးဆိုခွင့်ရှိသူကမူ ကယားပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အကြမ်းဖက်များဘက်မှ အနည်းဆုံး ၂၀၀ ကျော်သေဆုံးခဲ့ပြီဟု ဆိုသည်။

“NLDပါတီ အာဏာရရေး ကနေ စပြီးဖြစ်ပွားတဲ့ တိုက်ပွဲရယ်။ ပြီးတော့တိုင်းရင်းသားသူပုန် နဲ့ ပေါင်းတိုက်တဲ့ပွဲရယ်၊ တချို့ဟာတွေသူပုန်တစ်ဖွဲ့တည်း ဦးစီးတိုက်တဲ့ပွဲတွေမှာဆိုရင် စစ်သွေးကြွတွေဘက်ဘက်က ကျွန်တော်ထင်တယ် ၇၀၀ ကျော်၊ ၈၀၀ ကျော်လောက်ရှိပြီ” ဟု ၎င်းက ပြောသည်။ NLD လေလှိုင်းအစိုးရအနေနှင့်စစ်သွေးကြွနှင့်သူပုန်များအားဆက်လက်မြှောက်ပေးနေပါက တပ်မတော်မှဆက်လက်ခြေမှုန်းမည်ဖြစ်ကောင်းကို "ကျွန်တော်တို့က ဒါအကြမ်းဖက်နေတာမဟုတ်ဘူး အများကြီးညှာတာထားတာ ဒါပေမယ့် ပြည်ထဲရေးကိုအကြမ်းဖက်တာလက်ခံနိုင်စရာမရှိဘူး NLD ရပ်တန်းကမရပ်ရင် စစ်သွေးကြွထောင်နဲ့ချီသုတ်သင်ဖို့ရှိတယ်" ဟုဆက်လက်ပြောကြားခဲ့သည်။

#တပ်မတော်သတင်းမှန်ပြန်ကြားရေး