Tuesday, June 8, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (18)

        2009-2010 ကစတင်ပြီး လည်ပတ်ခဲ့တဲ့ မြင်းခြံသံမဏိစက်ရုံကြီးဟာ semi Product အဆင့် ထုတ်လုပ်နေပါပြီ ။ ပင်းပက်က ကုန်ကြမ်း လုံလောက်စွာ မရသေးလို့ မှေးပြီး ထုတ်လုပ်နေရာက 1-1-2017 မှာ Air Speariation plant ပျက်သွားလို့ ရပ်ဆိုင်းထားရပါတယ် ။ 


      မင်းကင်းအမတ် ဦးမောင်မြင့်က စက်ရုံလည်ပတ်ဖို့ 1 % ပဲ လိုအပ်တာမို့ ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်မှာ တင်ပြပါတယ် ။ 

     စက်မှုဝန်ကြီးကလဲ ကျနော်ရေးပြထားတဲ့ အချက်အလက်တွေအရ စက်ရုံကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း တင်ပြထောက်ခံ ဆွေးနွေးခဲ့ပါတယ် ။

     မည်သို့ပင် အထောက်အထား အကျိုးအကြောင်း ပြည့်စုံစွာ တင်ပြနေပါစေ ပညာမဲ့ အမတ် အများစုဖြစ်နေတဲ့ NLD လွှတ်တော်ကြီးက ပယ်ချပြီး စက်ရုံ ပိတ်ထားပါလို့ မဲပေးဆုံးဖြတ်လိုက်ပါတယ် ။ 

      စက်ရုံလည်ပတ်နေရင် လျှပ်စစ် ၃၃ မဂ္ဂါဝပ်ပါ ထွက်ရှိတဲ့ မြန်မာ့အကြီးဆုံး အဆင့်မြင့် သံမဏိစက်ရုံကြီးဟာ အနောက်အုပ်စုရဲ့ ပြည်ပအကြံပေးတွေ ယုတ်မာစွာ အကြံပေးခဲ့တဲ့ အတိုင်း အမတ်ယုတ်တွေ ကန့်ကွက်လို့ ရပ်ဆိုင်းသွားခဲ့ရပါတယ် ။ 

       ဒါကိုပဲ နောက် ၃ နှစ်အကြာ လွှတ်တော်အတွင်းမှာ NLD အမတ် ဒေါ်ငြိမ်းသက်နွယ်က အတိုး အရင်း ဘယ်လောက်ဆပ်နေရပါပြီ ဆိုကာ ယခင် လုပ်ဆောင်ခဲ့တဲ့ တပ်မတော် နဲ့ ဦးသိန်းစိန် တို့ရဲ့ အမျှော်အမြင်ရှိတဲ့ လုပ်ဆောင်ချက်ကို ရှုံ့ချသတဲ့ ဗျာ ။ 

        99 % ပြီးနေတဲ့ စက်ရုံကြီးကို 1 % အရင်းမထည့်ပဲ မိုက်မဲရူးသွပ်စွာ ရပ်တံ့ခဲ့တဲ့ လူယုတ်မာတွေက တပ်မတော် နဲ့ ပြည်သူကို ကောက်ကျစ်စွာ တပြန်စီး စွတ်စွဲခဲ့တာ ရင်နာစရာပါ ပဲ ။ 

      တဆက်တည်း ပြောရမယ် ဆိုရင် မြင်းခြံ စက်ရုံရဲ့ အမွှာညီအကို ဖြစ်တဲ့ ပင်းပက် စက်ရုံကိုလည်း နည်းပညာက ကမ္ဘာပေါ်မှာ ဘယ်သူမှ မသုံးသေးတဲ့ နည်းပညာ ဖြစ်နေလို့ ရယ် စီးပွားရေး တွက်ခြေကိုက်မကိုက် မသိရသေးဖူး ဆိုပြီး 95% လောက် ပြီးနေတဲ့ သံရိုင်းစက်ရုံကိုပါ ပိတ်ပစ်ပါတော့တယ် ။ 

     တကယ်တော့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှာကို မလိုလားတဲ့ အနောက်အုပ်စုရဲ့ အကြံပေးတဲ့ အတိုင်း NLD တွေဟာ အသိတရား ကင်းမဲ့စွာ နဲ့ တိုင်းပြည်ရဲ့ ခြေလက်တွေကို ယုတ်ယုတ်မာမာ ရက်ရက်စက်စက်  ရိုက်ချိုးခဲ့တာပါပဲ ။ 

         ဒါတွေဟာ မြန်မာပြည်အတွက် အကျိုးမဲ့စေခဲ့တဲ့ လုပ်ရပ်တွေသာ ဖြစ်ပြီး တပ်မတော်က တိုင်းပြည်ဖွံ့ဖြိုးဖို့ စီမံဆောင်ရွက်ခဲ့တာတွေကို အနောက်ကျွန် NLD တွေ ယုတ်မာစွာ ဖျက်ဆီးခဲ့တဲ့ နစ်နာမှုကြီးတွေပါပဲ ။ 

          ကျနော် ပြန်ကောက်ပါရစေ ။ 

၁ ။ မြစ်ဆုံ ရပ်ထားတော့ မြစ်ညှာမှာ မဂ္ဂါဝပ် ၂၀၀၀၀ လောက် ထွက်ရှိမယ့် စီမံချက် ၇ ခု နဲ့ အစားထိုးဖို့ ဦးသိန်းစိန် အဆိုပြုပေမယ့် အဆင်မပြေတော့ပါဘူး ။ အကယ်၍ လုပ်ဆောင်ခဲ့ကြမယ် ဆိုရင် မြန်မာပြည်ဟာ ဒီနေ့ ၂၀၂၁ မှာ အလျှံပယ်သော လျှပ်စစ် နဲ့ တနှစ်ကို ဒေါ်လာ တစ်ဘီလီယံကျော် ဝင်နေပါပြီ ။ 

၂ ။ သံမဏိစက်ရုံကြီးသာ ဆက်လက် လည်ပတ်ခဲ့ကြရင် ယနေ့ဆိုလျှင် မသုံးတတ်တဲ့ ပေါများလှသော သံကျောက်ရိုင်းများမှ အကောင်းစား သံမဏိများ ကိုယ်ပိုင်ထုတ်လုပ်ပြီး ကာကွယ်ရေး ယာဥ်တွေတည်ဆောက်ရေး နဲ့  ပြည်ပက နိုင်ငံခြားငွေပါ သဲ့ယူနေရပါပြီ ။

       ဝမ်ပေါင်ကြေးနီ နဲ့ ပိုက်လိုင်းကိစ္စ အထမြောက်တာနဲ့ပဲ ကျေနပ်နေရတဲ့ အနေအထားကို ချိန်ဆကြည့်နိုင်ပါပြီ ။ 

        ဒါတွေက တပ်မတော်ရဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့မှု နဲ့ NLD ရဲ့ ယုတ်မာမှုတွေကို ထင်သာမြင်သာ ဖြစ်စေတဲ့ စီမံကိန်းကြီးတွေပါပဲ ။ 

      ကျနော် နိုင်ငံရေးဖက် ပြန်သွားပါမယ် ။ ဦးသိန်းစိန်ဟာ စတင်ပြီး တာဝန်ယူကတည်းက ဒီမိုစနစ် နဲ့ သူတို့အစိုးရဟာ အခုမှ စတင်ရတာမို့ အမှားအယွင်းဖြစ်နေခဲ့ရင် နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် ။ 

       ဦးသိန်းစိန်ဟာ တလတကြိမ် ပြည်သူတွေကို လေးစားစွာ မိန့်ခွန်းပြောပါတယ် ။ အစိုးရ တည်ဆောက်ရေး လုပ်ငန်းများ နဲ့ မူဝါဒများကို ချပြလေ့ ရှိပါတယ် ။

       ငြိမ်းချမ်းရေး အတွက် အားသွန်ခွန်စိုက် လုပ်ကြပါတယ် ။ ကျနော့်တသက်မှာ ပါဝါရှယ်ယာ ခွဲဝေမှုပညာ မှာ ဦးသိန်းစိန်ဟာ အလွန်တော်ပါတယ် ။ သူဟာ အရာရာကို ဝင်ရောက်မစွက်ဖက်ပါဖူး ။ ငြိမ်းချမ်းရေးဆိုရင် ဦးအောင်မင်းတို့ကို ဆုံးဖြတ်ခွင့် ပေးထားပါတယ် ။

        ခေတ်အလှဲ့အပြောင်းကို တည်ငြိမ်အေးချမ်းစွာ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ် ။ ထူးခြားစွာပဲ ဦးသန်းစိန်ရဲ့ အပြောင်းအလဲတွေကို ပြည်သူတွေ လက်ခံလာကြပါတယ် ။ 

     ကျနော့်တသက်မှာ စစ်သားလူထွက် သမ္မတ တဦးကို ဘယ်သူကမှ အာဏာနဲ့ မဆင့်ခေါ်ပဲ လေဆိပ်ထိ အားရဝမ်းသာ ကြိုဆိုခဲ့တဲ့ မြင်ကွင်း မမြင်ဖူးခဲ့ပါဘူး ။ 

     ဦးသိန်းစိန်ဟာ သဘောထားကြီးစွာပဲ နိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ပေးခဲ့ပါတယ် ။ ပြည်ပက နိုင်ငံသားတွေကို ပြန်လည်လက်ခံခဲ့ပါတယ် ။ 

      ယနေ့ ဖြစ်ပျက်နေမှုအပေါ် ကျားသေကို အသက်သွင်းခဲ့သူ အဖြစ် ဦးသိန်းစိန်အား အပြစ်တင်သူတွေ ရှိကြပါတယ် ။ ကျနော့်အမြင်တော့ ဒီလို ဖြစ်မယ် ဆိုတာ သူဘယ်သိနိုင်ပါ့မလဲ ။ 

      ဦးသိန်းစိန်က လူရိုးဆိုတော့ ရိုးသားစွာပဲ အတူပေါင်းလုပ်ကြမယ် ထင်ပြီး ဖြေလျှော့ပေးခဲ့တာပါ ။ လုံးဝ မှားတယ်လို့ မဆိုနိုင်ပါဖူး ။ ဘာလို့လည်းဆိုတော့ ယနေ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ၊ ဘာသာ သာသနာ အတွက် ခံတပ်ကြီးတွေ ဖြစ်နေတဲ့ ရွှေဝါရောင် သံဃာတွေဟာ ဦးသိန်းစိန်ကြောင့် လွတ်လာပြီး သာသနာကို စောင့်ရှောက်နေကြတာပါ ။ 

       နောက်ထင်ရှားတဲ့ ကိုမိုးဟိန်း ၊ ကိုအောင်မင်း ၊ ကိုဝင်းမော် (ရွှေသံစဥ်) ၊ ဒေါ်ခင်ချိုဝါဝင်း အစရှိတဲ့ ၈၈ အစစ်တွေဟာ ဦးသိန်းစိန်ရဲ့ မူအရ အမျိုးသားရေး ခံတပ်ရဲ့ တိုက်စစ်မှူးကြီးတွေ အဖြစ် ပြောင်းလဲလာကြတာပါ ။ အများအပြား ကျန်ရှိနေပါမယ် ဒီနေရာမှာ အသင်းအဖွဲ့တွေ နဲ့  နေလေ့ မရှိတဲ့ ကျနော်ရဲ့ အားနည်းချက် ညံ့ဖျင်းမှုကြောင့် လူစုံအောင် မဖော်ပြတတ်တာကို ၈၈ လူဟောင်းများ သည်းခံပေးပါ ဗျာ ။

         အဲဒီပြောင်းလဲမှုတွေ ဖြေလျှော့မှုတွေ လုပ်ပေးပြီး နောက်ဆုံး ရွှေးကော် ဥပဒေအရ လူရာမဝင်ဖြစ်နေတဲ့ NLD အတွက် ဥပဒေတွေ ဖြေလျော့ ပြင်ဆင်ပေးခဲ့ပါတယ် ။ ၂၀၁၂ မှာ လူရာဝင်လာတဲ့ NLD နဲ့ ဒေါ်စုကြည်တို့ကတော့ အဖျက်စကား ခနိုးခနဲ့ စကားတွေ နဲ့ အပုပ်ချတဲ့ အလုပ်ကိုပဲ မီဒီယာအားကိုးနဲ့ ပြုလုပ်လာပါတယ် ။ 

        မီဒီယာ လွတ်လပ်ခွင့်ပေးခြင်း ၊ ဖြေလျော့မှုများပေးခြင်းနဲ့ အတူ တိုင်းပြည်အတွက် အဆိပ်တွေပါ သွင်းမိလျှက်သား ဖြစ်လာနေတာ ဘယ်သူမှ သတိမထားမိကြပါဘူး ။ 

......ဥပမာ ဒေါက်တာကျော်သူ (သုဘရာဇာ မဟုတ်) ရဲ့ ပေါင်းကူး INGO တို့ဆိုရင် ပညာရေးလိုလို လူမှုရေးလိုလို နဲ့ ကျနော်တို့ မျိုးဆက်တွေရဲ့ အသိဥာဏ်ထဲကို အဆိပ်တွေ ထည့်ပါတော့တယ် ။ ယဥ်ကျေးမှု ဓလေ့ထုံးစံတွေ အမျိုးသားရေး စိတ်ဓာတ်တွေကို တစစီ ဖျက်ဆီးနေပါပြီ ။ 

         အဲဒီအခြေအနေမှာ ဦးသိန်းစိန်ဟာ တိုင်းပြည်အတွက် ကြိုးစားဆောင်ရွက်ရာမှာ စီးပွားရေး ကဏ္ဍမှာ အံ့သြဖွယ် တိုးတက်လာပါတယ် ။ ကမ္ဘာကနေ အံ့သြရလောက်တဲ့ GDP ဟာ 2013 မှာ စံချိန်တင်ခဲ့ပါတယ် ။ 

        13 % ကျော်ဖြစ်လာတဲ့ GDP အရ နောက်ထပ် ဆယ်နှစ် ထိမ်းထားနိုင်ရင် ခင်ဗျားတို့ ပြောနေတဲ့ စက်ာပူကို တကယ်ကျော်သွားမှာပါ ။ ဒီနေရာမှာ ချီးကျူးရမယ့်သူက စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ပါပဲ ။

      သူ့ကို ဦးသိန်းစိန်က စီးပွားကူးသန်းဝန်ကြီး လုပ်ဖို့ တောင်းဆိုတော့ ကျနော်က အရပ်သားပါ အုပ်ချုပ်ရေးလည်း နားမလည်ပါဘူး မလုပ်ပါရစေနဲ့ လို့ ငြင်းခဲ့သူပေါ့ ။ 

     တံဆည်သား ဆန်ကုန်သည် ဦးဝင်းမြင့်ကို ဦးသိန်းစိန်က ခင်ဗျားနားလည်သလို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးမယ် ကျုပ်လိုချင်တာ တိုင်းပြည်စီးပွားရေး တိုးတက်လာဖို့ ပဲ ခင်ဗျားလုပ်တတ်ပါတယ် မကြောက်ပါနဲ့ လုပ်ပါ ဆိုပြီး ပြောခဲ့ပါတယ် ။ 

     စီးပွားရေး တိုးတက်လာတော့ အဲဒီ အညာသား အရပ်သားဝန်ကြီးကို အင်တာဗျူးတယ် ဗျ ။ 
ဝန်ကြီး ဘယ်လိုစီမံဆောင်ရွက်လို့ ဒီလို စီးပွားရေးတွေ တိုးတက်လာရပါသလဲ ပေါ့ မေးပါတယ် ။

    သူပြန်ဖြေတာကြည့်အုံးလေ ။ 
ကျနော်က နိုင်ငံခြားရောက်ရင် သူ့ဆီက ဘယ်ပစ္စည်း စျေးချိုချိုနဲ့ရနိုင်မလဲ ၊ ကိုယ့်ဆီက လယ်ယာထွက်ကုန် ဘယ်ကုန်ကို စျေးကြီးကြီး နဲ့ ရောင်းလို့ ရမလဲဆိုပြီး ဦးတည်ဆွေးနွေတာဗျ ဒါကြောင့် သွင်းကုန်တွေ စျေးချိုပြီး ထုတ်ကုန်တွေ စျေးကောင်းရလာလို့ စီးပွားရေး တိုးတက်လာတာပါ မဆန်းပါဘူး တဲ့ ။ 

     ကဲ မဆန်းပါဘူးဆိုတဲ့ ဝန်ကြီးရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက်ထိရောက်ခဲ့သလဲ အားလုံးသိမှာပါပဲ ။ အထူးသဖြင့် တောင်သူတွေ အသိဆုံးပါပဲ သီနှံစျေးကွက်တွေ ဦးသိန်းစိန်ခေတ်မှာ ဘယ်လောက်စျေးကောင်းရခဲ့တယ် ဆိုတာ မျိုးဝင်း ပြန်ပြောစရာ မလိုပါဘူးလေ ။

      အဲဒီလို လုပ်ဆောင်ချက်တွေကြောင့် တချက် ဖြောင့်မတ်ရိုးသားတဲ့ ဦးသိန်းစိန်ရဲ့ စိတ်ထားကြောင့် တချက် တိုင်းပြည်ဟာ အင်မတန်တိုးတက်လာပါပြီ ။ 

    ပြည်တွင်းငြိမ်းချမ်းရေးကလည်း ပန်းခင်းသောလမ်းဖြစ်နေပါပြီ ။ ပြည်ပကလည်း ဆန်ရှင်တွေဖျက်မယ် ၊ ဘလက်လစ်တွေ ပယ်ဖျက်မယ်နဲ့ လေသံပစ်လာတော့ အားလုံးတက်ကြွလာရပါပြီ ။ 

     အမြင့်ပျံမယ့် ငှက်ကို အတောင်ပံ ဖမ်းချုပ်ထားသလို ယုတ်မာတဲ့ နိုင်ငံရေးသမားတွေက လုပ်ဆောင်လာပြန်ပါတယ် ။ သူတို့ဟာ ပြည်တွင်း ပြည်ပ အဆင်းမပြေမှုတွေ ဖြစ်အောင် အင်မတန် အောက်တန်းကျစွာ ပြောဆို ပြုမူဆောင်ရွက်လာတာတွေကတော...........

       မျိုးဝင်း