Thursday, June 10, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (21)

          ပညာရေးနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် ပြောခဲ့တာက ကျောက်ဆည်မြို့နယ်အတွင်းက ဒေသတခုမှာ ဖြစ်ပါတယ် ။ ကျင်းပတဲ့ အခမ်းအနားက မြစိမ်းရောင် စီမံကိန်းအတွက် ကျေးလက်ချေးငွေ ပေးအပ်တဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ ။ 

       သူပြောချင်တဲ့ ဆိုလိုရင်းက ဘက်ဂျက်တွေ ခွဲဝေသုံးစွဲရတဲ့ အခါမှာ ရရှိလာတဲ့ ဘက်ဂျက်ခေါင်းစဥ်အရ ကြွေးမြှီပြန်ဆပ်ရမယ့် ချေးငွေ နဲ့ ပြန်ဆပ်ရန်မလိုတဲ့ အကူအညီပေးသော ထောက်ပံ့ငွေဟူ၍ ရှိကြောင်း ၊ ယခုလို မြစိမ်းရောင် ချေးငွေသည် ပြန်ဆပ်ရမည့် ဘက်ဂျက်ချေးငွေထဲမှ အသုံးပြုရသည့်အတွက် ချေးငွေမှန်မှန်ပြဆပ်ရန် အရေးကြီးကြောင်း ၊ ကျန်းမာရေး ပညာရေး အသုံးစရိတ် ကဏ္ဍများသည်း အရင်းပြန်မရသည့် မြှပ်နှံမှု လုပ်ငန်းများဖြစ်၍ ပြန်ဆပ်ရန်မလိုသည့် ထောက်ပံ့ငွေ ဘက်ဂျက်များမှသာ အများဆုံးကျခံသုံးစွဲ ရမည် ဖြစ်ကြောင်း.........

      အဲဒီလို ဘက်ဂျက်သုံးစွဲရပုံ နဲ့ ချေးငွေတွေ အလဟဿမဖြစ်စေပဲ ပြန်လည်ပေးဆပ်ဖို့ မိန့်ခွန်းပြောခဲ့တာပါ ။ အဲဒါကို ဖြတ် ညှပ် ကပ် လုပ်ပြီး ယုတ်မာစွာ အပုပ်ချနေကြတာ ယနေ့တိုင်ပါ ပဲ ။

        ဦးသိန်းစိန်ရဲ့ မြစိမ်းရောင် စီမံချက်ကလည်း ချီးမွမ်းစရာ အစီအမံတွေ ပါရှိပါတယ် ။ ခရိုနီတွေကို မြစိမ်းရောင် အတွက် အတိုးသက်သာတဲ့ ချေးငွေတွေ ချေးပေးခိုင်းပါတယ် ။ 

     အဲဒီအတွက် ခရိုနီတွေကို အစိုးရကနေ ချေးငွေကမာဏ အရ အချိုးကျ အခွန်ကင်းလွတ်ခွင့်  ပေးလိုက်ပါတယ် ။ အမှန်ကတော့ အစိုးရရဲ့ ရရှိမယ့် အခွန်တွေကို ဆင်းရဲသား လယ်သမားများအား ကူညီထောက်ပံ့ခြင်း တမျိုးပါပဲ ။ 

    အဲဒီလို မြစိမ်းရောင် စီမံကိန်းတွေ အောင်မြင်လာတော့ သက်ဆိုင်ရာ ပြည်နယ် တိုင်း ဝန်ကြီးချုပ်များဟာ မြစိမ်းရောင် စီမံကိန်း အသေးစားတွေကို သူတို့ ဆိုင်ရာ နယ်တွေမှာ သူတို့ အစီအစဥ် နဲ့ ပြုလုပ်ကြပါတယ် ။ 

     အာဏာလက်ဝယ်ရှိနေသော ဝန်ကြီးချုပ်များဟာ သူတို့ဒေသအတွင်းရှိ အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ရံပုံငွေ အလှူခံဲပါတယ် ။ မိမိလုပ်ပိုင်ခွင့်ထဲမှ အခွင့်အရေးတချို့ ပေးကမ်း အလှူခံကြပြီး ငွေစုပါတယ် ။ အဲဒီငွေတွေ ရလာတော့ ဖောင်ဒေးရှင်းထောင်ကြပါတယ် ။ 

      ဖောင်ဒေးရှင်းတွေကတဆင့် လုပ်ငန်းရှင် ပေါက်စတွေကို အတိုးသက်သာစွာနဲ့ ငွေချေးပါတယ် ။ တိုးရင်းပေါင်း များလာတဲ့ ငွေတွေနဲ့ လုပ်ငန်းရှင်ငယ်တွေကို ချေးပေးခဲ့ကြပါတယ် ။

     အစိုးရဘက်ဂျက်နဲ့ မသက်ဆိုင်တဲ့ ဖောင်ဒေးရှင်းငွေတွေ ဖြစ်လို့ ဦးသိန်းစိန် နဲ့  ဒေါ်စုကြည် တို့ အစိုးရခြင်း အပြောင်းအလဲဖြစ်သော်လည်း ဖောင်ဒေးရှင်းများက သီးခြား ရက်တည်ပြီး ငွေတွေ ချေးပေးနေဆဲပါပဲ ။ 

      အဲဒီ အချိန်မှာ NLD အစိုးရဟာ ဒီဖောင်ဒေးရှင်းပိုင် ငွေတွေကို မျက်စောင်းထိုးလာပါတယ် ။မဆီမဆိုင် လွှတ်တော်မှာ တင်ပြပြီး ဖောင်ဒေးရှင်းငွေတွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း အစိုးရကို ပြန်အပ်ရမယ် ဆိုပြီး မတော်သြဇာသုံး လုပ်ဆောင်လာပါတယ် ။ 

           ဥပဒေအရ ဒီဖောင်ဒေးရှင်းက ငွေများသည် အစိုးရဘက်ဂျက် မဟုတ်ပဲ ဝန်ကြီးချုပ်ဟောင်းများ တည်ထောင်ထားတဲ့ ပုဂ္ဂလိက ဖောင်ဒေးရှင်းပိုင် ငွေများသာ ဖြစ်တဲ့ အတွက် ဥပဒေနဲ့ အညီ တရားဝင် အသင်းအဖွဲ့ရဲ့ ငွေကြေးကို အစိုးရထံ မအပ်နှံနိုင်ကြောင်း အကြောင်းပြန်ပါတယ် ။

       ဒါကြောင့်ပြဿနာ မပြီးပြတ်ချိန်မှာ သမ္မတဦးဝင်းမြင့်က ပေးကို ပေးရမည် မပေးလျှင် တရားစွဲ ထောင်ချမည်ဟု ဥပဒေမဲ့ အနိုင်ထက် ပြုကျင့်လာရာ လူကြောက်ကြီးတွေ ဖြစ်ကြတဲ့ ကြံ့ခိုင်ရေး စစ်ထွက် ဗိုလ်ချုပ်ကြီးတွေက သမ္မတအမိန့်ပဲ ပေးကြပါဆိုပြီး ညှိနှိုင်း ပေးအပ်လိုက်ကြပါတယ် ။ 

     မိမိဖက်က ၁၀၀ % မှန်ကန်နေသော ကိစ္စကိုပင် ဒူးထောက် အရှုံးပေးကြတဲ့ ဗိုလ်ချုပ်ဟောင်းတွေကြောင့် ကြံ့ခိုင်ရေး ပါတီဟာ ပြည်သူ့ငွေတွေ ခိုးထားပြီး NLD က ရအောင် ပြန်တောင်းတယ် ဆိုတဲ့ အဖြစ်မျိုး ပြည်သူတွေ မြင်သွားလို့ နိုင်ငံရေးအရ ရှုံးနိမ့်သွားရပါတယ် ။ 

        ဒီလိုဖြစ်တော့ ကြံ့ခိုင်ရေး ပါတီ နစ်နာသလို ငွေချေးထားတဲ့ လုပ်ငန်းရှင်ပေါက်စတွေလည်း ပျားတုတ်ကြရတာပါပဲ ။ လုံးကနဲ ပြန်ဆပ်ဖို့ဆိုတာ မဖြစ်နိုင်ဖူးလေ ။ ဒါကိုပဲ ဝန်ကြီးချုပ်ဟောင်းတွေက ဘယ်လောက်ညံ့သလဲ ဆိုရင် ဒီလုပ်ငန်းရှင်ပေါက်စတွေ အခက်အခဲ မဖြစ်ရလေအောင် အရစ်ကျပြန်ပေးပါရစေ ဆိုပြီး ခေါင်းခံ ဖြေရှင်းပေးသတဲ့ ။

    ကိုင်း သူခိုးကြီးတွေ လုံးလုံးဖြစ်ပြီး မိအေး နှစ်ခါမက အကြိမ်ကြိမ် နာခဲ့ရပေပြီ ။ အဲလို နိုင်ငံရေး အသိပညာလောက်နဲ့ ဝန်ကြီးချုပ်တွေ ရှိနေတဲ့ ကြံ့ခိုင်ရေးပါတီဟာ စေတနာ မှန်သော်လည်း နိုင်ငံရေး ပညာနည်းပါးပါတယ် ။ ဒါကြောင့် အလွန်ကောက်ကျစ်တဲ့ NLD လို ပါတီမျိုးနဲ့ ယှဥ်ပြိုင်ဖို့ ဆိုတာ အတော်ကျိုးစားရပါလိမ့်မယ် ။ 

        ဒီလို အချက်အလက် အကျိုးအကြောင်းတွေကို ကျနော်တို့လို ပြင်ပကနေ လေ့လာသူတွေ သိကြပေမယ့် ကြံ့ခိုင်ပါတီ အတွင်းရှိ ပါတီမှီ၍ ကြီးပွားနေသူများ ပါတီထမင်းစားနေသူများက မသိကြပါဖူး ၊ လူထုသိအောင်ကျယ်ကျယ်ပြန့်ပြန့် မတုန့်ပြန်နိုင်ကြပါဖူး ။ 

         ဦးသိန်းစိန်အက