Thursday, June 10, 2021

ကိုယ့်အဆင့်ကို သိသင့်ပြီ

       ​နေ့လည်စာ ထမင်းစားပြီးမှ ကိုစိုးရောက်လာတယ် ။ ကဲ အချိုတည်းဖို့ လက်ဖက်ရည် Go ကြစို့ ဆိုပြီး အချိန်ကိုက် လစ်လာကြတယ် ။ လဖက်ရည်သောက်ပြီးတာ နဲ့ လာပါပြီ...

"ငမျိုးရေ ဘွားတော်ကြီးကို အမှုတခု ထပ်တိုးပြန်ပြီနော် ''

"အင်းးးတိုးမယ်ဆို ရှိသမျှ ရာဇသတ်ကြီး ပုဒ်မ အကုန်တိုးလို့ ရနေတာပါ ဗျာ သူ့အသက်အရွယ် နဲ့ ချိန်ဆပြီး နစက အနေနဲ့ မျှောနေတာပါ ''

"နေပါအုံး အခု အဂတိမှုက ဖြိုးမင်းသိန်း ထွက်ချက်နဲ့ ငြိနေတာ ကြာပြီလေ အခုမှ ဘာလို့ ထစွဲရတာလည်း ကွ ''

"သြော် သက်သေတွေ စုံသလောက် ခိုင်ခိုင်မာမာ ရသွားလို့ပေါ့ ဗျာ ဇင်ဝိုင်းကြီးကို အလကားနေရင်း လွှတ်ပေးတယ် ထင်သလား ဗျ နောက်ပြီး တရုတ် အာဆီယံ အစည်းအဝေး အပြီး ပုဒ်မ ထပ်တိုးတာ ဦးဝဏ္ဏမောင်လွှင်ရဲ့ အက်ရှင် အောင်မြင်တဲ့ လဏ္ခာပဲ ဗျ ''

"အဲဒီပုဒ်မက ပြစ်ဒဏ်ဘယ်လောက် ကျမှာလဲ ''

"၁၅ နှစ် အထိ ကျနိုင်တယ် ''

"အေး ဒါနဲ့ တို့ ကိုအောင်မင်းကြီး အပစ်ခံရတာ ဟုတ်သလား ကွ''

"လုပ်ပြီ မဟုတ်ပါဖူး ဗျာ ဟိုလူကြီး ကိုဝင်းမော် ရွှေသံစဥ်က ကိုအောင်မင်း  သူ့ဆီ မလာပဲ အိမ်တွင်းအောင်းနေလို့ စလိုက်တာပါ အဲဒါကနေ ပွ သွားတာဗျ ''

"အေးပါကွာ မဟုတ် တော်သေးတာပေါ့ ဒါနဲ့  အကြမ်းဖက် ခံနေရတဲ့ ပြည်သူတွေ ရှိနေတုန်းနော် ''

"ခင်ဗျားကလည်း ဗျာ ရှိနေမှာပေါ့ အကြမ်းဖက်တဲ့ လူယုတ်မာတွေ ကျန်နေသေးတာကိုး ကြောက်စရာ မလိုပါဖူး ဗျာ ''

"ဟ ဘယ်နှယ့် မကြောက်ရမှာ လဲ ကြောက်တာပေါ့ ကွ သူတို့က သေနတ်ရှိတယ်လေ ''

"ခင်ဗျား မှာ ပါးစပ်ရှိတာပဲ တိတိကျကျ သတင်းပေးလိုက် လာဖမ်းလိမ့်မယ် ခင်ဗျား တခုခု ဖြစ်ရင် ကိုယ့်ဝန်းကျင်က အနီတွေ လက်ချက်ဆိုတာ ဘာမှ မဖြစ်ခင်က စွတ်စွဲထား တိုင်ချက်ဖွင့်ထား ခြိမ်းခြောက်ထားပါတယ် ဘယ်သူတွေ ဘယ်ဝါတွေ ပါပေါ့ ဒီလို ပါးစပ်နဲ့ ကြိုကာထား ''

"မင်း အဘတွေက တိုင်လည်း ဖမ်းတာ မဟုတ်ဖူး ကွ ''

"ခင်ဗျား ထိထိရောက်ရောက် တိုင်ဖူးလား အခုဆို သတင်းတိကျရင် ချက်ခြင်း ရှာဖွေဖမ်းဆီးနေပြီ မသိပဲ ရမ်းတုတ်မနေနဲ့ ခင်ဗျားဖက်က သေချာဖို့ပဲ လိုတယ် ''

"အဲလိုတော့ အတိအကျ ဘယ်သိမလဲ ကွ ငါက စုံထောက်မှ မဟုတ်တာ ''

"မသိရင် မဖမ်းဖူး မပြောနဲ့ တိကျရင် ဖမ်းတယ် အမည် အဖအမည် နေလိပ်စာ အတိအကျပြော ဖမ်းကို ဖမ်းစေရမယ် အကြမ်းဖက်သမား မှန်ရင် အပြတ်ချေမှုံးဖို့ လုပ်နေကြပြီ ''

"အခုတလော အဖမ်းအဆီးတော့ ခပ်စိတ်စိတ် ဖြစ်လာတာ အမှန်ပဲ ကွ ''

"အဲဒါပဲလေ အခုဆို KNU ကလည်း ငရုတ်သီးနဲ့ ပေါင်းပြီး အထောင်းခံရမှာ စိုးလို့ ကြေညာချက် ထုတ်နေပြီ  မနေ့က ကော်ကရိတ်မှာ GZ 200 လက်နက်ချတယ်လို့ သတင်းတက်လာတယ် မှန် မမှန်တော့ မသိဖူးနော် တွေ့လိုက်တာ ပြောပြတာ ''

"အေး KIA ကလည်း ငြိမ်းချမ်းရေး ယူချင်တယ် ဘာညာ နဲ့ ပလီပလာ လုပ်လာပြန်ပြီ ဟေ့ ''

"GZ တွေ ဘဝ ပျက်ကုန်တာပေါ့ တည်ရာ မှီရာမရှိတော့ ပြည်တွင်းလှိမ့်ဝင်လာမှာ ဂရုစိုက်ကြဗျာ သတင်းတွေ ပေးကြပါ ဖမ်းနေပါတယ် ''

"အပြင်က ပြန်လာတဲ့ GZ တွေ စောင့်ကြည့်သတင်းပေးရင် ငြိမ်းချမ်းမှာလား ကွ ''

"သေချာတာပေါ့ ဒီကောင်တွေက ဖောက်ခွဲရေး သမားတွေပဲ ''

"ဒါဆို ငါတို့က ကြောက်စရာ မလိုတော့ဖူး ပေါ့ ''

"ကျနော်ပြောသလို တချိန်တုန်းက ဒလန်ပါဆိုပြီး သူတပါးကို လက်ညှိုးထိုး ဒုက္ခပေးခဲ့တဲ့ အိမ်ကို သွားပြီး ခပ်တည်တည်နဲ့ ငါ့ကို မဟုတ်တမ်းတရား ပြောနေတဲ့ မင်းတို့ မိသားစုကို စစ်တပ်သွားပြီး တိုင်မယ်လို့ ခပ်တင်းတင်း ပြောကြည့် ခင်ဗျားကို ခြေသလုံးဖက် တောင်းပန်ကြလိမ့်မယ် ''

"ဟုတ်ပါ့ မလား ကွာ ''

"ခင်ဗျားတို့က အရှိန်နဲ့ ကြောက်ပြနေတာကိုး ဗျ တချိန်က ရဲစခန်း လူအုပ်နဲ့ဝိုင်းပြီး ဖမ်းထားသူ ပြန်လွှတ် ဘာညာ နဲ့ အော်နိုင်ကြသေးရဲ့ လား ယုတ်ဆွ အဆုံး ဒန်အိုးဒန်ခွက် ခေါက်သံ ကြားရသေးလား ဗျ ''

"အင်းဟုတ်တော့လည်း ဟုတ်တာပဲ ကြောက်တာလည်း ကြောက်တာပဲ ကွ ''

"ကိုယ့်အဆင့် ကိုသိစမ်းပါ ဗျာ ဒီလိုကြောက်ပြမနေနဲ့ ဥပဒေလက်တံရှည်လာပြီ သူတို့ ကြောက်ရမယ့် အလှည့်ရောက်နေပြီ ကိုယ့်ဖက်က အကြမ်းဖက် သတင်းသာ တိတိကျကျ ပို့ပေးလိုက် ဖမ်းလိမ့်မယ် ''

"အိုကေ ဟုတ် မဟုတ် စမ်းကြည့်ရသေးတာပေါ့ ကွာ အကယ်၍ မင်းပြောသလို မဖမ်းရင်......''

"ခင်ဗျား ပြေးပေါ့ ဗျာ ''

"ခွေးကောင် လုပ်ပြီ အဟုတ်မှတ်နေတာ ''

"စတာပါဗျာ တကယ်သေချာရင် လက်တို့လိုက် ချိတ်ပေးမယ် မဟုတ်ရင် ခင်ဗျား ပြဿနာ ခင်ဗျားရှင်း ''

"အေး ဒါလည်း ဟုတ်တာပဲ သေချာမှ ပြောတော့မယ် ကွာ သတင်းပေးလို့ ဖမ်းနေရင်ပဲ ကျေနပ်ပြီ ကွာ ''

"ဖမ်းပါတယ် ဆို ကဲ ပြန်ကြစို့ မကြောက်နဲ့တော့ သူတို့က ခင်ဗျားတို့ကို ကြောက်ရမယ့် အချိန်ရောက်လာပြီ ''

            မျိုးဝင်း