Monday, June 7, 2021

အလုံးစုံပျက်သုန်းရေး

.
            crd@Ba Maung
 🟣  ( အလုံးစုံပျက်သုန်းရေး )

" တွေ့ဆုံဆွေးနွေးမလား၊
   အလုံးစုံပျက်သုန်းခံမလား..
   တခုခုကိုရွေးချယ်ရလိမ့်မယ် "

တချိန်က သူမပြောခဲ့တဲ့စကား
ပြောတဲ့အတိုင်း တကယ်လုပ်သွားတယ်
အစိုးရဖြစ်ခွင့်ပေးခဲ့တာတောင်
မကြေနပ်နိုင်သေးပဲ၊ နိုင်ငံကို အလုံးစုံ
ပျက်သုန်းရေးလမ်းကြောင်းပေါ်တင်ပေး
သွားသေးတယ်၊

အတော်အကုသိုလ်ကြီးသူပါပဲ၊
မယ်နုက အာဏာရမက်လောက်သာရှိတာ
ရမက်ပေါင်းစုံနဲ့ အာဃာတအစုံရှိသူက
မိဘုရားမဟုတ်တဲ့ ခေတ်သစ် မယ်နု၊

.................

CDM လုပ်တယ်
ဗြူရိုကရေစီယန္တာရားကိုရိုက်ချိုးပြီး
အုပ်ချုပ်ရေးပျက်ပြားအောင်၊

CRPH, NUG ဖွဲ့တယ်
နိုင်ငံတကာ အသိအမှတ်ပြုမှု နှောက်ယှက်ခြင်းနဲ့
ဖိအားတိုးပွားစေဖို့၊

အကြမ်းဖက်တယ်
ပြည်သူတွေကြောက်လန့်အောင်၊ ခြောက်လှန့်ပြီး
စီးပွားရေးမဏ္ဏိုင် ယိုင်လဲစေဖို့၊

ဘဏ်တွေအကြပ်အတည်းတွေ့စေတယ်
နိုင်ငံ့စီးပွားရေး ပြိုလဲစေဖို့၊

လာပြန်ပြီ
ဘုရား၊ ကျောင်းကန်၊ သံဃာတွေကို
ဖျက်စီး၊ သတ်ဖြတ်ပြတယ်
ဘာသာရေး အဓိကရုဏ်းဖြစ်စေပြီး
နိုင်ငံတကာပါလာအောင်လို့၊

ဒိလောက် .....
ယုတ်မာ၊ ပက်စက်၊ ကောက်ကျစ်တာမျိုး
လွတ်လပ်ရေးရပြီးနောက်ပိုင်း
ဘယ်လက်နက်ကိုင် အဖွဲ့မျိုးဆီမှာတောင်
မတွေ့ခဲ့ရဖူးဘူး၊

အင်္ဂလိပ်ကျွန်တမျိုးထဲမှာသာ
တွေ့ရတဲ့ အောက်တန်းစားစိတ်မျိုး။

.................

တော်လှန်ရေးလား
အလုံးစုံဖျက်စီးရေးလား ?

ချေဂွေဗားရား ကြားဖူးမှာပေါ့
တကယ့်တော်လှန်ရေးသမားကြီးစစ်စစ်
ကျူးဘားခေါင်းဆောင် ကက်စ်ထရို
သူ့ညီ ရာအူးရ်ကက်စ်ထရိုတို့နဲ့ တွဲလုပ်ခဲ့တဲ့
ထိတ်တန်းခေါင်းဆောင်၊ ပညာတတ် ဆရာဝန်၊

" ချေ"  ဘာပြောခဲ့သလဲ
တော်လှန်ရေးလုပ်ရင်၊ ပညာတတ်ပါ
ကိုယ်ကျိုးစွန့်ပါတဲ့။

လေးတန်းမအောင်တဲ့ လွှတ်တော်အမတ်
တချို့ ဦးဆောင်တဲ့ လုပ်ရပ်က
တော်လှန်ရေးမဟုတ်ဘူး၊ အကြမ်းဖက်
အကြမ်းဖက်မှ တကယ့်အကြမ်းဖက် သက်သက်၊

တော်လှန်ရေးဆိုတာ
တိုင်းပြည်ကောင်းအောင်လုပ်တာ
အခု လုပ်နေတာက
နိုင်ငံ၊ လူမျိုး၊ ဘာသာ ဖျက်ဆီးရေးလုပ်နေကြတာ၊
နေရာပြန်မရတော့တဲ့  အာဏာရမက်ဒေါသတွေ
လေးတန်းလောက်ရဲ့ အတ္တအခိုးအလျံတွေ

တန်ဘိုးကြီးတဲ့ " တော်လှန်ရေး" ဆိုတဲ့
စကားလုံးမျိုးဟာ သူတောင်းစားပါးစပ်က
နတ်စကား ထွက်သလို၊ မဖြစ်စကောင်းပါ။

...................

ဒေဝဒတ်က
ဗုဒ္ဓနေရာကိုသာလုတာ
တိုင်းနိုင်ငံနဲ့ ဘာသာကိုမဖျက်ခဲ့ဘူး၊

ဇိဉ္စမန္ဏကလည်း ဘုရားကိုသာ
အရှက်ခွဲဖို့ကြိုးစားခဲ့တာ
ဘာသာတရားကို မျက်စောင်းမထိုးခဲ့ဘူး၊

ခေတ်သစ် မရ်နတ်မယ်တော်က
အလုံးစုံပျက်စီးစေဖို့ အာဃာတတွေ
အသွေးအသားထဲ ပျံနှံ့နေခဲ့သူ
လားရာ လမ်းကြောင်း ဖြောင့်ပါစေ
အဖန်ငါးရာ၊ ငါးကမ္ဘာ ချမ်းသာပါစေဗျာ။

#ဘမောင်  ( 7.6.21 )

Related Posts:

  • Agent 🍁ဒီတစ်ခါ အတည်ရေးတာပါ။ တကယ် အတည်ရေးတာပါ။ ဖိရင်ကြွ၊ ထိရင်ချ၊ မိရင်ဖော်တဲ့ တော်လှန်ရေးဖိုက်တာ တွေကို မလှောင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရပ်ကွက်ထဲက ဇိုးသာသာကောင်တွေနဲ့ စုစည်းထားတာမို့ပါ။ ပထမဆုံးပြောချင်တာက ဘာလုပ်လုပ်ပေါ့။ က… Read More
  • Afghanistan အရှုပ်တော်ပုံ 🍁မြန်မာနိုင်ငံလိုပါပဲ။ ငါးနှစ်စာ အုပ်ချုပ်ဖူးတဲ့ တာလီဘန်တွေ အာဏာပြန်ရရေး ကြိုးပမ်းနေတဲ့ အာဖဂန်ကတော့ ပွဲကြီးပွဲကောင်းပါပဲ။ တာလီဘန်တပ်တွေ မြို့တော်ကိုကပ်လာတဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ အစိုးရတပ်တွေက လက်နက်တွေစွန့်ပြီး ထွက်ပြေးကြသတ… Read More
  • ကိုယ်တို့ နိုင်ငံကတော့ လက်မတင်လေးမှ လက်မတင်လေး လွတ်သွားခဲ့တာပါ .လေ ..? ??? မြန်မာနိုင်ငံကဒလက်မီဒီယာတွေက ဘာကြောင့် အမေရိကန်နဲ့ အာဖဂန်စစ်ပွဲအကြောင်း မရေးရဲကြပါသလဲ...? မနေ့က အာဖဂန်မှာ ၁၀ ခုမြောက်မြို့ကိုတာလီဘန်အစွန်းရောက်တို့ သိမ်းပါတယ်။ ရိုးရိုး သိမ်းတာ မဟုတ်ပါဘူး။ သိမ်းတဲ့မြို့က တာလီဘန် မဟုတ်သူအာဖဂန်… Read More
  • အာဖဂန်နစ္စတန် ကျဆုံးခြင်းရဲ့နောက်ကွယ်က အမွန္တရားမ်ား အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကြားမှာ တည်ရှိနေတဲ့ အာဖဂန်နစ္စ တန်ဟာ မြန်မာနိုင်ငံလိုပဲ ပထဝီအေနအထားအရ အရေးပါတဲ့နိုင်ငံဖြစ်တယ်။ အရှေ့ဘက် မွာ ပါကစ္စတန်၊ အနောက်ဘက်မှာ အီရန်နဲ့အရှေ့မြောက်မှာ တရုတ်နဲ့ထိစပ် နေတ… Read More
  • NLD မှ ညီအစ်ကိုအားလုံးကို တောင်းပန်ခြင်ပါတယ်စိတ်ရင်းကြီးနဲ့ကို တောင်းပန်တာပါ။ဘယ်လိုဘဲအမြင်တွေမတူကြပါစေ ကျွန်​တော် ​​တို့အားလုံးဟာတိုင်းရင်းသားညီအစ်ကိုတွေဘဲဆိုတဲ့ သံယောဇဉ်စိတ်ရှိနေပြီးဘယ်သူ့ ဘယ်သူကိုမှ ဘဝဆုံးပါးသွားတာမျိူးမှ မဖြစ်စေခြင်တဲ့စေတနာရယ်ပါ။တော်လှန်ရေးကြောင့် သ… Read More