Monday, June 7, 2021

နွားကျောင်းသားတွေ သိဖို့

နွားကျောင်းသားတွေ သိဖို့
==================
Ko Myo Win

Myo Winn.(ဖြေရဲရင် ဖြေပါ)

 ၁ ။ အမြန်လမ်းဘေး သရက်ဥယျာဉ် ဧက၅ရာ ဘယ်လိုပုံစံဘယ်ကပိုက်ဆံနဲ့ဝယ်တာလည်း

၂ ။ ပိုင်ဆိုင်မှုပြစာအိပ်ကိုဘာလိုပြန်ယူသွားရတာလည်း

၃ ။ မြစ်ဆုံ ကို ၂၀ဘီလီယံနဲ့ရောင်စတာကို၃ ဘီလီယံထဲ စာရင်းပြပီး၁၇ဘီလီယံ ဘယ်သူယူသွားတာလည်း

၄ ။ ပေးသွင်းဖို့ကျန်နေတဲ့ တိုင်းဒေသကြီးကြံဖွတ်အမတ်တေက ဘာလို့ငွေတွေပြန်မသွင်းတာလည့်းအာ့ငွေတွေဘယ်မှာလည်း 
လောလောဆယ်အာ့တာအရင်ဖြေ
 
၅ ။ ကြံ့ခိုင်ရေးရုံးတေဆောက်ထားတဲ့မြေနေရာတေက ဘယ်လိုမြေအမျိုးစားတွေလည်း

၆ ။ လက်ပတောင်းတောင် မြေဧက ၈ထောင်ကို တစ်နှစ်ငှားရမ်းခ ၂၉သိန်းနဲ့ဘယ်လိုလုပ်ပီးငှားပစ်လိုက်ရတာလည်း ။

       ကဲ မျိုးဝင်း ဖြေပြီ ။ 

၁ ။ သရက် ဥယာဉ် ဧက ၅၀၀ ကိစ္စ နဲ့ ပါတ်သပ်ပြီး ဦးသိန်းစိန်ကို အပိုင်ထုဖို့ NLD တွေ အာဏာရပြီးတာနဲ့ ဦးစားပေး အနေနဲ့ စစ်ဆေးခဲ့ရာ ဧက ၅၀၀ မဟုတ်ပဲ ဧက ၂၀ အား ဒေသ နဲ့ ကာလပေါက်စျေး တဧက ၆ သိန်းနှုံးနဲ့ တရားဝင် အရောင်းအဝယ် စာချုပ် ပြုလုပ်ပြီး ဝယ်ယူထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ် ။

၂ ။ ပိုင်ဆိုင်မှု ချိတ်ပိတ် စာအိတ်ဆိုတာ သမ္မတ တာဝန်ထမ်းဆောင်နေစဉ်ကာလ အတွင်း အဆမတန် ချမ်းသာကြွယ်ဝလာပါက အယုံအကြည်မရှိ အဆိုတင်သွင်း၍  စာအိတ်ပါ ပိုင်ဆိုင်မှုများနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ရန် အလို့ငှါ တင်ပြထားရခြင်း ဖြစ်ပါတယ် ။ 

         သမ္မတသက်တမ်း ပြီးဆုံးသည်အထိ မည်သည့် ပြဿနာမှ မပေါ်ပေါက်ခဲ့လျှင် ဤစာအိတ်ပါ ပိုင်ဆိုင်မှု အထောက်အထားသည် သမ္မတ (ငြိမ်း) ၏ ကိုယ်ရေးကိုယ်တာ ကိစ္စအဖြစ်သာ ပြန်လည် သက်ရောက်သွားပါ၍ ၎င်းထံသို့ ပြန်လည်ပေးအပ်ရပါမည် ။

၃ ။ မြစ်ဆုံ ကိစ္စမှာ ရောင်းစား၍ ရသော ကိစ္စမဟုတ်ပါဘူး ။ စီမံကိန်း ကုန်ကျစရိတ် မည်မျှဆိုတဲ့ ပြဿနာသာ ဖြစ်ပါတယ် ။ ငွေရှင်ဖြစ်သူက သူအဆင်ပြေသလို ရင်းနှီးမြှပ်နှံပါလိမ့်မယ် နိုင်ငံတော်နဲ့ မဆိုင်ပါဘူး ။ 

     နိုင်ငံတော်နဲ့ အချိုးကျဝေစုကို ဒီလိုရပါမယ်ဆိုပြီး ယခင် လျှပ်စစ်ဝန်ကြီးက ပြောသွားပါတယ် ။ 

 1 - ထွက်လာသော လျှပ်စစ် 10% free ရပါမယ် ။ 

 2 - ကုန်သွယ်ခွန် 10 %

 3 - အမြတ်ခွန်     10 % 

 4- မြေငှါးရမ်းခ     15 %
---------------------------------
    Total                45 %

       ပြန်ရောင်းချသော လျှပ်စစ် 90 %  မှ အမြတ်ခွဲတမ်း  55 % ထပ်ရပါ့မယ် ။ 

    စာချုပ်မိတ္တူ ၄ စောင်ကို သမ္မတရုံး ၊ လျှပ်စစ် ၊ နိုင်ငံခြားရေး ၊ အစိုးရမှတ်တမ်းရုံး တွေမှာ ထားပါတယ် ။ မယုံကြည်ဖူးဆိုရင် NLD အစိုးရကို ချပြခိုင်းလိုက်ပါ ။ 

     ဒေါ်စုကိုယ်တိုင် မြစ်ဆုံဆန့်ကျင်ရေးလုပ်ပြီး မဲချူထားတော့ စားရခက် ပစ်ရခက် ဖြစ်နေလို့ ခုချိန်ထိ ရူးလျင်ဟန်ဆောင်နေပါကြောင်း OK ။ 

၄ ။ တိုင်းဒေသကြီးအစိုးရ အဖွဲ့အချို့ဟာ သူတို့ သြဇာသုံးပြီး ဖောင်ဒေးရှင်းတွေ ဖွဲ့စည်းထားကြပါတယ် ။ အလှူငွေတွေ နဲ့ စုဆောင်းဖွဲ့စည်းထားပြီး ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ငန်းငယ်တွေကို အတိုးသက်သာစွာနဲ့ ချေးပြီး ရလာတဲ့ ငွေတိုးနဲ့ ဒေသဖွံ့ဖြိုးမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ် ။ အစိုးရ ဘက်ဂျက် မဟုတ်ပါဘူး ။ 

   အစိုးရ အပြောင်းအလဲဖြစ်တော့ သူတို့လည်း ဖောင်ဒေးရှင်းတွေ မဖျက်ပဲ ဆက်လက်ဆောင်ရွက်ခဲ့ရာ NLD အစိုးရက ယင်းငွေများကို ပြန်လည်တောင်းခံကြပါတယ် ။ မူလက မပေးနိုင်ဟု ငြင်းခဲ့ပေမယ့် သမ္မတ  အမိန့်ဆိုတော့ နာခံ့မယ်ဆိုပြီး ဖောင်ဒေးရှင်းတွေ ဖျက်ကာ အကြွေးပေးထားသူများထံမှ အရစ်ကျ ပြန်လည်တောင်းခံ၍ ပေးဆပ်ခဲ့ကြပါတယ် ။ ယင်းငွေများအား NLD အစိုးရ မှ ဒေသဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ ခွဲဝေသုံးစွဲလိုက်ကြရာ ယနေ့ တကျပ်မှ မကျန်တော့ပါဘူး OK ။ 

၅ ။ ကြံ့ ခိုင် ရေး ရုံးမြေများဟာ အများပိုင် ပလပ်မြေများဖြစ်ပါတယ် ။ ယင်းတို့ကို လျှောက်ထားရယူ၍ ပါတီပိုင်အဖြစ် လုပ်ထားကြခြင်း ဖြစ်ပါတယ် ။

     ဥပမာပြောရမယ်ဆိုရင် နေပြည်တော်ရှိ ၁၆ ဧက  အကျယ်မြေအား ယခု NLD ပါတီပိုင်အဖြစ် ချထားပေးခြင်း ။ အင်ယားကန်ဘေးရှိ တန်ဖိုးမြင့်မြေကွက်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင်အဖြစ် အလကားမတ်တင်းစျေးနဲ့ ရယူထားခြင်း ၊ နေပြည်တော် မြို့လည် ၉၃ ဧက အား ဒေါ်စု အမည်ပေါက်နဲ့ တဧက သိန်း ၅၀ နှုံးနဲ့ အခမဲ့နီးပါး ရယူထားခြင်း ၊ တနိုင်ငံလုံးအနှံ့ ပလပ်မြေများအပေါ် ယခု NLD ရုံးများဆောက်လုပ်နေခြင်းတို့နဲ့ အတူတူ ယူထားကြခြင်း ဖြစ်ပါတယ် ။ 

၆ ။ လက်ပန်းတောင်းမြေ ငှါးရမ်းခ ဆိုသည်မှာ ထုတ်လုပ်သည့်အပေါ် မှ ချုပ်ဆိုသော အကျိုးအမြတ် ခွဲဝေမှု စနစ်အရ သတ္တုတွင်း ဥပဒေနဲ့ အညီသာ တောင်းခံရလို့ နည်းတာပါ ။ လက်ပန်းတောင်းတောင် စနစ်ကို Production Sharing Contract ( PSC) စနစ်လို့ ခေါ်ပါတယ် ။ အဲဒီစနစ်အရ ထုတ်ကုန်အားလုံးရဲ့ 

51 % နိုင်ငံတော်

30 % ဝမ်းပေါင် 

19 % ဦးပိုင် 

   ဆိုပြိး ခွဲဝေရယူထားလို့ ဥပဒေအရ မြေငှါးခ နည်းနေတာပါ ။ 

     ကဲ မေးချင်တဲ့ နွးကျောင်းသားလေးတွေ လာမေးအုံး ။ မျိုးဝင်းက ဘုရားလောင်းတော့ မဟုတ်ဘူး ။ ဒါပေမယ့် မင်းတို့ မေးခွန်းတွေကိုတော့ သာသာယာယာ ဖြေနိုင်ပါလိမ့်မယ် ။ ငါတော်လို့ မဟုတ်ဖူး မင်းတို့ နွားကျောင်းသားတွေကိုက ညံ့လွန်းလို့   သိဖို့   သိဖို့ 😁😁😁😁😁

                          Myo Win