Monday, June 7, 2021

မင်းကင်းဆရာတော်အသတ်ခံရတာသတင်းအမှန်ပါတဲ့ 😢 😢 😢

မင်းကင်းဆရာတော်အသတ်ခံရတာ
သတင်းအမှန်ပါတဲ့ 😢 😢 😢
6.6.2021

            ချင်းတောင်တန်းသာသနာပြုဆရာတော် အရှင်ပညာဇောတသည် သက်တော်(၅၂)နှစ်၊ ဝါတော်(၁၆)ဝါရှိပြီး မင်းတပ်-မတူပီ ကားလမ်းပေါ်ရှိ တွီဒိန်းကျေးရွာတွင် တောင်တန်းသာသနာပြု ကျောင်းဆောက်လုပ်၍ တစ်ပါးတည်း သီတင်းသုံးလျက်ရှိသည်မှာ ၂ နှစ်ခန့် ကြာမြင့်ပြီးဖြစ်ကြောင်း သိရှိရသည်။

            ဆရာတော်အနေဖြင့် ဟားခါးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပထမလတ်တန်းရေးဖြေစာမေးပွဲအား သွားရောက်ဖြေဆိုရန်အတွက် ဇွန်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် နေ့ဆွမ်းစားပြီး Nissan Note ယာဉ်အမှတ်(စိစစ်ဆဲ) အနက်ရောင်ယာဉ်အား ကိုယ်တိုင်မောင်းနှင်၍ မင်းတပ်မြို့သို့ ထွက်ခွာသွားကြောင်း နောက်ဆုံးဖုန်းသတင်းရရှိကာ ၎င်းနောက်ပိုင်းဆက်သွယ်မှုမရရှိဘဲ မင်းတပ်မြို့သို့ မရောက်မီ ၂၇ မိုင်ခန့်အကွာတွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးပြီး ဇွန်လ ၅ ရက်တွင် သတ်ဖြတ်ကာ မော်တော်ယာဉ် အားမီးရှို့ခဲ့ကြောင်းသတင်းရရှိခဲ့သည်။ သတင်းမှန်ကန်မှုအား မြေပြင်အတည်ပြု ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် အပြစ်မဲ့အရပ်သား များကို သတ်ဖြတ်မှု အပြင် သံဃာတော်များကိုပါ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့မှုအတွက် ကမ္ဘာတစ်ဝှမ်းလုံးမှ လက်ခံနိုင်ဖွယ်မရှိသည့် အကြမ်းဖက်လုပ်ရပ်အဖြစ် ရွံရှာစက်ဆုတ်မုန်းတီး ဖွယ်ရာ အခြေအနေကို ရောက်ရှိဖန်တီးနေသည်ကိုတွေ့မြင်ရကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

MWD