Wednesday, June 9, 2021

အကဲဆတ်ချိန်

         ကိုကြီးစိုး တယောက် ရောက်လာပြီး လက်ဖက်ရည်ဆိုင် အတင်းခေါ်တာနဲ့ လိုက်သွားရပါတယ် ။ စာရေးမလို့ ဆိုပြီး ငြင်းတာကို မရဖူး ဇွတ်ခေါ်နေတာလေ ။ ထိုင်ပြီးတာ နဲ့ တန်းပြောတာပဲ

"ငမျိုးရေ သာဝကြီးကို ရေးစမ်းကွာ လခွမ်း လွန်လွန်းတယ် ''

"နေပါအုံး ဖြေးဖြေး ပြောပါ ဘာတွေ ဖြစ်လာလို့လဲ ''

"CDM တွေကို လက်ခံနေတော့ ယီးတွေ ဖြစ်နေတာပေါ့ ကွာ ဒီမှာကြည့် ရွှေဘို အထက ၃ တဲ့ ''

"ဖြစ်ရလေ ကိုစိုးရာ အဲဒါ လွန်ခဲ့တဲ့ ၂ လလောက်က ပုံပါဗျာ စိမ်းပေါတွေ တင်ထားတာလို့ ပြောပါတယ် ဆရာ ဆရာမ တွေ ဒီလောက် သတ္တိကောင်းပါ့မလား အခုလုပ်ရင် အခုဖမ်းခံရမှာ လေ ခင်ဗျားကလဲ စီစစ်ပါအုံး ''

"ဟေ  ဟုတ်လားကွ မသိဖူး ငါတွေ့ တွေ့ခြင်း ဒေါသထွက်လွန်းလို့ မင်းဆီ ပြေးလာတာ ''

"လုပ်နေပါပြီ ချက်ခြင်းကြီးတော့ အကောက်အထည် ဘယ်ပေါ်သေးမလဲ ဗျာ နိုင်ငံအနှံ့ဖြစ်​ျေတာကိုး ''

"အေးကွ နယ်ထိန်းတွေက သတင်းပေးဆိုပြီး နာမည်ကြီးနေတာကော အရေးမယူဖူးလား ''

"သေချာရင် အရေးယူပါတယ် တန်ဆယ်မြို့နယ်ထဲက လူတယောက်သတ် ၊ အိမ်သုံးလုံး မီးရှို့ ၊ အိမ် ၉ လုံးလောက် ဖျက်ဆီးခဲ့တဲ့ ကာပေါင်းကျ ကျေးရွာ ကိစ္စမှာ သစ္စာဖောက် နယ်ထိမ်းရဲကို ဖမ်းဆီးထားပါတယ် ''

"အေး ထားတော့ နေအုံး ဇင်ဝိုင်း ၊ ပြေတီဦး လင်မယား သုံးဦး ကိုရော ဘာလို့ လွှတ်ပေးတာလည်း''

"ကျနော်သိတာကတော့ ဇင်ဝိုင်းပဲ လွှတ်ပေးတာပါ ၊ အစိုးရ သက်သေအဖြစ် အရေးကြီးကွင်းဆက်တွေကို ဖော်ကောင်လုပ်ပေးလို့ပါ ဗျာ ၊ ဗိုလ်ချုပ်တို့ကို လုပ်ကြံတဲ့ ဘညွှန့်ကိုတောင် ဖော်ကောင်မို့ လွှတ်ပေးခဲ့ရသေးတယ် လေ ''

"ဟုတ်လို့လား ကွ ပြေတီဦး နဲ့ အိဒ္ဒြာကျော်ဇင် တို့ပါ လွှတ်ပေးတယ် ဆိုပြီး သတင်းတွေ တက်နေလို့ ''

"fb သတင်းက ဖြစ်တတ်ပါတယ် တကယ်လွှတ်ရင် မီဒီယာတွေမှာ ပလူပျံနေမှာပါ ဗျာ ''

"အေး ဒါဆို အခု ပြည်သူ့စသ်တွေ ဖွဲ့ပေးမယ် ကြားတယ် ဘယ်တော့လည်း ကွ ငါ့ ဇာတိဖက်မှာ လူတွေ စုထားတာ အသင့် ဖြစ်နေပြီ ''

"ခင်ဗျားကလည်း လုပ်ပြီ ကျုပ်က တပ်ချုပ်ကြီး PSO မဟုတ်ဖူးလေ သူ့ဓာတ်ပုံတောင် fb ပေါ်မှာပဲ တွေ့ဖူးတာ ဘယ်သိမလဲ ဗျ ''

"မင်းက မသိဖူးတာ ဆိုတယ် ၂၀ ရက်ကျော်ရင် ပြည်ပခရီး ထွက်မယ် ဘာညာ နဲ့ လျှောက်ရေးနေသေးတယ် နော် ''

"ခင်ဗျားကလည်းဗျာ မိတ်ဆွေကောင်းရှိဖို့ လိုတာပါ ဘာလဲ အရင်တခါက အာဏာမရယူခင်မှာတရုတ်နိုင်ငံခြားရေး ဝန်ကြီး လာသွားပြီး ရုရှားကာကွယ်ရေး ဝန်ကြီးလာမယ် တပ်ချုပ်ကြီးနဲ့ပဲ တွေ့လိမ့်မယ် ၊ ဒေါ်စုကြည် အစိုးရကို မတွေ့ဖူးလို့ မီဒီယာတွေ မပါခင် ရေးခဲ့တာ မှတ်မိလား ''

"အေး မှတ်မိတယ် ငါတောင် မဖြစ်နိုင်ဖူးလို့ ငြင်းခဲ့သေးတယ် ''

"ကဲ မလာဖူးလား ''

"လာတယ်လေ အခုလည်း သွားရင် ယုံမယ် မသွားမချင်း မယုံသေးဖူး ''

"ထားပါ ဗျာ ပြည်သူ့စစ်တွေ မကြာတော့ဖူး လုပ်ကြလိမ့်မယ်လို့ ကြားတယ် ဗျ  ဟုတ်မဟုတ်တော့ မသိဖူး ရက် ၄၀ စီမံကိန်းနဲ့ ဆော်မယ် ကြားတယ် ''

"အိုကေ ဘယ်လို ဆော် ဆော် လုပ်ဖို့ အရေးကြီးတယ် ၊ သတင်းတွေတော့ မြန်လာပြီ ကွ မင်းပြောတာ ဟုတ်တယ် ပြောင်းတော့ ပြောင်းလဲလာပါပြီ ''

"ကဲ စုံစီနဖာ ပြီးပြီ ပြန်ကြစို့ ဗျာ သတင်းတွေလဲ ရှောက်မဖွ နဲ့ အကဲဆတ်ချိန်မှာ ဂရုစိုက်ဗျ အသက်ကြီးနေပြီ အသိကြီးအောင် ကြိုးစား ''

"လုပ်ပြီ ငါ့ကို ထွက်ခတ် ခတ်နေသေးတယ် ပြန်စို့ ''

           မျိုးဝင်း

Related Posts:

  • တာလီဘန် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ .. ( တာနီဘန်တို့ထက် လိမ်မာသွားသော တာလီဘန်များ .. )၁ ။ သူတို့ဟာ ဘယ်သူနဲ့မှ မတိုက်ခိုက်လိုဘူး ၊ အာဖဂန် ရဲ့ တရားဥပဒေ စိုးမိုးရေးကိုပဲ လိုလားတယ် ။  မည်သူတဦးတယောက် မှ ကြောက်ရွံ ထိတ်လန့်မှု မရှိစေရ ။၂ ။ အမျိုးသမီးတွေ ကျောင်းတက်ခွင့်ပေးမယ် ၊ တကသိုလ် တက်ခွင့်ပြုမယ် ။ အမျိုးသမီး အရေး… Read More
  • ဆာဆာ...က...MI-6 လူဇဝဇေဝါက...OIC လူခေါကြီးက..Soros & CIA လူတကယ်လက်တွေ့....အခက်အခဲကြုံတော့ပန်ပန်..နဲ့....မျိုးရန်နိုင်သိမ်း..တို့က...အမေရိကားရောက်...ဇိမ်ကျ...ဆက်..အလှူခံ....စားနေ..ဝနေ..ကြပြီ...မင်တို့ကသာ...အသက်စွန့်....လှုပ်ရှား....တိုက်ပေါ်က..ခ… Read More
  • အောင်ပါလေထီ ဆုမဲလက်မှတ်များအား အပြည့်အဝ ထုတ်ယူခွင့်ပြု့မည်ထီလက်မှတ်ရောင်းရငွေ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခွဲဝေပေးမည့်အပြင် ထီဆုငွေများကို ကန့်သတ်ချက်မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုသွားမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ဩဂုတ်လ ၁၈ရက်နေ့၌ သတင်းထုတ်ပြန်ထားပါတယ်။#PeopleMedia #ထီ #ပြည်တွင်း… Read More
  • ရုရှားနိင်ငံတွင် ကျင်းပမည့် Army Game 2021တွင် ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် Crew 1 ပထမပွဲစဥ်ကို22. 8 .2021 ရက်နေ့ မော်စကို စံတော်ချိန် 10:00မြန်မာစံတော်ချိန်  13:30 နေ့လည်တစ်နာရီခွဲမှာပထမ ဆုံးပွဲစဥ်အနေနဲ့Myanmar 💚Mali 💙Kyrgyzstan 💛Laos ❣ယှဥ… Read More
  • #စာတစ်လုံးဘုရားတစ်ဆူ ပါ မှတ်သားထားကြပါ ဓမ္မမိတ်ဆွေတို့....🙏 နမော ဗုဒ္ဓဿ 🙏" အက္ခရာဘုရားရှိခိုး "🙏 က 🙏ကကြီးဟူသည်ကားကိလေသာ မာန်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။🙏 ခ 🙏ခခွေးဟူသည်ကားခန္ဓမာန်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။🙏 ဂ 🙏ဂငယ်ဟူသည်ကားဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသောမြ… Read More