Wednesday, June 9, 2021

အဖြူထည် လူငယ်များအတွက်၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (20)

       ၂၀၁၀ ရွေးကောက်ပွဲ မလုပ်ခင်ကာလ နအဖခေတ်မှာ  ဦးရွှေမန်းဟာ တပ်မတော် မှာ တပ်ချုပ်ကြီး နဲ့ ဒုချုပ်ကြီး ပြီးရင် သူဟာ တတိယ အကြီးဆုံး ခေါင်းဆောင်ကြီး ဖြစ်ပါတယ် ။ 

         ဦးသန်းရွှေဟာ ခေတ်စနစ် တခုအပြောင်းအလဲ အတွက် အသေအချာ အကွက်ချ စဥ်းစားပြီး လူမှန် နေရာမှန် ဖြစ်ဖို့ ကျိုးစားခဲ့ပါတယ် ။ ၂၀၀၈ အရ သူအနားယူချိန် မှာ တိုင်းပြည်တည်ငြိမ်အောင် ၊ တပ်မတော်ကြီးလည်း အထိုင်မပျက်အောက် သူ့နေရာ ဆက်ခံမယ့်သူကို အ​သေအချာ ရွေးချယ်ခဲ့ပါတယ် ။ 

        မူလအတိုင်းဆိုရင်တော့ ဝမ်း နဲ့ တူး  နားသွားရင် သုံး က ထိပ်ရောက်ရမှပါ ။ ဒါပေမယ့် ဦးရွှေမန်းကို ဦးသန်းရွှေက တပ်ချုပ်အ​ဖြစ် မရွေးချယ်ခဲ့ပါဘူး ။ 

        ဒီတော့ တပ်မှာ အမွေမရတော့ အရပ်သားအစိုးရမှာ သမ္မတအဖြစ် သူမှန်းထားပါတယ် ။ ခက်တာက သူ့ကို သမ္မတလည်း မပေးခဲ့ပြန်ဖူး ။ လွှတ်တော် ဥက္ကဌပဲ ပေးခဲ့ပါတယ် ။

       သူ့ကိုကျော်ပြီး ယခုတပ်ချုပ်ကြီးကို ရွေးချယ်ရခြင်း နဲ့ အရပ်ဖက်မှာလည်း သူ့ကို ကျော်ပြီး ဦးသိန်းစိန်ကို ရွေးချယ်ခဲ့ရတာ အကြောင်းတွေ ရှိပါတယ် ။ 

        ဦးရွှေမန်းကြီးဟာ 21-11-2008 မှာ မြောက်ကိုရီးယားကို လှို့ဝှက်ကိစ္စနဲ့ သွားခဲ့ရပါတယ် ။ ရက်ရှည်ခရီးကြီးကို တရုတ်ပြည်က တဆင့် သွားခဲ့ကြတာပါ ။ 

        ရည်ရွယ်ချက်က မြောက်ကိုရီးယားရဲ့ မြေအောက် လက်နက်စက်ရုံတွေ နဲ့ ဒုံးပျံတွေကို လှိုဏ်ခေါင်းတွေထဲမှာ ဘယ်လိုတည်ဆောက်တယ် ၊ ဘယ်လို သိုလှောင် ဖြန့်ပျက်တယ် ဆိုတာကို လေ့လာကြရတာပါ ။ 

     အဲဒီခရီးစဥ်ဟာ ဦးရွှေမန်းရဲ့ ရုံးဝန်ထမ်းတွေကတဆင့် နိုင်ငံတကာကို ပေါက်ကြားသွားပြီး တပ်မတော်ရဲ့ ဒုံးပျံစီမံကိန်း လှို့ဝှက်ချက်တွေ ထပ်မံပေါက်ကြားသွားပြီး ဦးရွှေမန်းကိုလည်း နိုင်ငံတကာက အကြမ်းဖက် နိုင်ငံ နဲ့ ဆက်ဆံနေတဲ့ ဗိုလ်ချုပ်ကြီး အဖြစ် သတ်မှတ်လိုက်ကြပါပြီ ။

     အဲဒီပုံရိပ်ကြောင့် အနာဂါတ် မြန်မာနိုင်ငံရဲ့ တပ်ချုပ်ကြီးအဖြစ် သူ့အမဲစက်နဲ့ တပ်မတော်ကိုပါ ထိခိုက်မှာ စိုးလို့ တတိယမျိုးဆက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးချယ်လိုက်ပါတယ် ။ 

      ဒါဆို သမ္မတ ဖြစ်သင့်တာပေါ့လို့ တွေးစရာရှိနေပြန်ပါရော ၊၊ အဲဒါကျတော့ သားသမီးမကောင်း မိဘခေါင်း ဆိုသလို ဖြစ်ရတာဗျ ။ စီးပွားရေး သောင်းကျန်းတဲ့ သား နဲ့  စီးပွားရေးသောင်းကျန်းတဲ့ ဦးရွှေမန်းရဲ့ ခမည်းခမက် ခရိုနီ ဇေကမ္ဘာဦးခင်ရွှေ တို့ကြောင့် သမ္မတအဖြစ် မရွေးခဲ့တာပါ ။ သမ္မတ အရှိန်နဲ့ စီးပွားရေး သောင်းကျန်းကြမှာ စိုးရိမ်လို့ပါပဲ ။

         ဒီလိုနဲ့  လွှတ်တော် ဥက္ကဌအဆင့် နဲ့ ကျေနပ်လိုက်ရတဲ့ ဦးရွှေမန်းဟာ လက်ရှိတပ်ချုပ်ကြီးကို ပြဿနာ ရှာမရပါဘူး ။ ၂၀၀၈ ပေးထားချက်အရ တပ်ချုပ်ကြီးကို သူထိလို့ မရပါဘူး ။ 

     ဒီတော့ သူတို့ထိလို့ ရတဲ့ သမ္မတကို ဥပဒေအထက်ကနေပြီး သူပြုမူပါတော့တယ် ။ ပထမဆုံး သိလာရတာက ဥပဒေ ခုံရုံးကိစ္စပါပဲ ၊ ခံစားခွင့်တွေနဲ့ ပတ်သက်ပြီး ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဆိုပြီး ခုံရုံးကို လွှတ်တော် မဲဆန္ဒနဲ့ ဖျက်တာပါပဲ ။ 

      တကယ်တန်းကျတော် သမ္မတက ခန့်ထားတဲ့ ဥပဒေခုံရုံးသည် လွှတ်တော်က ဖျက်လို့မရပါဘူး ။ ဦးသိန်းစိန်က ဥပဒေနဲ့ မညီလို့ စဥ်းစားလုပ်ကြဖို့ သတင်းစာမှာ နှစ်ကြိမ် တောင်းဆိုပါတယ် ။ ဦးရွှေမန်းဟာ မတော်သြဇာသုံးပြီး ဇွတ်ဖျက်ပစ်ပါတယ် ။ 

    အဲဒါကြောင့် ဒေါက်တာဆိတ်ဖွား အကောင့်ကနေ ဥပဒေအထက်က လွှတ်တော်ဆိုပြီး ပို့စ်တင် ရေးသားပါတယ် ။ မခံရပ်နိုင်တဲ့ ဦးရွှေမန်းဟာ ဒေါက်တာဆိတ်ဖွား အကောင့်ကို အရေးယူဖို့ လွှတ်တော်မှာ အရေးကြီး အဆိုတင်ပြီး ဆောင်ရွက်တဲ့ အထိ ကြီးကျယ်သွားပါတယ် ။
ဒေါက်တာဆိတ်ဖွားဟာ ဦးရဲထွဋ်ပါ ဆိုပြီး နာမည်ကြီးခဲ့ပါသေးတယ် ။ 

         အဲဒါပြီးတော့ အစိုးရ အကျပ်အတည်း ဖြစ်စေမယ့် မေးခွန်းတွေကို မေးစေပြီး အကျပ်ရိုက်အောင်လုပ်ပါတယ် ။ 

      သိသာတဲ့ အာဏာကျူးကျော်မှုကတော့ ဝန်ထမ်းလစာ ကိစ္စ ဖြစ်ပါတယ် ။ ဦးသိန်းစိန်က လစာတိုးဖို့ ဒီနှစ်ဘက်ဂျက် ခွဲတမ်းမှာ မဖြစ်နိုင်ပါဘူး နောက်နှစ်မှ လုပ်ပါလို့ ပြောပါတယ် ။

      ဦးရွှေမန်းဟာ အင်တာဗျူးမှာ သမ္မတ က မပေးလည်း သူပေးအောင် လုပ်မယ်ဆိုပြီး ပဏာယူပြောကြားခဲ့ပါတယ် ။ နောက် အစိုးရကို အကြပ်ရိုက်အောင် လွှတ်တော်မှာ အဆိုပြု မဲခွဲပြီး ဇွတ်ပေးခဲ့ပါတယ် ။ ဒါဟာ သမ္မတရဲ့ ဘက်ဂျက်လုပ်ဆောင်ခွင့်ကို လွှတ်တော်ဥက္ကဌက အာဏာကျူးကျော် ရန်စပြုမူတာပဲ ဖြစ်ပါတယ် ။

     နောက် လွှတ်တော်မေးခွန်းတွေကို ဝန်ကြီးကိုယ်တိုင် မဖြေပဲ ညွှန်ချုပ်လို အဆင့်က လာဖြေလို့ဆိုပြီး ဦးရွှေမန်းက ပြောပါတယ် ။ တကယ်တော့ ဝန်ကြီးတာဝန်ပေးရင် ဘယ်သူပဲ ဖြစ်ဖြစ် လာဖြေခွင့်ရှိပါတယ် ။ ဒါကိုပဲ သူက ပြဿနာရှာနေတာပါ ။ 

      ဦးရွှေမန်းဟာ လွှတ်တော်အတွင်းမှာ အဲဒီလို လုပ်နေသလို ပါတီတွင်းမှာလည်း ကောင်းကောင်းကြီး မွှေပြန်ပါတယ် ။ ဦးသိန်းစိန်က ခြေ / ဥ အရ ပါတီလုပ်ငန်း လုပ်မရလို့ ယာယီဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ဦးရွှေမန်းဟာ ပါတီတွင်းမှာ ထင်တိုင်းကြဲ အုပ်စုဖွဲ့ပါတော့တယ် ။ 

          ဒါတွေကို သိပြီး မခံနိုင်တဲ့ ဦးစိုးသိမ်း ၊ ဘုလက် နဲ့ သမ္မတရုံးဝန်ကြီးတွေက ဦးသိန်းစိန်ကို တိုင်ကြပါတယ် ။ ဦးရွှေမန်းဟာ ဒေါ်စုကြည်နဲ့လည်း အဆင်ပြေအောင် ဆက်ဆံနေရင်း ဦးသိန်းစိန်ကို အယုံအကြည်မရှိ အဆိုတင်သွင်းကာ ဖြုတ်ချဖို့ အထိ လုပ်လာပါတယ် ။ 

    ဒီလိုနဲ့ နောက်ဆုံးမှာ ကြံ့ခိုင်ရေး ပါတီကြီးဟာ သန်းခေါင်ယံအာဏာသိမ်းပွဲ ဆိုပြီး လှုပ်ရှားမှုကြီး ပြုလုပ်ကာ ဦးရွှေမန်းကို ယာယီဥက္ကဌမှ ဖြုတ်ချခဲ့ကြပါတယ် ။ 

       ဦးရွှေမန်းလည်း သူ့အစုအဖွဲ့ နဲ့ သူ သီးခြား ခွာပြဲသွားရပါတော့တယ် ။ ဒီလိုနဲ့ ဦးသန်းရွှေ တည်ထောင်ပေးခဲ့တဲ့ ပါတီကြီးဟာ ငါး နှစ်မပြည့်ခင်မှာပဲ ကွဲပြဲသွားပါပြီ ။ 

        ကဲ ဒါကတော့ ကျနော်သိသလောက် ကြံ့ခိုင်ရေး ပြဿနာတွေပါပဲ ။ သူတို့က ပိုသိကြမှာပါ ကျနော်တို့က အပြင်က မြင်တွေ့နေရတဲ့ အနေအထားကို ခြုံငုံသုံးသပ်ရတဲ့ အဆင့်မို့ ဒီလောက်ပဲ တင်ပြနိုင်ပါတယ် ။ 

       ဦးသိန်းစိန် အကြောင်း ပြန်ဆက်ကြပါစို့ ။ ဦးသိန်းစိန်ဟာ သူတာဝန်ယူစဥ်ကာလမှာ ပြောစမှတ် ပြုရမဲ့ ကိစ္စတွေကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါတယ် ။ အာဆီယံဥက္ကဌ တာဝန်ယူနိုင်ခဲ့ခြင်းနဲ့  အင်မတန် ခမ်းနားလှတဲ့ အာဆီယံအားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့တာပါပဲ ။ 

      ရင်သပ်ရှုမောဖွယ် ခမ်းနားလှတဲ့ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားကြီးဟာ ကမ္ဘာ့အဆင့်မှာတောင် မြင်ရခဲလောက်အောင် ခမ်းနားလှပ သပ်ရပ်လှပါတယ် ။ မြင်တွေ့သူ အပေါင်း ဂုဏ်ယူလောက်တဲ့ ပွဲကျင်းပမှုကို မနာလိုတဲ့ အတိုက်အခံအုပ်စုကတော့ အပြစ်တင်သေးတာပါပဲ ။ ဘာတဲ့ တရုတ် မီးရှူး မီးပန်း နဲ့ ပိုက်လိုင်း လဲစားပစ်သတဲ့ 😁😁😁။

       ဦးသိန်းစိန်လက်ထက်မှာ မိတ္ထီလာ အရေးအခင်း ဖြစ်ပါတယ် ။ ကြီးကျယ်လှတဲ့ လူမျိုးရေး ဘာသာရေး ပြဿနာကြီးမှာ အံံ့သြလောက်တဲ့ ကိစ္စတွေလည်း တွေ့ရပါတယ် ။ 

      ပြဿနာ အရှိန်တက်နေစဥ် အဆောက်အဦး တခု အတွင်းရှိ လူမျိုးခြားတစုဟာ အင်အား ၄၀ လောက်နဲ့ ဝင်လာသူမှန်သမျှ ခုတ်ထစ်နေကြလို့ နယ်ခံတွေ ဝန်းရံထားရုံပဲ လုပ်နိုင်ခဲ့ပါတယ် ။

     အဲဒီအချိန်မှာ လိုက်ထရပ်ကားဖြူတစီး ဆိုက်လာပါတယ် ။ ကားပေါ်မှာ သူငယ်တော် မျက်နှာဖုန်း တပ်ထားတဲ့ ယောကျ်ားသား ဆယ်ဦး နဲ့ အမျိုးသမီး တဦး ပေါင်း ဆယ့်တစ်ဦးဟာ ဒါးလွတ်ကိုယ်စီ ကိုင်ပြီး အဲဒီ အဆောက်အဦးထဲ ဝင်သွားကြပါတယ် ။ 

     အပြင်ကလူတွေ ကတော့ အော်ဟစ် မာန်သွင်း ခုတ်ထစ်သံတွေ မချိမဆန် ညည်းညူသံတွေ ကြားနေရပြီး တခဏအကြာမှာ သူငယ်တော် မျက်နှာဖုံးနဲ့ ဆယ်တစ်ယောက် ပြန်ထွက်လာတာ တွေ့ရပြီး ကားပေါ်တက် မောင်းထွက်သွားပါတယ် ။ 

     ဘယ်သူ့ကိုမှ စကားတခွန်းမျှ မပြောပဲ ပြန်သွားတဲ့ သူငယ်တော်မျက်နှာဖုံးစွပ် လူတစု မရှိတော့မှ အဆောက်အဦးထဲ မရဲတရဲ ဝင်ကြည့်ကြပါတယ် ။ 

   ပြင်းထန်တဲ့ ဒဏ်ရာတွေ နဲ့ ညည်းညူနေသူတချို့ နဲ့ အသက်မရှိတော့တဲ့ လူတချို့ကို အံ့သြစွာ မြင်တွေ့ရပြီး အဆိုပါ ကိစ္စကို ယနေ့တိုင် ပုံပြင်သဖွယ် ပြောနေကြရပါသေးတယ် ။ 

    ဘယ်က အဖွဲ့လည်း ဘယ်မှာနေတာလည်း ဆိုတာ သိသူနည်းပေမယ့် သူတို့ကို သယ်လာတဲ့ ကားကတော့ မန္တလေး ရန်ကင်းတောင်ခြေဆီ ဦးတည်သွားနေတာ သိသူတွေ သိကြလေရဲ့ ။ 

      အဆိုပါ ပြဿနာကို စစ်အုပ်ချုပ်ရေး ကြော်ညာကာ အင်းတကော်စစ်တပ်အား ထိမ်းသိမ်းရန် တာဝန်ပေးလိုက်၍ ပြီးသွားပါတယ် ။ 

      ရခိုင်မှာ လှေစိးဒုက္ခသည်တွေဆိုပြီး ဘဂ်ါလီတွေ ပြဿနာ ရှာပြန်ပါတယ် ။ ဖိအားမျိုးစုံအတွက် ဦးသိန်းစိန်ဟာ ပြတ်သားစွာပဲ ဖြေရှင်းပါတယ် ။ မိမိတို့ တိုင်းရင်းသားတွေ မဟုတ်ဖူး ၊ လူသားခြင်း စာနာပေမယ့် တိုင်းပြည်ရဲ့ လုံခြုံရေးက အရေးကြီးတယ် ၊ သူတို့ကို ခြံခတ်ထားမယ် ဘယ်မှ သွားလာခွင့် မပေးဖူး ၊ စေတနာရှိတဲ့ နိုင်ငံက လာကျွေးနိုင်တယ် ၊ ခေါ်ချင်လည်း ပြောပါ လိုက်ပို့ပေးမယ် ဆိုပြီး ပြတ်သားရှင်းလင်းစွာ ပြောဆိုခဲ့လို့ ပြီးသွားခဲ့ရပါတယ် ။

      အဲဒီလို အကောင်းတွေ ပြောထားသလို အဆိုးကိုလဲ ဝေဖန်ရပါ့မယ် ။ ကြံ့ခိုင်ရေးဟာ နိုင်ငံရေး လောဘဇောတိုက်ပြီး လူမျိုးခြား ၃ ယောက်ကို လွှတ်တော်အတွင်း သွင်းလာခဲ့တာ ဖျက်မရတဲ့ နိုင်ငံရေး အမဲစက်ကြီးဖြစ်ပါတယ် ။ 

        မီဒီယာပေါင်းစုံက တိုက်ခိုက်နေသလို လူရွှင်တော်တွေကလည်း ပြောင်ပြောင်တင်းတင်း ဝေဖန်ကြပါပြီ ။ ဒါဟာ ဒီမိုကရေစီပဲ ဆိုပြီး ဦးသိန်းစိန် အစိုးရဟာ မပိတ်ပင်ခဲ့ပါဘူး ။ 

    ယနေ့ တောခိုနေတဲ့ ဟားငါးကောင် အဖွဲ့ဆိုရင် လူရွှင်တော်ပညာ မဟုတ်ပဲ နိုင်ငံရေး အပုပ်ချ ပျက်လုံးအဆင့်နဲ့ လူသိများလာကြတာပါ ။ သူတို့ ပျက်လုံးတေခကို စင်အော​​က်ကနေ အပြုံးမပျက် လက်ခုပ်တီး အားပေးခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းရဲ့ ပုံရိပ်ဟာ ဒီမိုကရေစီရဲ့ ထင်ရှားတဲ့ ပြယုတ်ပါပဲ ။ 

        မီဒီယာတွေကတော့ အစိုးရ ပြုတ်ကျရေးအတွက် ဖြတ် ညှပ် ကပ် သတင်းတွေနဲ့  လုပ်ကြံကြပါတယ် ။ ဘယ်လိုဖြတ်ညှပ်ကပ်လဲ ဆိုတော့ ဦးသိန်းစိန်အပေါ် ဒီကနေ့အထိ ပြောနေတဲ့ စကားပါပဲ ။ 

     "ပညာရေးသည် ပြန်မရနိုင်သော ရင်းနှီးမြှပ်နှံမှု ဖြစ်သည် ''

     ဆိုတဲ့ ဖျက်တောက်ထားတဲ့ စကားစုနဲ့ ဦးသိန်းစိန်သည် ပညာရေး အားမပေးသူ သမ္မတအဖြစ် ယုတ်မာစွာ လုပ်ကြံပြောနေကြပါတယ် ။ အမှန်က ဒီစကားကို ဦးသိန်းစိန်ပြောသွားတာက အခြားကိစ္စတခုနဲ့ နှိုင်းယှဥ်ပြီး ဥပမာပေး ပြောသွားတာပါ။

    အမှန်တကယ် ဆိုလိုရင်းက.......

       မျိုးဝင်း