Thursday, June 10, 2021

စာအုပ်အဖြစ်ဖတ်ချင်သူများအတွက်မျိုးဝင်း၏ အခန်းဆက်ဆောင်းပါး(၁၆)ပုဒ်

အိုင်ပက်တွေ၊ တက်ဘလက်တွေနဲ့
ဖတ်ချင်တဲ့ သူတွေအတွက် 
ပီဒီအက်ဖ် (အီးဘွတ်ခ်) စာအုပ်တစ်အုပ်
ဖြစ်ပါတယ်။ မျက်စိမထိခိုက်အောင်
ဖောင့်ဆိုဒ်(၁၄)နဲ့ ရိုက်ထားပါတယ်။ 

အကောင့်များရှင် ဆရာမျိုးဝင်းရဲ့
''အဖြူထည်လူငယ်များအတွက် 
၈၈နှင့် ၂၁ ဂျင်းဆိပ်ဖြေဆေး''လို့ 
အမည်ပေးထားတဲ့
နိုင်ငံရေးသမိုင်းဆိုင်ရာ 
ဆောင်ပါးစုတွေ ဖြစ်ပါတယ်။
အပိုင်း(၁)ကနေ (၁၆)အထိ 
သပ်ရပ်သန့်ရှင်းစွာ ရိုက်နှိပ်ထားပါတယ်။ 

ဆောင်းပါးအဆက်တွေကို
မူလစာရေးသူ ဆရာမျိုးဝင်းကလည်း
ဆက်လက်ရေးသားဆဲ ဖြစ်သလို
ကျုပ်ကလည်း 
ရေရှည်သိမ်းဆည်းထားနိုင်အောင်လို့
စာစီပြီး သိမ်းဆည်းနေပါတယ်။ 
ကျုပ် ဒီနှစ်နှစ်ကာလတွေမှာ စာဖတ်အား၊
စာရေးအား အင်မတန် ကျဆင်းနေပါတယ်။
ဒါကြောင့် သူများစာ လိုက်သိမ်းပေးနေတာပါ။

ကျုပ်ထက် ဆယ်နှစ်ဝန်းကျင်
အသက်ကြီးတဲ့ ဆရာမျိုးရဲ့ စာတွေကို 
ဖတ်ကြည့်တဲ့အခါ 
စာတွေက ကျုပ်ထက် 
တက်ကြွလတ်ဆတ်နေပါတယ်။
ဒါကြောင့် ရေးရင်း အရှိန်လွန်လွန်သွားတတ်တဲ့
ဆရာမျိုးရဲ့ စာတွေကို သတိထားမိပါတယ်။

ဒီတော့ ကိုယ်တိုင်က စာရေးသူပီပီ
ဒေါ်စုကြည်ဆိုတဲ့ အသုံးကို 
ဒေါ်အောင်ဆန်းစုကြည်လို့ ပြင်ဆင်တာမျိုး၊
လူလည် ဦးခင်ညွန့်ဆိုတဲ့ အသုံးကို
လည်လည်ပတ်ပတ် ရှိလှတဲ့ ဦးခင်ညွန့်ဆိုပြီး
ပြင်ဆင်မိတာမျိုးတွေ ရှိပါတယ်။
ဒကာမျိုး(ဆရာမျိုး) ကျေနပ်မယ် ထင်ပါတယ်။
ဆရာနဲ့လည်း သီးသန့် ဆွေးနွေးပါဦးမယ်။ 

စာတွေက ပရုမဖတ်ရသေးပါဘူး။
သတိထားပြီး ရိုက်နှိပ်ထားတယ်။ 
ဒါပေမယ့်လည်း သဘာဝအရ 
မှားယွင်းချွတ်ချော်မှုတွေ ရှိပါလိမ့်မယ်။
(တွေ့ရင် ပြောကြပါဦး။)

#စာအုပ်ဒေါင်းရန်လင့်ခ် 👇

https://www.mediafire.com/file/fgfnqexffi98ivd/Myo+Win.pdf/file

Related Posts:

  • အခြေနေမှန်ကျွန်တော်မှအစ အမျိုးသားနိူင်ငံရေးသမားစစ်စစ် မှန်သမျှ မည့်သည့်ပါတီ မည်သည့်အစိုးရဖြစ်စေ အစွဲကင်းစွာ ဝေဖန်ရေးပို့စ်များ တင်နေခြင်းသည် တိုင်းပြည်အရွေ့အတွက် တတတ်တအား ဝိုင်းကူတွန်းပေးနေခြင်းသာပါ ပုဂ္ဂိုလ်မစွဲခဲ့လို့ NLDလက်ထက်မှာလဲ … Read More
  • #အဲဒါဇာတိမာန်လို့ခေါ်သည်သူတို့ခင်မျ အမေရိကန်နိုင်ငံသား ခံယူထားသော်ငြားလည်း ဇာတိသွေးက မပျောက်လေတော့ သူတို့မွေးဖွားခဲ့ရာ ဇာတိမြေ အမိနိုင်ငံမြန်မာအတွက် ရင်တက်မအေးနိုင်ရှာ သူတို့မှာ ရှိသမျှ အားလေးနဲ့ အချိန်ကုန်ခံ အလုပ်ပျက်ခံ ငွေကုန်ခံ အမုန်းခံ ဆဲခံ နော… Read More
  • မင်္ဂလာသတင်း အကျဥ်းချုပ်လေး တွေပါFri တို့ 😍မန္တ​လေး လမ်း ၆၀. ၆၁ ကြား ၃၇. ၃၈ကြား ရတနာတိုင်းပြည် အိမ်ယာ တိုက်ခန်းတစ်ခုအား သတင်းအရ  ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမား  PDF၂ ဦး အား ပစ္စတိုသေနတ်  ၁ လက်  လက်ပစ်ဗုံး များနဲ့အတူဖမ်းမိခဲ့ကြောင်းဖမ်းမိနေရာမှာ ချက်ခြင်းစစ်ကြောမေ… Read More
  • PDF တို့ နေဝင်ချိန်        NLD ပြုတ်သွားတော့ မဲသူခိုး အမတ်တွေရဲ့  CRPH ပေါ်လာတယ် ။ CRPH ကနေတဆင့် NUG ဆိုတဲ့ ဇော်ဝေစိုးတို့ မွေးဖွားလာတယ် ။ NUG လေပေါ် အစိုးရက တဆင့် PDF ဆိုတဲ့ လူယုတ်မာ GZ တွေ မွေးဖွားလာတယ် ။         CDM မလုပ်တဲ့ အပြစ်မဲ့ ဝန်ထမ်း… Read More
  • စကြိတ်ပြီခင်ဗျ 👊 နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ PDF အဖွဲ့အားအကြမ်းဖက်အဖြစ် လက်မှတ်ရေးထိုး သဘောတူပြီးဖြစ်ပါသဖြင့် အာစီယံ အကြမ်းဖက်ဥပဒေနဲ့ပါ ထပ်မံငြိစွန်းခဲ့ပြီး ၎င်းအကြမ်းဖက်များအား ရှာဖွေဖမ်းဆီးရန် ဝရမ်းအမိန့်ကို မြန်မာ… Read More