Thursday, June 10, 2021

လူကောင်းလူမွန်

အသိပညာ ကြွယ်ဝလို့
အမှားအမှန်ဆင်ခြင်၊
လူ့ဝန်းကျင် အသိုင်းဝိုင်းကြား
ထင်ရှားဂုဏ်အင်၊
လောကကို အလှဆင်
ဇမ္ဗူတစ်ခွင်ကျော်ကြား၊
တန်ဆာဆင် ခရီးတစ်လျှောက်
ထွန်းတောက်လူသား။

နှုတ်မင်ဂလာ စကားများက
ပျားသကာသို့ ချိုလှနေ၊
ယဉ်ကျေးစေ အသုံးအနှုန်းများ
ကြားနာကြပေ၊
နားသောတ ဆင်သူတွေ
ချီးကျူးပေ တေးသွား၊
အလှတန်ဆာ တံခွန်စိုက်လို့
ဖိုးထိုက်လူသား။

သုံးပါးထွေ ကိုယ်ကျင့်တရားမှာလှ
မြင့်မြတ်လို့ ဖြူစင်ပေ၊
သည်းခံစေ မေတ္တာထားလို့
ချစ်ခင်လို့လေ၊
အမုန်းတရား ရှောင်ရှားပေ
ငါးပါးထွေ သီလပွား၊
ဖေးမကာ ကရုဏာများနဲ့
ချစ်ဖွယ့်လူသား။

✍ မောင်ချမ်းမြေ့ (ပညာရေး)