Thursday, June 10, 2021

ဒီစာဖတ်ပြီးမှ အလိမ်ဆက်ခံပါ

     သားတို့ သမီးတို့ နောက်လေးငါးနှစ်မှာ အိမ်ထောင်ရက်သားကျမယ်။
မိသားစုအသက် မွေးဝမ်းကျောင်းဖို့အလုပ်တစ်ခုခုကို ရှာရမယ်။အဲဒီအခါ 
အလုပ်လျောက်လွှာမှာ PDFလုပ်ဖူးသလား၊ကျောင်းရှေ့မှာမိုင်းခွဲဖူသလားလို့မေးပြီး ဦးစားပေးအလုပ်ခန့်မယ့် ကုမ္ပဏီ ၊ အလုပ်ဌာနများ ရှိမယ်ထင်
သလားကွယ် ။ မလွဲမသွေအမေးခံရ
မှာက" ဘာနဲ့ဘွဲ့ရသလဲ"ဆိုတဲ့မေးခွန်း
ပဲ ။

     ၁၉၈၈ တုန်းက နိုင်ငံရေးသမား
တွေမြှောက်ပေးလို့ တောထဲတောင်ထဲ
ရောက်ရတဲ့လူငယ်ကျောင်းသားတွေ
တောတွင်းလက်နက်ကိုင်တွေဖွဲ့စည်း
တဲ့ ABSDF သူပုန်တွေဖြစ်ခဲ့ကြတယ်။
ဒီဘက်ခေတ်ရောက်တော့ ABSDF
လုပ်ဖူးတဲ့သူများဦးစားပေးအလုပ်
ခန့်မယ်ဆိုတဲ့ကြော်ငြာမျိုးမတွေ့ခဲ့
ဖူးဘူး ။

       သားတို့ သမီးတို့ကို ဒီကနေ့
CDM လုပ်တာ၊ စာသင်ကျောင်းမီးရှို့
တာ၊ ကိုယ့်မြို့ ကိုယ့်ရွာသားအချင်း
ချင်း ဒလံဆိုပြီးသတ်တာ   သားတို့သမီးတို့အနာဂတ် ကောင်းစားရေး
အတွက် ဆိုတဲ့စကား ဟုတ်နိုင်ပါ့မလား ။

     ဟုတ်ပါပြီ ။ သားတို့သမီးတို့ 
ပြောသလို အရေးတော်ပုံအောင်ပါ
ပြီတဲ့ ။ သမ္မတနေရာယူမှာဘယ်သူ
ဖြစ်မလဲ ။ ဝန်ကြီးချုပ်နေရာတွေ
ဘယ်သူယူမလဲ ။ သားတို့အတွက်
ဘယ်နေရာများရမယ်ထင်သလဲ ။

     သားတို့တော့ မဟုတ်နိုင်ပါဘူး ။

        တကယ်တော့ သူတို့ပြောတဲ့ 
" စစ်အာဏာရှင်" ဆိုတာ သားတို့
သမီးတို့သေသေခြာခြာသိရဲ့လား။
စစ်သားတွေကသားတို့ရံ့ရန်သူ 
ဟုတ်လို့လား ။
      ဘယ်အချိန်ကမှစပြီးရန်သူလို့သတ်မှတ်လိုက်ကြတာလဲ ။နိုင်ငံရေး 
သမားတွေ နဲ့ စစ်သားတွေကြားထဲက 
ပြဿနာကို သားတို့သမီးတို့
တန်ဆာခံထားခံလိုက်ရတာမဟုတ်လား ။သူတို့အချင်းချင်းနှစ်ပါးကြည်
နေတုန်းက သားတို့ရှိမှန်းတောင်မသိ
ခဲ့ပါဘူး ။    သားတို့ သမီးတို့ကိုယ်
တိုင်လည်းပုခုံးပေါ်မှာရွှေပွင့်လေးတွေနဲ့ တစ်ဂုဏ်တင့်တဲ့ ဘဝကိုဖြူဖြူစင်
စင်အိပ်မ က် မ က်ခဲ့ကြဖူးတယ် မဟုတ်လား ။

     မှားနေတဲ့အလုပ်ကို အမှန်လို့ကိုယ့်
ကိုကိုယ် အခါခါလိမ်ရင် အမှားကို
တကယ်အမှန်လို့ ယုံကြည်သွားတတ်
တယ် ။ ကိုယ့်ယုံကြည်မှုကိုကာကွယ် တဲ့ ဆင်ခြေတွေချည်းစဥ္းစားနေမိတတ်တယ် ။ စိတ်ကူးယဥ္အနာဂတ်
ကို ဘိန်းစွဲသလို စွဲနေမိတတ်တယ် ။
တကယ့်ဘဝထဲပြန်ရောက်တဲ့အခါ
အရာခပ်သိမ်းဟာ ကိုယ့်ကိုကျောခိုင်း
သွားကြပြီ။ အခွင့်အရေးတွေဆုံးရံှုး
သွားရပြီ ။

     အခုတော့ စစ်သားတွေကို သားတို့
သမီးတို့ မုန်းတီးအောင် ၊မုန်းတီးရုံမက
ဆက်ဆုတ်အောင် အောက်တန်းကျတဲ့
ကောလာဟလတွေသတင်းတွေဖန်တီး
ပြီး မောင်း မှာပဲ ။ စစ်သားတွေလက်
နက် မဲ့ပြည်သူတွေကိုအကြောင်းမဲ့
ပစ်သတ်တယ် ။ ပြည်သူသားသမီး
တွေကို မုဒိန်းကျင့်တယ် ။ ပြည်သူ
တွေရဲ့ အူ အသညိးတွေကိုရောင်းစား
တယ် ။ အာဏာရူးတယ် ။ ဖက်ဆစ်
ဆန်တယ် ။ ကလိမ်စေ့ငြမ်းဆင်ကြ
မှာပဲ ။ လိမ်ကြမှာပဲ ။

    သားတို့စိတ်မကျအောင် ဘယ်နိုင်
ငံတွေကအသိအမှတ်ပြုပြီ ။ စစ်တပ်
က လေယာဥ္နဲ့တိုက်ရင် စစ်တပ်လေ
ယာဥ္ တွေကိုချေမှုန်းမယ့် လေယာဥ္
အုပ်ကြီးကောင်းကင်မှာပေါ်လာမယ် ။
R2P နီးပြီ ICC လာနေပြီ၊ ထိုးစစ်ကြီး
စတော့မယ် ။ လိမ်နေမှာပဲ ။

      သားတို့ သမီးတို့လည်း လိမ်နေ
မှန်းသိပေမယ့်   လိမ်တဲ့အသံ ၊ လိမ်
တဲ့သတင်းလေးတွေကိုပဲ သာယာနေ
ကြတယ်မဟုတ်လား ။ အလိမ်ခံချင်
နေကြတယ်မဟုတ်လား ။သားတို့သမီး
တို့တင်မကပါဘူး ။
အလိမ်ခံချင် ၊လိမ်တာကို ယုံဟန်
ဆောင်ချင်နေတဲ့သူတွေတော်တော်
များပါတယ် ။ 

      သူတို့ကတော့ လိမ်နေကြဦးမှာပဲ။
တစ်ချိန်ချိန်
သားတို့ သမီးတို့မျက်ရည်ကျတဲ့အခါ
လူလိမ်တွေက
မျက်ရည်သုတ်ပေးမှာ မဟုတ်ပါဘူး။
တော်လှန်ရေးကိုစုတ်သတ်ပြီးလုပ်နေ
တဲ့သူတွေဆိုတာ သိကြပါတော့ ။

ဆရာဒိန်
၉၊၆၊၂၀၂၁

Related Posts:

  • PDF ဆိုတာ KIA ရဲ့ကြေးစား တပ်ဖြစ်လာနေတယ်... ကြေးကလဲ ဈေးချိုလိုက်တာမှ Buy 1 get 5 Free ဈေးလောက်ဘဲရှိတယ်... အရင်က KIA နဲ့ တပ်မတော်တိုက်ရင် ကချင်တွေသေတာ အတုန်းအရုံး... ခုဘယ်သူသေလဲ မြန်မာနဲ့ မြန်မာတွေ ချပြီး မြန်မာတွေသေကြတာ... KIA ကပြောတယ် ဈေးသက်သာလိုက်တာ တူမီးနဲ့ ဘောကန်အင… Read More
  • Nuclear စစ်ဖြစ်ရင်...မြေဇာပင်ဖြစ်မှာက...အမေရိကန်ပြည်သူတွေပါ....အမေရိကား...ထိပ်တန်းနိုင်ငံဖြစ်လာတာအမေရိကန်ပြည်သူတွေကြောင့်ပါ...အမေရိကားမှာ....အတော်ဆုံးသူတွေSmartest brains went into Business worldWhy? ...You can make the most with your talentInv… Read More
  • 👋 နီပိန်းလေးတွေ သိဖို့ သိဖို့ 🗣 🗣😜 ၁ နာရီနေရင် R2P လာမယ် ဆိုလည်း ယုံ😜 ၇၂ နာရီနေရင် UN တပ်တွေ လာမယ်ဆိုလည် ယုံ😜 တာမွေမှာ UN တပ်တွေ တွေ့တယ်ဆိုလည်း ယုံ😜 သူပုန်တွေ နေပြည်တော်ကို  ဝိုင်းထားပြီ ဆိုလည်း ယုံ😜 တပ်က ၁၀၀ ကျ KIA တယောက် ချော်လဲဒူးပြဲ ဆိုလည် ယုံ😀 အဲ့… Read More
  • ဆင်သမနွယ် နဲ့ ဆင်တုံးမနွယ် အတူတူလား ?        ၁၀၈ တောင် ဆရာတော်ကြီးရဲ့ ဆေးနည်းကို ဆရာကြီးဦးစိန်လှိုင်ဆီမှ တဆင့် ရရှိပြီး လူနာများနဲ့ တိုက်ကျွေးကြည့်ရာမှ သက်သာပျောက်ကင်းကြောင်း သိရ၍ ဝမ်းသာစရာ သတင်းကောင်း အဖြစ် ပို့စ် တင်ပြီး သတင်းပေးလိုက်ပါတယ် ။        ပြဿနာက ဆင်… Read More
  • အမေရိကန်နိုင်ငံသား ချင်းတိုင်းရင်းသားကြီး ဒေါက်တာ ဆလိုင်းငွန်ကျူံးလျှန်က အမျိူးယုတ်တွေကိုဖဲ့ပြီ      မြန်မာနိုင်ငံကို နိုင်ငံတကာတကာတရားရုံးတွေမှာဘာအကြောင်းအရာကြောင့်ဖြစ်ဖြစ်၊ ဘာနိုင်ငံတကာဥပဒေချိုးဖောက်လို့ပဲဖြစ်ဖြစ်၊  ဘယ်နိုင်ငံ၊ ဘယ်အုပ်စု၊  ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်၊  တရားစွဲတယ်၊ အမှုဖွင့်တယ်၊ အပြစ်ဖို့တယ်ဆိုတာနဲ့ ခင်ဗျား… Read More