Thursday, June 10, 2021

#အနာဂတ်မှာ_ရင်လေးစရာ_ဗုဒ္ဓဘုရား_သာသနာ

   ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးဘာသာအနက် ဟိန္ဒူဘာသာပြီးနောက် ဒုတိယအစောဆုံး(BC-588)
တွင် ပေါ်ထွန်းလာခဲ့သော ဘာသာတစ်ခုဖြစ်ခဲ့ပြီး အာရှတိုက် တစ်တိုက်လုံးနီးပါး ကိုးကွယ်ခဲ့သော်လည်း ယခုအခါ အနည်းဆုံဘာသာတစ်ခု အဖြစ်သာ ကျန်ရှိတော့သည်။

    ကမ္ဘာ့လူဦးရေသန်း(7800)ကျော်ရှိသည့်အနက် (7%)သာရှိပြီး အရေအတွက်အားဖြင့် သန်း(500)ခန့်ရှိကာ အနာဂတ်ကာလများတွင်(5%)အထိလျော့ကျသွားလိမ့်မည်ဟုပညာရှင်အများက ခန့်မှန်းထားကြသော ဘာသာတစ်ခုသည်။

          ထေရဝါဒသာသနာပြု အသောကမင်းကြီးစေလွှတ်လိုက်သော(9)တိုင်း၊(9)ဌာနအနက်(7)နေ
ရာဟာ ဗုဒ္ဓဘာသာ လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး ယခုအခါ သု၀ဏ္ဏဘုမ္မိဒေသ (ယခု-မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊မလေးရှား၊အင်ဒိုနီးရှား) နှင့် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)တို့သာအမြစ်တွယ်လျက် ကျန်ရှိနေသေးသည်။ယခုအခါ မလေးရှားနှင့်အင်ဒိုနီးရှား တို့ဟာလည်း ဗုဒ္ဓဘာသာ ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

 ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာကို ဂိုဏ်းကြီး(3)ဂိုဏ်းဖြင့် တွေ့မြင်နိုင်သည်။

(1)ထေရဝါဒဗုဒ္ဓဘာသာ(မူလ ဗုဒ္ဓဘာသာ)(Theravada Buddhism)(Original Buddhism)

       ဗုဒ္ဓမြတ်စွာ၏တရားတော်များကို ပြင်ဆင်ဖြည့်ဆွက်ထားခြင်း မရှိဘဲ မူလအတိုင်း လက်ခံယုံကြည်ကြသောအယူဝါဒဖြစ်သည်။

     ထေရဝါဒ ဗုဒ္ဓဘာသာကို မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊သီရိလင်္ကာနိုင်ငံများတွင် တွေ့မြင်နိုင်ပြီး ဒုတိယအကြီးဆုံး ဂိုဏ်းဖြစ်သည်။

(2)မဟာယာနဗုဒ်ဓဘာသာ
 (Mahayana Buddhism)

  မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း
(100)ကျော်အကြာ ဒုတိယသင်္ဂါယနာတင်ပြီးချိန်
 တောင်ပိုင်း (ထေရဝါဒ)အယူဝါဒနှင့် မြောက်ပိုင်း
(မဟာယာန)အယူဝါဒဆိုပြီး ကွဲထွက်လာခဲ့သည်။

   မဟာယာန ဗုဒ္ဓဘာသာကို တရုတ်၊ဂျပန်၊ကိုရီယား၊ဟောင်ကောင်၊စင်္ကာပူ၊ထိုင်၀မ်၊မလေးရှားနှင့်ဗီယက်နမ်နိုင်ငံ များတွင် တွေ့မြင်နိုင်ပြီး ပထမအကြီးဆုံး ဂိုဏ်းဖြစ်သည်။

(3)ဝဇီယာန ဗုဒ်ဓဘာသာ
(Vajarana Buddhism)

      (AD-8)ရာစုတွင် မဟာစိတ္တ၏ သင်ကြားမှုဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လည်ပေါ်ပေါက်လာခဲ့သော ဂိုဏ်းဖြစ်ပြီး တချို့ကမဟာယာန၏ ဂိုဏ်းခွဲဟုသတ်မှတ်ကာ တချို့ကမူလဗုဒ္ဓဘာသာ၏တတိမြောက်ဂိုဏ်းကြီးအဖြစ် သတ်မှတ်ထားကြသည်။

         ဝဇီယာနဗုဒ္ဓဘာသာကို ဘူတန်၊တိဗက်၊မွန်ဂိုလီးယား၊နီပေါနှင့်ရုရှားနိုင်ငံအချို့တွင် တွေ့မြင်နိုင်ပြီး တတိယအကြီးဆုံးဂိုဏ်းဖြစ်သည်။

{1}မြန်မာ{Myanmar}

 မြန်မာနိုင်ငံဟာ ထေရဝါဒ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေပေမယ့် (2008)ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်ချိန် ဒုက္ခသည်များကို ဘာသာခြားများက ငွေအား၊လူအားဖြင့် စည်းရုံသိမ်းသွင်းခဲ့တာကြောင့် ဗုဒ္ဓဘာသာ(1000)ကျော် အခြားဘာသာသို့ ကူးပြောင်းသွားခဲ့ကြသည်။

   (2013)ခုနှစ် ရခိုင်၊ဘင်္ဂါလီ အရေးအခင်းမှာလည်း
ချင်းလူမျိုး (20%)နီးပါးဟာ အခြားသော ဘာသာများသို့ ကူပြောင်းသွားခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဗုဒ္ဓဘာသာဦးရေ (50မှ100)လောက်အထိ အခြားဘာသာသို့ ကူးပြောင်းလျက်ရှိနေဟု သိရသည်။

    ယခင်ကမြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ(95%)ကျော်ရှိခဲ့ပေမယ့် ယခုအခါ နိုင်ငံလူဦးရေ၏(87%)သာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ခရစ်ယာန်(6%),
အစ္စလာမ်(4%)အထိ တိုးလာသည်ကိုတွေ့ရသည်။

{2}သီရိလင်္ကာ{Srilanka}

    ထေရဝါဒ ဗုဒ္ဓဘာသာ သီရိလင်္ကာနိုင်ငံဟာ(16)
ရာစုတွင် အင်္ဂလိပ်ကိုလိုနီလက်အောက် ကျရောက်ပြီး ဥရောပခရစ်ယာန်သာသနာပြု အဖွဲ့များက တစ်ကျွန်းလုံး ခရစ်ယာန်ဘာသာသို့ အတင်းသိမ်း သွင်းခဲ့ကြသည်။

(19)ရာစုတွင်ဗြိတိသျှ အသိပညာ၊အတက်ပညာရှင်များစုပေါင်းပြီး ဗုဒ္ဓဘာသာအား ပြန်လည်ကယ်တင်ခဲ့သည်။ လွတ်လပ်ရေးရပြီး(1948)ခုနှစ်တွင် ဗုဒ္ဓဘာသာကို ပြန်လည်စိတ်၀င်စားမှု များလာခဲ့သည်။

 ထို့ကြောင့် သီရိလင်္ကာဗုဒ္ဓဘာသာကို ပရိုတက်စတင့်(Protestantism) ဗုဒ္ဓဘာသာ ဟုခေါ်ဆိုကြသည်။ယခုအခါ နိုင်ငံလူဦးရေ၏ (70%)သာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။

{3}ဗီယက်နမ်{Vietnam}

ဗီယက်နမ်နိုင်ငံဟာလည်း(1963)ခုနှစ်မတိုင်မီ
အမေရိကန်လက်အောက် ကျရောက်ခဲ့ပြီးတောင်နဲ့မြောက် နှစ်ခြမ်းကွဲသွားခဲ့သည်။

 တောင်ပိုင်းကို အမေရိကန်၏ အကူအညီဖြင့် ခရစ်ယာန်ဘာသာဝင် သမ္မတက အုပ်ချုပ်ပြီး ခရစ်ယာန်ဘာသာသို့ အတင်းသိမ်းသွင်းကာ ဗုဒ္ဓဘာသာဝင်များအပေါ် ဖိနှိပ်ချုပ်ချယ်ခဲ့သည်။

    ဗုဒ္ဓဘာသာရဟန်းတစ်ပါး၏ ကိုယ်ကျိုးစွန့်အနစ်
နာခံကာ ကာကွယ်ပေးမှုကြောင့် ယနေ့တိုင်ဗုဒ္ဓဘာသာတည်တံ့နေခြင်းဖြစ်သည်။ယခုအခါဗုဒ္ဓဘာသာ (15%)သာကျန်ရှိပြီး ခရစ်ယာန်ဘာသာ(8%)အထိရှိလာသည်။

  အများစုမှာ မဟာယာနအယူဝါဒဖြစ်သော်လည်းထေရဝါဒအယူဝါဒ များလည်း ရှိလာပြီ ဖြစ်သည်။

{4}တောင်ကိုရီးယား{South Korea}

       တောင်ကိုရီးယားနိုင်ငံဟာ ယခင်က မဟာယာနဗုဒ္ဓဘာသာ အင်အားကြီးနိုင်ငံဖြစ်ခဲ့ပေမယ့် (1950) ခုနှစ် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စစ်မတ်ဖြစ်ပွားချိန် ခရစ်ယာန်ဘာသာဝင်တို့ကငွေအား၊လူအားဖြင့် ကူညီပေးသဖြင့် ဗုဒ္ဓဘာသာ သန်းနဲ့ချီပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားခဲ့လေသည်။

    ယခုအခါ ခရစ်ယာန်ဘာသာ(40%)အထိရှိလာပြီးဗုဒ္ဓဘာသာ(15%)သာကျန်ရှိတော့သည်။ အင်အားကြီးလာသော ခရစ်ယာန်ဘာသာဟာ အင်အား
ချည့်နှဲ့လာသော ဗုဒ္ဓဘာသာအပေါ်ဖိနှိပ်မှုများနှင့် ကြုံတွေ့နေရသည်။ နှစ်စဉ်လည်း ဗုဒ္ဓဘာသာအရေအတွက် ဆင်းလျက်ရှိသည်။

{5}မလေးရှား{Malaysia}

     မလေးရှားနိုင်ငံဟာ အသောကမင်းကြီး စေလွှတ်လိုက်သော သုဝဏ္ဏဘုမ္မိဒေသအဖြစ် ပါဝင်ခဲ့ပေမယ့် (14)ရာစုတွင် ဝင်ရောက်လာတဲ့ အာရပ်အစ္စလာမ်ဘာသာဝင်တို့၏ လွှမ်းမိုးမှုကြောင့်ဗုဒ္ဓဘာသာလုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။ 

    ထို့နောက် ရေကြောင်းကတစ်ဆင့် ဝင်ရောက်လာတဲ့ တရုတ်ကုန်သည်ကြီးများဟာ မဟာယာနဗုဒ္ဓဘာသာကို မလေးရှားနိုင်ငံသို့ ပြန်လည်ယူဆောင်ခဲ့သည်။

       ယခုအခါ နိုင်ငံလူဦးရေ၏ (20%)နီးပါးသာ တရုတ်အနွယ်ဝင် မဟာယာန ဗုဒ္ဓဘာသာဝင်များသာဖြစ်ပြီး ရှေးဟောင်းဗုဒ္ဓဘာသာ အဆောက်အုံများကိုလည်းငွေအား၊လူအားဖြင့် ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ထားကြသည်။  

    မကြာသေးမီက မလေးရှားနိုင်ငံကခွဲထွက်လာတဲ့ စင်္ကာပူနိုင်ငံဟာ ဗုဒ္ဓဘာသာ(33%),ခရစ်ယာန်(18%) 
,အစ္စလာမ်(14%),ဟိန္ဒူဘာသာ(6%)ရှိသည်။

{6}အင်ဒိုနီးရှား{Indonesia}

      အင်ဒိုနီးရှားနိုင်ငံဟာလည်း(AD-7)ရာစု သီရိဝိဇယမင်းကြီးလက်ထက်အထိ ဗုဒ္ဓဘာသာ နေလိုလလို ထွန်းကားခဲ့ပေမယ့် (AD-13)ရာစုနှင့် (AD-16)ရာစု (နှစ်ပေါင်း(300)ကျော်)အတွင်း ရေကြောင်းကတစ်ဆင့် ဝင်ရောက်လာတဲ့ အာရပ်ကုန်သည်များ၏ အကွက်ကျကျ စီစဉ်ပြီး အမြစ်ဖျက်ချေမှုန်းမှုကြောင့်ဗုဒ္ဓဘာသာ လုံးဝပျောက်ကွယ်ခဲ့သည်။

     ယခုအခါ နိုင်ငံလူဦးရေသန်း(200)ကျော်ရှိသည့်အနက် အစ္စလာမ်(87%),ခရစ်ယာန်(10%),ဟိန္ဒူ (1.7%),ဗုဒ္ဓဘာသာ(0.8%)သာကျန်ရှိပြီး အစ္စလာမ်ဘာသာအများဆုံးနိုင်ငံများ စာရင်းတွင်အဆင့် (1) နေရာ၌ ရပ်တည်နေပြီဖြစ်သည်။

     ဗောရောဗုဒ္ဓေါ(Borobudur)စေတီတော်ကြီးဟာလည်းခရီးသွားများလည်ပတ်ရာနေရာအဖြစ်သာ ကျန်ရှိနေတော့သည်။ထိုစေတီကြီးသို့ နှစ်စဉ်ခရီး သွား(5)သန်းခန့် လာရောက်လည်ပတ်လေ့ရှိကြပြီး နိုင်ငံခြားငွေ အများအပြားရရှိသော နေရာတစ်ခုသည်။ 

     အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်လာတဲ့  အရှေ့တီမောနိုင်ငံဟာလည်း ခရစ်ယာန်ဘာသာ နိုင်ငံအဖြစ်အရှေ့ တောင်အာရှတွင် ရပ်တည်နေပေသည်။

 {7}အိန္ဒိယနိုင်ငံ{India}

   ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့ရာ အိန္ဒိယနိုင်ငံဟာ အာသောကမင်းကြီးလက်ထက် ဗုဒ္ဓဘာသာနေလိုလလို ထွန်းကားခဲ့ပြီးနောက် မင်းဆက်များမှာ ဟိန္ဒူဘာသာဝင်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာကို ဖျက်
ဆီးခဲ့ကြသည်။

     ကျန်ရှိသော မဟာယာန ဗုဒ္ဓဘာသာဝင်များကိုလည်း တူရကီ၊မွတ်စလင်တို့က အမြစ်ဖျက် ခြေမှုန်းခဲ့ပြန်သည်။

    မွတ်စလင်စစ်သူကြီးနှင့် တပ်သားများ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးသောအခါ မဟာယာနဗုဒ္ဓဘာသာ ရပာန်းတော် သောင်းနဲ့ချီသေဆုံးခဲ့ပြီး ပိဋကတ်စာပေများကိုလည်း လနဲ့ချီကြာအောင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။နာလန္ဒာတက္ကသိုလ်အုတ်ရိုးကြီးများကို ယနေ့တိုင် တွေ့နိုင်သေးသည်။

 (2013)ခုနှစ်တွင် ဗီဟာပြည်နယ်ရှိဗုဒ္ဓဂါယာအနီးဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပြီး အသေအပျောက်မရှိသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်အကြီးအကဲများအတော်
စိတ်ထိခိုက်ခဲ့ရသည် ။

         ယခုအခါလူဦးရေသန်းပေါင်း(1300)ကျော်ရှိသည့်အနက် ဟိန္ဒူဘာသာ(79%),အစ္စလာမ်(14%),
ခရစ်ယာန်(5%),ဆစ်(1% ),ဂျိန်း(0.3%),ဗုဒ္ဓဘာသာ (0.7%)သာရှိသည်။

{8}တရုတ်{China}

    တရုတ်နိုင်ငံဟာလည်း မဟာယာန ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံဖြစ်ပေမယ့် ယခုအခါ အစိုးရ၏ ဗုဒ္ဓဘာသာအပေါ် အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ပြီး ရုပ်ပွားတော်များကိုလည်း ဖြိုချဖျက်စီးလျက်ရှိနေပါသည်။

လူဦးရေ သန်း(1400)ကျော်ရှိသည့်အနက် ဘာသာမဲ့(40%)၊တာအိုဘာသာ(တရုတ်ရိုးရာ)(26%)၊ဗုဒ္ဓဘာသာ(18%)၊ခရစ်ယာန်(8%)၊အစ္စလာမ်(2%)
နှင့် အခြားဘာသာများ(6%)ရှိသည်။

{9}ဂျပန်{Japan}

        ဂျပန်နိုင်ငံဟာလည်း  မဟာယာနဗုဒ္ဓဘာသာကိုဂျပန်ရိုးရာဘာသာ(သို့)ရှင်တိုဘာသာ(Shintoism)
နှင့်ရောစပ်ကိုးကွယ်ပြီး ဗုဒ္ဓဘာသာနှင့်အနည်းငယ်သာသက်ဆိုင်သည်။

        ယခုအခါ လူဦးရေ၏(36%)ဟာ ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ကြပေမယ့် ဘုရား၊စေတီများကိုလည်းကမ္ဘာလှည့် ခရီးသွားများအတွက် စီးပွားရေးဆန်စွာ တည်ဆောက်ထားသည်။

{10}နီပေါနိုင်ငံ{Nepal}

           ဗုဒ္ဓမြတ်စွာပွင့်တော်မူခဲ့ရာ နီပေါနိုင်ငံသည် ယခင်က အိန္ဒိယနိုင်ငံနယ်နိမိတ်ဖြစ်ခဲ့ပြီး အိန္ဒိယတွင် ဗုဒ္ဓ ဘာသာကွယ်ပျောက်ချိန်၌ နီပေါနိုင်ငံဟာလည်း ဗုဒ္ဓဘာသာကွယ်ခဲ့ပြီဖြစ်သည်။

      ယခင် အိန္ဒိယနိုင်ငံနယ်နိမိတ်သည်ပါကစ္စတန်၊ အာဖာဂန်နစ္စတန်၊ ဘဂ်လားဒေ့ရ်ှအထိ ပါဝင်ခဲ့ပြီး ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ကျောင်းတော်များကို ထိုနိုင်ငံများတွင် ယနေ့တိုင်တွေ့မြင်နိုင်သေးသည်။ယခုအခါ ထိုနိုင်ငံများမှာ အစ္စလာမ်ဘာသာနိုင်ငံများ အဖြစ်ရပ်တည်နေကြောင်း သိကြပြီဖြစ် သည်။

     ယခုအခါ နီပေါနိုင်ငံလူဦးရေ၏(10%)သာ ၀ဇီယာန ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဟိန္ဒူဘာသာ (82%) ရှိကြသည်။

    
     အထက်ပါ အကြောင်းအရာကို ဖော်ပြခြင်းအားဖြင့် မည်သည့် ဗုဒ္ဓဘာသာဂိုဏ်ခွဲပင် ဖြစ်နေစေကာမူ ဗုဒ္ဓသာသနာ မပျောက်ပျက်သွားအောင် ထိန်းသိမ်းစောက်ရှောက်ရမည့် တာဝန်မှာ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်သည်။ 

    အချို့က အကြမ်းဖက်၍ ပျောက်ကွယ်သွားခဲ့သော်လည်း အချို့က ငွေကြေးအကူအညီပေးရုံ၊စည်းရုံသိမ်းသွင်းရုံမျှဖြင့် အခြားဘာသာများသို့ကူးပြောင်းသွားခဲ့ကြလေသည်မှာ ဗုဒ္ဓသာသနာအတွက် အင်မတန်မှရင်လေးစရာကောင်းလှပေသည်။ဤအထောက်အထားများကို ကြည့်ခြင်းအားဖြင့် ဘာသာကြီးလေးဘာသာမှာ အားနည်းလာသော ဗုဒ္ဓဘာသာအပေါ် ဘာသာကြီးသုံးခုက သိသိသာသာ ဖိနှိပ်နေကြောင်း ပေါ်လွင်ထင်ရှားလှသည်။

     ခရစ်ယာန်နှင့် မွတ်စလင် စစ်ပွဲဖြစ်တဲ့ ခရူးဆိတ်စစ်ပွဲအကြောင်း အများသိကြပြီဖြစ်သည်။ဤစစ်ကြီးသည် နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီး နှစ်ဘာသာလုံး အထိအခိုက်များခဲ့ကြသည်။ထိုစစ်ပွဲတွင် ခရစ်ယာန်ဘက်မှ ခရစ်ယာန်အင်အားကြီးနိုင်ငံများ ပါဝင်ခဲ့ပြီး မွတ်စလင်ဘက်မှ မွတ်စလင် အင်အားကြီးနိုင်ငံများ ပါဝင်လာကာသွေးချောင်းစီးသော စစ်ပွဲကြီး ဖြစ်ခဲ့သည်။

  ဤသာဓကကို ကြည့်ခြင်းအားဖြင့် အခြားဘာသာများ ထိခိုက်လာလျှင် မားမားမတ်မတ်ကာကွယ်ပေးမည့်အင်အားကြီးနိုင်ငံအများအပြားရှိကြောင်းတွေ့ရသည်။ထို့အပြင် ဘာသာခြားနိုင်ငံများတွင် အခြားဘာသာများ သာသနာပြုရာတွင်စည်းကမ်း၊စည်းမျဉ်းဥပဒေများဖြင့် ကန့်သတ်ထားသည်။ဘာသာကူးပြောင်းမှုများကိုလည်း ကန့်သတ်ထားသည့် ဥပဒေများရှိသည်။

   ဘာသာရေးပွဲတော်များ၊တရားပွဲများ၊ဘာသာရေးအထိမ်းအမှတ်နေ့များလည်းဥပဒေအကန့်အသတ်များဖြင့်သာပြုလုပ်ရသည်။ထို့အပြင် နိုင်ငံတော်ဘာသာကို စော်ကားလျှင် သေဒဏ်၊တစ်သက်တစ်ကျွန်းစသော ကြီးလေးသော အပြစ်ဒဏ်များအထိ ချမှတ်နိုင်သော ဥပေဒများ ရှိသည်။

  သို့သော် အရှေ့တောင်အရှရှိ ဗုဒ္ဓဘာသာနိုင်ငံငယ်များကို အခြားဘာသာများက အတင်းဖိနှိပ်၊စည်းရုံးသိမ်းသွင်းနေသည်ကို သိသာလှသော်လည်း မားမားမတ်မတ် ကာကွယ်ပေးမည့်နိုင်ငံများ ယနေ့တိုင် မရှိသေးသည့်အပြင် ဗုဒ္ဓဘာသာနိုင်ငံများမှ အခြားဘာသာသို့ ကူးပြောင်းအစ ပြုလာသည်ကို အထက်ပါ ဖော်ပြချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ထို့အပြင် ဗုဒ္ဓဘာသာ နိုင်ငံများသည် ငွေအားဖြင့် စည်းရုံသိမ်းသွင်းလျှင်အင်မတန်လွယ်ကူလှသည်။အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာနိုင်ငံအများစုသည် ဆင်းရဲသောကြောင့်ဖြစ်သည်။အိမ်နီးချင်း ဗုဒ္ဓဘာသာနိုင်ငံများလည်း ကိုယ်ထူ၊ကိုယ်ထနိုင်ငံများသာဖြစ်သောကြောင့် ကိုယ်ဖြစ်ကိုယ်ခံခဲ့ရသော အိမ်နီးချင်းနိုင်ငံများ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှာ သာဓကပင်ဖြစ်လေတော့သည်။

   အခြားဘာသာနိုင်ငံများသည် ဘာသာတူဆင်းရဲသောနိုင်ငံများကို ဘာသာတူချမ်းသာသော နိုင်ငံများက ငွေအားလူအားဖြင့် အပြည့်အဝ ကာကွယ်စောင့်ရှောက်ထားပြီး နိုင်ငံလုံခြုံရေးအတွက်ပါညကာကွယ်ပေးထားကြသည်။မွတ်စလင်နိုင်ငံ အများစုသည် အခြားသောဘာသာ အမျိုးသားများဖြင့်လက်ထပ်ခြင်းကို တားမြစ်ထားပြီး လက်ထပ်သောအခါ ဘာသာကူးပြောင်းရသော နိုင်ငံဥပေဒများရှိသည်။

   မြတ်ဗုဒ္ဓသာသနာတော်သည် ဘုရားသားတော်ရဟန်းသံဃာများဖျက်မှ ပျက်လိမ့်မည်ဟုဆိုသော်လည်း အားအင်ချည့်နှဲ့သွားခြင်းသည်ပင် ဗုဒ္ဓသာသနာကွယ်လာခြင်းနှင့် မထူးခြားနားပင် ဖြစ်လေတော့သည်။

             ဤသို့တင်ပြခြင်းသည် အခြားဘာသာများကို ထိုးနှက်တိုက်ခိုက်နေစေလိုခြင်းမျိုး မဟုတ်ဘဲ အဓိက ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် စောင့်ထိန်းနိုင်ကြရန်သာ ဖြစ်သည်။

     ထို့ကြောင့် မိမိတို့ သားငယ်သမီးငယ်များအား ဗုဒ္ဓသာသနာ အသိစိတ်များ ရင်ထဲကိန်းအောင်းနေစေရန် ငယ်စဉ်ကတည်းက သွန်သင်ဆုံးမညွှန်ပြပေး
သင့်ကြောင်း၊ဗုဒ္ဓစာပေ လေ့လာသင်ကြားပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း၊ဗုဒ္ဓဘာသာအပေါ် ရိုသေလေးစားတန်ဖိုးထားသင့်ကြောင်း၊အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ပေးသင့်ကြောင်း လေ့လာရလောက် တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။ 

#မေတ္တာဖြင့် 
#မဇ္စျိမပဋိပဒါ_အရှင်ရာဇဓမ္မ
လေးစားစွာဖြင့် ပြန်လည်မျှဝေပါသည် ဘုရား