Thursday, June 10, 2021

နိုင်ငံချင်းစစ်ပွဲတွေမှာတိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ဖူးမှ သိနိုင်မယ်...

ကျွန်တော်က... 

ကွန်ကရစ်လမ်းတွေကို ခု ခင်းလိုက်...
ခင်းပြီးသား လမ်းအကောင်းကြီးတွေကို
ခု ပြန်ဖျက်လိုက် လုပ်နေတော့...

ပြည်သူ့ဘဏ္ဍာငွေတွေ အလဟသလေလွင့်ကုန်တဲ့ အကြောင်း လုပ်ငန်းတွေကို Plan ချထားပြီး ဌာနတစ်ခုနဲ့ တစ်ခု ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်သင့်ပါတယ်လို့
အကြံပြုထားတဲ့ ပို့စ်မှာ... စစ်တပ်က ဘတ်ဂျက် တိုး တောင်း တဲ့ကိစ္စကျတော့ ဘာလို့မပြောလဲ ကိုတိုးရေ...
ဆိုမေးပါတယ်...

စစ်တပ်ကတောင်းတဲ့ ဘတ်ဂျက်က လမ်းတွေခင်းလိုက်
ပြန်ဖျက်လိုက်... အသစ်ပြန်ခင်းလိုက်လုပ်ဖို့ မဟုတ်တာတော့ သေချာတယ်...

ဒီကိစ္စပြောမယ်ဆို... နိုင်ငံချင်းစစ်ပွဲတွေမှာ
တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ဖူးမှ သိနိုင်မယ်...

၂၀၀၁ မှာ ထိုင်းမြန်မာနယ်စပ် ပြဿနာတက်တယ်...
SURA အဖွဲ့ကို ထိပ်မှာတင်ပြီး တာချီလိတ်၊ပုန်းထွန် နားက အို ဆဲဗင်းကုန်းကို တစ်ဘက်က သံချပ်ကားတွေ အကူနဲ့ ဝင်သိမ်းတယ်...

နောက် ပုံပါကျင်ဘက်တွေ
မိုင်းတွင်း၊မိုင်းဆတ်ဘက်တွေ ဆက်တိုက်ဖြစ်ကြတယ်...

ထိုင်းဘက်ကရော ..... မြန်မာဘက်ကပါ...
မယ်ဆိုင်နဲ့ တာချီလိတ်မြို့တွေထဲကို
လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ကြတယ်...

တာချီလိတ်မြို့ထဲက အရပ်သားတချို့ လက်နက်ကြီး
ကျည်စတွေမှန်လို့ အသက်ဆုံးရှုံးခဲ့ရတယ်...
စစဖြစ်ချင်း လက်နက်ကြီးတွေကျတာကြောင့်
တစ်မြို့လုံးထွက်ပြေးကြတယ်...

တာချီလိတ်မြို့ထဲမှာ မပြေးမဖြစ်ကျန်နေခဲ့တာက
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ...
အရပ်သားတွေထဲကဆို လူကြီးယာဉ်တန်းကား လိုက်မောင်းပေးရတဲ့ အရပ်သားအချို့ကျန်နေခဲ့တယ်...
ကျွန်တော်အပါအဝင်ပေါ့...

ကျန်နေခဲ့တဲ့ အရပ်သား ယာဉ်မောင်းတွေဟာ
ရှိတဲ့ ကားတွေနဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ... ဌာနဆိုင်ရာ မိသားစုတွေကို တာလေကို ပို့ပေးရတယ်...

ကျွန်တော်တို့ ကျန်ခဲ့တဲ့ ယာဉ်မောင်းအကူအဖွဲ့တွေဟာ
လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ရိက္ခာ ခဲယမ်း လက်နက်ကြီးကျည်တွေကို ဖိုးဝှီးကားတွေနဲ့ ပို့ပေးရတယ်... မိုင်းဆတ် မိုင်းတွင်းဘက်အထိပေါ့...

အဲ့လိုနဲ့ သူ့ဘက်က ပစ်လိုက်... ကိုယ့်ဘက်ကပစ်လိုက်နဲ့
လုပ်နေတုန်း ဘီပီဝမ်းဘက်က စခန်းကုန်းတွေ ပြန်မသိမ်းခင် တစ်ရက်မှာ...

တာချီလိတ်လေပိုင်နက်ထဲကို ထိုင်းလေတပ်က F16 တစ်စီးတည်း ဝင်လာပြီး မြို့ပေါ်မှာ အသံဗုံးတွေ
ကြဲချလိုက် ကျွမ်းထိုးလိုက်နဲ့ လုပ်နေတယ်...
နာရီဝက်ကျော်လောက်ကြာမယ်

တာချီလိတ်မှာချထားတဲ့ လေကာအမြောက်တွေကလဲ
အော်တို လိုက်ချိန်နေပေမယ့် F16  ရဲ့ အရှိန်နှုန်းနဲ့
အမြင့်ပေဟာ သူ့ပစ်ကွင်းထဲကို မဝင်လို့ ပစ်မရဘူး...
အနိမ့်ပျံ လေယာဉ်အနှေးတွေလောက်ကိုသာ
အဆင်ပြေတာကို...

အဲ့အချိန် တာချီလိတ်မှာ မြို့ခံတချို့လည်း
ပြန်လာတဲ့သူ ပြန်လာနေ နေကြပြီ...

နာရီဝက်ကျော်လောက် ကိုယ့်နိုင်ငံလေပိုင်နက်ထဲမှာ
လာစသလို လုပ်နေတဲ့ လေယာဉ်ကို အောက်ကနေ
ကြည့်နေရတဲ့ အရသာမျိုး ခင်ဗျားတို့ ခံစားဖူးကြလား...

တော်တော်ခါးသက်ပြီး နှလုံးသွေးတွေပါ
ပွက်ပွက်ဆူတဲ့ ခံစားချက်မျိုးပေါ့...

နမ့်ဆန်လေယာဉ်ကွင်းကနေ F7 လေးစီးဟာ 
F16 နဲ့ လေးစီး တစ်စီး သူသေ ကိုယ်သေချမယ်ဆိုပြီး...
ဗိုလ်ပီတာတို့ စက်လေးလုံးတပ် အမေရိကန် ဗုံးကြဲလေယာဉ်ကြီးကို ပစ်ချခဲ့တဲ့ ဝေဟင်ယံဆီ
တရှိန်ထိုး ပျံတက်အလာမှာတော့ F16 ဟာ တစ်ဘက်နိုင်ငံ လေပိုင်နက်ထဲကို ပြန်ဝင်သွားခဲ့တယ်...

နောက် ဘကုန်းနဲ့ ရေပိုင်နက်ပြဿနာဖြစ်တုန်းကလည်း
ဘကုန်းဖရီးဂိတ်ဘေးမှာ အင်းယားစစ်ရေယာဉ်နဲ့
ဆင်နဲ့ ဆိတ်လို ဆိုင်ထားရတဲ့ အခြေအနေကိုလည်း...
နယ်စပ်ဒေသစစ်ပွဲတွေကို မကြုံဖူးသူတွေ အနေနဲ့
ခံစားတတ်မှာ မဟုတ်ဘူး...

ဓားကို တုတ်နဲ့ တက်ရိုက်လို့ရတဲ့ ခေတ်က ကုန်သွားပြီ...
 
စစ်လက်နက် ပစ္စည်းချင်း မယှဉ်နိုင်တဲ့ နိုင်ငံက တကယ်ဖြစ်လာရင် ရှုံးမှာဘဲ...

ဒုံးကျည်တောင် Hypersonic Speed ခေတ်ကို
ရောက်နေပြီ...

သူများတွေ ရေငုတ်သင်္ဘောသုံးရင် ကိုယ့်နိုင်ငံလည်း...
ရေငုတ်သင်္ဘောသုံးနိုင်မှ နည်းဗျူဟာချင်း ယှဉ်နိုင်မယ်...

ဒါတောင် တပ်က ကိုယ်တိုင် F14 လို ကိုယ်ပျောက် ဖရီးဂိတ်တွေ ထုတ်နိုင်လို့ စရိတ်သက်သာနေတာ...

လေယာဉ်ဆိုရင်လည်း SU30 SME လိုအဆင့်မြင့်
ဘက်စုံသုံးတိုက်လေယာဉ်တွေ လိုအပ်လို့ ဝယ်ထားတာအမှန်ပါ

တကယ်လို့ စစ်အင်အားသာ မရှိခဲ့ကြည့်ပါလား...
စစ်တပ်ချင်းသာ မယှဉ်နိုင်ခဲ့ကြည့်ပါလား... ဘကုန်းက ခင်ဗျားတို့ အိမ်ဦးခန်း ချီးတက်ပါနေလောက်ပြီ...

စစ်တပ်ချင်း မယှဉ်နိုင်လို့ ရှုံးခဲ့ရင် ပြည်သူဆိုတာကတော့
နိုင်တဲ့သူ လက်ခုတ်ထဲကရေဆိုတာ ဂျပန်ခေတ်မှာ အင်္ဂလိပ်ခေတ်မှာ ခံစားခဲ့ဖူးပြီ...

စစ်တပ်ဆိုရင် ဘာလုပ်လုပ် ကန့်ကွက်လိုက်ရမှ
မကောင်းပြောလိုက်ရမှ... နေသာ ထိုင်သာရှိကြတဲ့ သူတွေကို နယ်စပ်စစ်ပွဲတွေကြား ခဏလောက် ရောက်စေချင်မိတယ်...

#ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
CRD#Soldier Love