Tuesday, June 8, 2021

လုပ်ချိန်တန်တာ ကြာပေါ့

           ကိုစိုးတယောက် နေ့လည်မှ ရောက်လာပြီး ဇွတ်ခေါ်နေလို့ လက်ဖက်ရည်ဆိုင် သွားကြပါတယ် ။ 

"ငမျိုးရေ  စစ်ရေး အခြေအနေ ဘာကြားသေးလဲ ကွ ''

"ဘာမှ မကြားသေးဖူး လေထဲက တောပြော တောင်ပြောတွေပဲ တွေ့နေရတယ် ''

"လိုင်ဇာ တိုက်မယ်ဆို ''

"အဲဒါလည်း ဘာမှန်းမသိတော့ဖူး KIA က ငြိမ်းချမ်းရေး ကမ်းလှမ်းသလိုလို ဘာလိုလို ကြားတာပဲ ''

"ကယားဖက်ကရော ''

"KNPP လည်း PDF ငရုတ်နဲ့ ပေါင်းပြီး အထောင်ခံရလို့ ငယ်သံပါနေပြီ ကယ်ပါယူပါ နဲ့ ''

"KNU တွေကရော ''

"ကြည့်ရတာကတော့ သူတို့လည်း BGF အဆင့်နဲ့တောင် တူတူပုန်းတမ်း ကစားနေကြသလိုပဲ ပတ်ပြေးနေကြတယ် ''

"အလစ် အငိုက် ခံနေရတာတော့ မကောင်းဖူး ကွ ''

"စစ်ရဲ့ သဘော ဖြစ်နေကြပါဗျာ အင်တာနက် ခေတ်မို့ အခုမှ သိရပြီး ပွနေတာပါ မဆန်းပါဖူး ''

"ဒါနဲ့ ပုသိမ်ကြီးက ရဲကိုပစ်ပြီး သေနတ်ယူသွားတဲ့ကောင် မိပြီဆို '' 

"တွေ့လိုက်တယ် အခုတလော နေရာ အတော်များများ မိနေတယ် ကိုစိုး သတိထားမိသလား ''

"အေးကွ ဟုတ်တယ် အခုမှ အလုပ် လုပ်လာကြတယ် နဲ့ တူတယ် ''

"လိုင်းပေါ်က သတင်းတွေကြောင့် ပါတယ် ဗျ  တိုင်တဲ့ သူတွေကလည်း တိုက်ရိုက် တပ်ကိုပဲ ကြိုးစား ချိတ်ဆက် သတင်းပေးနေကြပြီး ပူးပေါင်း လုပ်နေကြလို့ ဗျ ''

"အေး မနက်က ကျောင်းထဲကို ကျောင်းသားယောင်ဆောင်ပြီး ဗုံးခွဲမယ့် ကောင်လေး မိတာ ကြည့်ရတယ် မာဖီ နဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်မယ်ကွ သေနတ်တွေ နဲ့ ပဲ ကောင်းတယ် ကွာ ''

"ဟုတ်တယ် တသိန်းရလို့ ခွဲတာတဲ့ နောက် သူ့ဒေါ်လေးက CDM ဆရာမ တဲ့ ကိုစိုးရေ ''

"အခုဆို သတင်းယူတာလည်း မြန်လာပြီကွ ထူးခြားချက်က အခြား နစက တွေ အကြံပေးနေတာတွေက မင်းတို့ ငါတို့ ဖြစ်စေချင်တဲ့ အချက်တွေပဲ ကွ ''

"အင်း အရင်ကလည်း အကြံပေးတွေရော ပြောနေကြပေမယ့် တရားဝင်မဖော်ပြဖူး ဗျ ၊ အခုမှ ဖော်ပြနေတာက ထူးခြားတယ် ''

"ဘာထူးတာလဲ ကွ ''

"လုပ်ချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ပေါ့ ဗျာ ဒီကရှေ့ရှောက် မချောင်တော့ဖူး ဆိုတဲ့ သတိပေးချက်ပဲ ကိုစိုးရ ''

"ဟုတ်ပါ့ မလား ကွာ ''

"ဟုတ်ပါ့ ဗျာ တနေ့က အပြေးအလွှား သပိတ် မှတ်မိလား အဲလို လုပ်ဖို့ လူစုကြတယ် စျေးသွားသလိုလို ဘာလိုလို လူစုံတော့ အော်လည်း အော်လည်း ဘေးနားက အရပ်ဝတ်နဲ့ ဝင်ဖမ်းလိုက်တာ လက်မြှောက်ချိန်တောင် မရလိုက်ဖူး ''

"ဟိုက်  နစက လည်း လည်လာပြီ ပေါ့   ဒါနဲ့ ဘွားတော်ပြောတဲ့ ငွေ ကိစ္စ ဘယ်လိုမြင်လဲ ကွ ''

"အင်းးးရိုးရိုးသားသား စောက်ဂျီးများရင် အကြောင်းမဟုတ်ဖူး အပြင်က အကြမ်းဖက်တွေ အတွက် ကူကြပါ ကယ်ကြပါ အချက်​ပြတာလား ဆိုတာလည်း စီစစ်ရမယ် ဗျ  တပ်က ကုတ်တွေတောင် ဖော်နိုင်ပါတယ်လေ ''

"အေး အုပ်ကြီးတယောက် အသတ်ခံရပြန်ပြီ တဲ့ ''

"ပြည်သူပူးပေါင်းတဲ့ကာကွယ်ရေးစနစ် စတော့မယ့် အရိပ်အယောင် ပြနေပြီ အဲဒီအချိန်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းပြီ ''

"အေးကွ ဒါလည်း ဟုတ်တာပဲ တို့ခေါင်းပေါင်းကြီး တကယ်လုပ်ပါစေ ဆုတောင်းနေရတာပဲ လေ ''

"သူရင်ဆိုင်နေရတဲ့ သူတွေက ​ဆေးရုံ​တွေဖျက်ဆီး ၊ ကျောင်းလည်းဗုံးခွဲ ၊ စျေးလည်းမီးရှို့ ၊ အရပ်သားခြင်း ပြန်သတ် ၊ နောက်ဆုံး ​ပြည်သူကိုပါ အဆိပ်ခပ်သတ်ဖို့ အထိ ပြောဆို တိုက်တွန်းနေတဲ့ ကမ္ဘာ့ အယုတ်မာဆုံး အတန်းအစား တွေ ဆိုတာ သိလောက်ပါပြီ လေ ''

"ကဲ ခေါင်းပေါင်းကြီးရေ လုပ်ချိန်တန်တာ ကြာပါပြီ ဗျာ ''

"ဒီနေ့တော့ ငပိကျော် နံ့ မရတော့ဖူး လားကိုကြီးစိုး ''

"အေး ဆက်ပြောရင် ပါလာတော့မယ် ပြန်စို့ ဟေ့ လခွမ်း တခါတလေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပြန်ပါရစေ ကွာ ''

        မျိုးဝင်း