Tuesday, June 8, 2021

ဆက်စပ်ကြည့်ကြပါစို့

ဆောင်းပါးရှင် ~~>>ကိုမျိုးဝင်း

{ ဖြစ်စဉ် ၁ }
------------------
-  ဆော်ဒီသံအမတ်အဖြစ် 2008 မှ 2013 အထိ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ သံအမတ်ကြီး ဦးခင်ဇော်ဝင်းရဲ့ မှတ်တမ်း

- 2010 မှာ ဆော်ဒီအစိုးရက သူ့တို့ ထောင်ချထားတဲ့ မြန်မာနိုင်ငံသား 3000 အား စီစစ် စစ်ဆေးပေးဖို့ တောင်းဆို

- မြန်မာအစိုးရထံ သတင်းပို့ ခွင့်ပြုရယူပြီး ဆော်ဒီဌာနဆိုင်ရာတွေနဲ့ သွားရောက်စစ်ဆေး

- ဆော်ဒီမှာပဲမွေးခဲ့သူတွေဖြစ်နေခြင်း ၊ နိုင်ငံသားကဒ်မရှိခြင်း ၊ မြန်မာစကားမပြောတတ်ခြင်း ၊ မြန်မာနိုင်ကိုပင်မရောက်ဖူးခြင်း ၊ မြန်မာသို့လည်း မသွားလိုကြခြင်း ၊
ဆော်ဒီအသိအမှတ်ပြုကဒ်သာရှိခြင်း ( ဝှိုက်ကဒ်ကဲ့သို့) ဆိုပြီး ပြန်လည် သတင်းပို့

- စစ်ဆေးပြီးနောက် တလခွဲအကြာမှာ ဆော်ဒီအစိုးရက အကျဉ်းသားတွေကိစ္စကို မေးမြန်းရာ ထောက်အထားမရှိ၍ လက်ခံရန်မဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့

- နောက် ၂ လအကြာမှာ ဆော်ဒီအစိုးရက

"အကျဉ်းသား 3000 အပါအဝင် ဘင်္ဂလီ 500000 အား မြန်မာပြည်က လက်ခံရန်၊
သယ်ယူစရိတ်ကို ဆော်ဒီက ကျခံမည် ၊ ထိုသူများ၏ စားဝတ်နေရေး အတွက် အလုပ်အကိုင်အတွက် အရင်းအနှီးဆော်ဒီမှ ထောက်ပံ့မည် ၊ မြန်မာနိုင်ငံက သဘော
တူလျှင် ငွေကြေး နှင့် အခြားထောက်ပံ့မှုများ ဖြင့် ကူညီမည်"

     ဆိုပြီး ညှိနှိုင်းပါတယ် ။ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ ဥပဒေအရ လက်ခံ၍ မရကြောင်း သို့သော် အထက်လူကြီးများအား တင်ပြပေးပါ့မယ်လို့ ပြောခဲ့ပြီး သတင်းပို့ပေးခဲ့ပါတယ် ။ မြန်မာအစိုးရက လုံးဝလက်မခံနိုင်ကြောင်း အကြောင်းပြန်ခဲ့ ပါတယ် ။

     OIC ဟာ မြန်မာအစိုးရကို ဝယ်မရမှန်းသိသွားပြီး EU နဲ့ ပေါင်းကာ STATEMNT ရေးထိုးပါတယ် ။အဲဒီမှတ်တမ်းမှာ EU ဖက်က ဟန်ယောင်ဝေ နဲ့ OIC
က ဝါကာအူဒင် တို့ လက်မှတ်ရေးထိုးပါတယ် ။

{ ဖြစ်စဉ်  ၂ }
------------------

        ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဂျော့ဆိုးရော့ဟာ 2013 - 2014 - 2015 သုံးနှစ်ဆက်တိုက် မြန်မာပြည်လာပါတယ် ။ လာတိုင်းလည်း ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး
သူ့တပည့်ဖြစ်တဲ့ ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတနေရာ ခန့်ပေးဖို့ တောင်းဆိုပါတယ် ။ ပြည်တွင်းရေး စွတ်ဖက်ခြင်း နဲ့ အချုပ်အခြာအာဏာကို စော်ကားသလို
ဖြစ်နေတယ်ဆိုပြီး ဦးသိန်းစိန်က လက်မခံခဲ့ပါဘူး ။ 

    NLD လက်ထက် 13-1-2017 မှာ ဂျော့ဆိုးရော့ မြန်မာပြည်လာပြီး ဒေါ်စုကြည်နဲ့ တွေ့ဆုံပါတယ် ။ ဟုတ်ကဲ့ 14-1-2017 မှာ ဦးသောင်းထွန်းကို အင်မတန်အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်
ခန့်အပ်ခဲ့သလို နိုင်ငံခြားစီးပွါးဆက်ဆံရေး ဝန်ကြီးဌာနဆိုပြီး အသစ်ဖွဲ့ကာ ဝန်ကြီးခန့်လိုက်ပါတယ် ။

     ဦးသောင်းထွန်း ဝန်ကြီးဖြစ်ပြီးနောက် ရခိုင်မှာ ရဲစခန်း ၃၀ အတိုက်ခံရပြီး ပြဿနာစလာပါတယ် ။ အများကန့်ကွက်တဲ့ကြားထဲက ကိုဖီအာနန်ကော်မရှင်ဖွဲ့ပါတယ် ။ အချုပ်အခြာကို စော်ကားထားတဲ့ အစီရင်ခံစာကို ဒေါ်စုကြည်က ဝမ်းသာအားရ လက်ခံပါတယ်  ။

    ဂျော့ဆိုးရော့ တပည့် ဝန်ကြီးအသစ် ဦးသောင်းထွန်းကတော့ ဘင်္ဂလီတွေ တောင်းဆိုတဲ့အတိုင်း လုပ်ပေးရမယ် ။ မလုပ်ပေးရင် R 2 P နဲ့ ရင်ဆိုင်ရမယ်ဆိုပြီး
မြန်မာနိုင်ငံကို ပြန်လည်ခြိမ်းခြောက်ပြပါတယ် ။

{ ဖြစ်စဉ် ၃ }
------------------

ရခိုင်ဒေသမှာ  အကြမ်းဖက်လှုပ်ရှားမှုတွေကို ခိုးဝင်ဘင်္ဂါလီတွေကအဆင့်လေးခုနဲ့   စနစ်တကျ  လုပ်ဆောင်သွားခဲ့ပါတယ် ။

-  မောင်တောခရိုင်မှာ   တိုင်းရင်းသားကျေးရွာတွေက၂၄၀ ရွာ ၊ ဘင်္ဂါလီတွေရဲ့ရွာတွေက  ၄၄၇ ရွာရှိနေတယ် ။
ဘင်္ဂါလီရွာတွေမှာ   ဘင်္ဂါလီလူမျိုးတွေနဲ့ပဲ  အုပ်ချုပ်ရေးကော်မတီဆိုပြီး  ဖွဲ့စည်းထားတယ် ။

- အဲဒီရွာတွေထဲကို  ရဲတွေက  အင်အား ၃၀ လောက်နဲ့တောင်  ဝင်မသွားရဲဘူး ။
အဲဒီရွာတွေရဲ့  လူအင်အားဟာ အချိန်တိုအတွင်းမှာ  လူမဆန်တဲ့  သားဖေါက်နှုံးနဲ့ နေ့ချင်းကြီးလာခဲ့တာ ။

- အဲဒီဘင်္ဂါလီရွာတွေမှာ  မော်လဝီဘာသာရေးခေါင်းဆောင်တွေကပဲ  အုပ်ချုပ်နေပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမြဲတမ်း အခြေစိုက် မနေနိုင်တဲ့အတွက် 
အကြမ်းဖက်သမားတွေက   အလွယ်တကူ  ဝင်ထွက်နေခဲ့ကြတယ် ။

- အကြမ်းဖက်သမားတွေဟာ အဲလို နေထိုင်သွားလာလို့  ရနေတဲ့အတွက်
အမာခံအကြမ်းဖက်တွေမွေး ၊ လူသစ်တွေ စု ၊ သင်တန်းတွေပို့နဲ့လူစုပြီးသား  ဖြစ်နေခဲ့တယ် ။

- သူတို့ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့  ဆက်နွယ်နေတဲ့  AMM - Aqu Mul Mujahidin  အဖွဲ့တွေ ၊ARSA - Arakan Rohingya Salvation Army
တွေ   ဖြစ်နေကြတယ် ။

{ ဖြစ်စဉ် ၄ }
------------------

      ရခိုင်ကိစ္စအပေါ် ဖြေရှင်းရာ ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဘင်္ဂလီတွေက ဒေသခံတွေကို အစုလိုက်အပြုံလိုက်စတင်သတ်ဖြတ်ပစ်တာတွေ ၊ ရဲစခန်း ၃၀ ကို စတင်တိုက်ခိုက်အကြမ်းဖက်တာတွေကို မေ့ထားခဲ့ကြပြီး တပ်မတော်က နှိမ်နင်းခဲ့တဲ့ ကဏ္ဍကိုပဲ စစ်ဆေးအရေးယူမယ် ဆိုတာကို
ဒေါ်စုကြည်က ယုတ်ယုတ်မာမာနဲ့ ဝမ်းသာအားရ လက်ခံခဲ့ပါတယ် ။
{ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရာမှာ အကြောင်းကို ပယ်ဖျက်ခဲ့တာ တိုင်းပြည်ကို
သစ္စာဖောက်ခြင်းပါပဲ}

{ဖြစ်စဉ် ၅ }
----------------

         အဲလို နှိမ်နင်းမှုလေးကိုပဲ လိုသလို အပြစ်ရှာနိုင်ဖို့ ပြည်တွင်းသစ္စာဖောက် မီဒီယာတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ် ။ အရေးယူခံခဲ့ရတဲ့ သစ္စာဖောက် မီဒီယာတွေကို
NLD ကပဲ လွှတ်ပေးပြီး ကူညီပေးခဲ့ပြန်ပါတယ် ။

{ ဖြစ်စဉ် ၆ }
-------------------

       ကမ္ဘာပေါ်မှာ မကြားဖူးတဲ့ အမြှောက်တလက်  နဲ့ လေယာဉ်တစီး ပဲ ရှိတဲ့ လက်သည်းခွံလောက် နိုင်ငံလေးက မြန်မာနိုင်ငံကို လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ ICJ
မှာ တရားစွဲပါတယ် ။ ထူးဆန်းတာက အဲလို လူရာမဝင်တဲ့ နိုင်ငံလေးနဲ့ သံတမန်ချိတ်ဆက်ခဲ့တာ NLD အစိုးရပါပဲ ။ ယခင်က မရှိပါဘူး ။

    မလိုအပ်တဲ့ တရားရင်ဆိုင်မှုကို ဒေါ်စုကြည်ကိုယ်တိုင် သွားရှင်းပါတယ် ။ တကယ်တန်းကျတော့ ကျွမ်းကျင်တဲ့ ရှေ့နေတွေ အလုပ်ပါ ။ သူကိုယ်တိုင်သွားရတာက
တပ်မတော်အပေါ် နဲ့ နိုင်ငံအပေါ် ချောက်တွန်းချင်လို့ သွားတာပါပဲ ။ သူ့ထွက်ဆိုချက်တွေကို မြန်မာပြည်သူ အများစုသိအောင် မြန်မာဘာသာနဲ့ သတင်းစာ ရုပ်မြင်
သံကြားတွေမှာ သူ မထုတ်ပြန်ရဲပါဘူး ။

   အဲလို တိုင်းပြည်အပေါ် သစ္စာဖောက်ပြီး ထွက်ဆိုခဲ့လို့ ICJ မှာ ကိုယ်ငွေပေးပြီး ငှါးရတဲ့ တရားသူကြီးကတောင် မထောက်ခံခဲ့တဲ့ အတွက် (၁၇ ) မဲ ( ၀ ) မဲ နဲ့ အရှက်
ရစရာ ရှုံးနိမ့်ခဲ့ရပါတယ် ။

    တရားရှုံးပြီး ရာဇဝတ်သားလိုအစီရင်ခံတင်နေရပါပြီ ။ အဲဒီ ICJ ကို ဘယ်လိုအစီရင်စာ တင်ပေးရသလဲဆိုတာ ယနေ့ထိ မထုတ်ပြန်ပါဘူး ။

- ဖြစ်စဉ် { ၇ }
-------------------

         ဘင်္ဂလီများဟာ မြန်မာ့အချုပ်အခြာကို ပိုင်စိုးရန် လွှတ်တော်အတွင်းသို့ ချဉ်းကပ် ဝင်ရောက်ဖို့ ပြောင်ပြောင်တင်းတင်း အားထုတ်လာနေပါပြီ ။ အဲဒါကို သိပါလျှက်နဲ့ NLD ပါတီဟာ ဘင်္ဂလီ အမတ်လောင်းတွေကို ၂၀၂၀ မှာ ထည့်သွင်းယှဉ်ပြိုင်ဖို့ ကျိုးစားလာပါပြီ ။ ခေါင်းဝင်လာတဲ့ သစ်ကုလားအုတ် အဖြစ် ရှုမြင်ကြည့်ကြပါ ။

     ကျနော် အနှစ်ချုပ် ကောက်ချက်ချပါမယ် ။

- ဖြစ်စဉ် (၁) အရ ဆော်ဒီသည် ဘင်္ဂလီများအား မြန်မာပြည်ထဲသို့ အလုံးအရင်း နဲ့ ထိုးသွင်းနိုင်ရန် ငွေကြေးအမြောက်အများ သုံးစွဲပြီး ကျိုးစားနေပါတယ် ။ အာဏာ
ရအစိုးရများကိုပင် ငွေ နဲ့ ဝယ်ယူနေတာ တွေ့ရသည့်အတွက် NLD ကိုလည်း ကမ်းလှမ်းကြမှာ သေချာပါတယ် ။

- ဖြစ်စဉ် (၂) အရ ဒေါ်စုကြည်ဟာ ဂျော့ဆိုးရော့ရဲ့ အပေးအယူကို လက်ခံပြီး ဦးသောင်းထွန်းအား အစိုးရ အတွင်းစည်းအထိ ခန့်ထားခဲ့သည်ကို ကြည့်၍ ဂျော့ဆိုးရော့ထက် များစွာချမ်းသာတဲ့ ဆော်ဒီရဲ့ အပေးအယူကိုလည်း လက်ခံဖို့ ရာခိုင်နှုံးများနေပါတယ် ။

- ဖြစ်စဉ် (၃) အရ စနစ်ကျတဲ့ ဘင်္ဂလီတို့ရဲ့ အစီအမံတွေကို ငြင်းမရတဲ့ အနေအထားကြောင့် မြန်မာပြည်ဟာ အတွင်း အပြင် ၂ ဖက်ညှပ်နေတဲ့ အန္တရာယ်ကြား ရောက်
နေရပါပြီ ။

- ဖြစ်စဉ် (၄) အရ တိုင်းပြည်အပေါ်မှာ ကာကွယ်ဖို့ထက် ဒုက္ခရောက်စေဖို့ လုပ်ဆောင်ချက်ကို ထင်ရှားစေပါတယ် ။

- ဖြစ်စဉ် (၅) အရ တိုင်းပြည် နဲ့ ပြည်သူအပေါ် သစ္စာဖောက်နေသူတွေ အပေါ် အကာအကွယ်ပေး ပူးပေါင်းနေကြောင်း ထင်ရှားပါတယ် ။

- ဖြစ်စဉ် (၆) အရ တိုင်းပြည်အား ဒုက္ခရောက်စေရန် နည်မျိုးစုံနဲ့ ရှာကြံပြီး ချိတ်ဆက်များ ရယူကာ အခွင့်အရေး ရသည်နှင့် ပြောင်ပြောင်တင်းတင်း ယုတ်ယုတ်မာ
မာ ပြုလုပ်ဝံ့သော စိတ်ဓာတ်ကို မြင်တွေ့ရပါတယ် ။

- ဖြစ်စဉ် (၇) အရ NLD သာ နိုင်သွားမယ်ဆိုရင် လွှတ်တော်အတွင်းမှာ ဘင်္ဂလီသံတွေ လွှမ်းမိုးနေပြီး အပေါင်း
အပါ သစ္စာဖောက် NLD အမတ်တွေရဲ့ အားနဲ့ ထိုင်းနိုင်ငံလို ဗုဒ္ဓဘါသာဝင်တွေ ငါးပါးမှောက်ဖို့ ခြေလှမ်းစနေပြီလို့ သတိပေးချင်ပါတယ် ။
( NLD ပါတီဟာ ဘင်္ဂလီရဲ့ ကျွန်ပါတီ ဖြစ်နေပါပြီဆိုတာ ထင်ရှားတဲ့ သင်္ကေတပါပဲ )

- ဖြစ်စဉ် (၈) သီးခြားချိတိဆက်တွေးရမယ့်

  ကိစ္စများကတော့

- လုံခြုံရေး ဥပဒေများ ဖျက်ဆီးခြင်း

- နိုင်ငံခြားသားကလေးမွေးစားခွင့် ဥပဒေပြဌာန်းခြင်း

- မြန်မာမိန်းကလေးများ ဘာသာခြားနဲ့ ယူခဲ့လျှင် မိဘက အမွေဖြတ်မရအောင် ဥပဒေပြင်ဆင်ခြင်း

- ရွှေ့ပြောင်းအခြေချသူများအား လက်ခံမည့် စာချုပ် လက်မှတ်ရေးထိုးခြင်း

- မဘသ ဖျက်သိမ်းပစ်ခြင်း

- ဗုဒ္ဓဘါသာအား ချိုးနှိမ်နေခြင်း

    အစရှိတဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် NLD ပါတီသည် ဗုဒ္ဓဘါသာ နိုင်ငံသား အများစုရှိသော မြန်မာပြည်အတွက် လုံးဝ မရှိသင့်သော ပါတီအဖြစ်  ရှုမြင်မိပါတယ် ။

     အကြောင်းအကျိုး ညီညွှတ်လျှင် လက်ခံရဲသော လက်ခံတတ်သော အသိဥာဏ်ရှိသူများ ချင့်ချိန် ကြည့်နိုင်ပါပြီ    ။
   
     ဗုဒ္ဓဘုရားဟာ ကာလမသုတ်ကို အပျင်းပြေဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါဘူး ။ လူပီပီ အကြောင်းအကျိုးညီညွှတ်မှသာ လက်ခံတတ်ဖို့ လက်ခံကြဖို့ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။

{ ဖြစ်စဉ် ၁ အတွက် သံအမတ်ဟောင်း
  ဦးခင်ဇော်ဝင်း နဲ့ ဖြစ်စဉ် ၃ အတွက် အမခင်ချိုဝါဝင်း ACC များမှ အချက်အလက်များအား ရယူထားပါတယ် }

            ယခင်က ရေးခဲ့တဲ့ ပို့စ် လေးပါ ။ သူများပြန်တင်ထားတာ တွေ့လို့ အမှုရှာ​​နေတဲ့ အဘတွေ သိအောင် ထပ်တင်လိုက်တာပါ 😁😁😁။

          မျိုးဝင်း