Thursday, June 10, 2021

🐈ကြောင်သူတော် 🐀ကြွက်သူခိုး

👪လူ့ခွင်ဒေသ ဤလောကဝယ်
ပြင်ပသဏ္ဌာန် သူတော်ဟန်ဖြင့်
အကြံညစ်စုတ် စိတ်ထားပုပ်သည့်
လူယုတ်လူပွေ ပေါလှချေ၏။

🐈ဆိုထွေစကား သကာပျားသို့
တရားစပ်ဖွယ် နာပျော်ဖွယ်ဖြင့်
ရှေ့ဝယ်သူမြတ် ကျင့်ဆောင်တတ်၍
လွန်လတ်သောခါ မျက်ကွယ်ရာတွင်
ယုတ်မာသမှု ကျင့်ကြံပြု၏။

🐀ဂရုတမူ ယင်းသို့သူကို
တွေးယူသုံးသပ် အကဲခတ်၍
ဖြစ်ရပ်အမှန် ဆန်းစစ်တန်သည်
တဖန်နောင်တ ကင်းစေသတည်း။

လောကနီတိ

📖မင်းသုတ✍᠌᠌᠌

Related Posts: