Thursday, July 1, 2021

ဒေါ်စုနဲ့ NLD ကို ကျေးဇူးတင်တယ်


ဖြေးဖြေးဆဲကြပါ 😅😅အသာဆဲကြပါ
ကျနော်တော့ဒေါ်စုနဲ့NLDကိုကျေးဇူးတင်တယ်  ဘာကိုကျေးဇူးတင်သလဲဆိုတော့-
အကယ်၍သာ ဒေါ်စုနဲ့NLDဟာ  ဥပဒေကိုချိုးဖေါက် အာဏာအလွှဲသုံး
စားလုပ် မဲလိမ်မဲခိုးမဲမသမာမှု  မလုပ်ဘဲ  ဥပေဒနဲ့အညီ ရွေးကောက်ပွဲကိုသန့်သန့်ရှင်းရှင်းမှန်မှန်ကန်ကန်လုပ်ခဲ့မယ်ဆိုရင်လည်း ၂၀၂၁ရွေး
ကောက်ပွဲမှာအနိုင်ရပြီး အစိုးရဖွဲ့နိုင်အုံးမှာဘဲ။
တကယ်လို့၂၀၂၁မှာဒေါ်စုနဲ့NLDသာဆက်ပြီးအစိုးရဖွဲ့မယ် လွတ်တော်ကိုလည်းNLDကြီးစိုးထားမယ်ဆိုရင်
ဒီအချိန်မှာ   ဘင်္ဂလီတွေကို  နိုင်ငံသား ဖြစ်ခွင့်ပြုနေလောက်ပြီ
ဒီအချိန်မှာ နိုင်ငံခြားသားအကြံပေး၉၀ကျော်လက်ထဲမှာမြန်မာနိုင်ငံအ
နာဂါတ်လုံးလုံးကျရောက်သွားလောက်ပြီ  ရှောင်တားနားလိုတိုင်းတပါးသားကလွတ်တော်မှာမိန့်ခွန်းခြွေနေလောက်ပြီ။
စည်သူမောင်ကမွတ်ဆလင်အခွင့်အရေးအတွက်  လွတ်တော်တင်နေလောက်ပြီ။
အတည်ပြုထားတဲ့ခလေးသူငယ်မွေးစားခွင့်အတွက်နည်းဥပဒေတွေပြဌာန်းပြီးနေလောက်ပြီ။
စဉ့်ကိုင်ကမွတ်ဆလင်အမတ်မက ၁၉၈၂နိုင်ငံသားဥပဒေကိုဖျက်သိမ်းဘို့အဆိုတင်ကြလို့ မဲခွဲအတည်ပြုပြီးလောက်ပြီ။
ICJမှာဟိုပြောဒီပြောနဲ့  မြန်မာ့တပ်မတော်ကိုဖြိုခွဲဖျက်ဆီးကြဘို့့ဆက်လုပ်နေလောက်ကြပြီ။
NLDအစိုးရလက်ထက်လက်မှတ်ရေးထိုးခဲ့တဲ့ရွေ့ပြောင်းအလုပ်သမားလက်ခံရေးဆိုင်ရာစာချုပ်ကိုလွတ်တော်မှာအတည်ပြုနေလောက်ကြပြီ။
နည်းဥပဒေအမြန်ဆုံးအတည်ပြုပြဌာန်းပြီးကမ္ဘာအနှံ့ကဘင်္ဂလီ၁၀သန်းလက်ခံရေးကိုလည်းအားကြိုးမာန်တက်ဆောင်ရွက်နေလောက်ကြပြီ။
၁၉၈၂နိုင်ငံသားဖြစ်မှုဥပဒေဆိုတဲ့အမျိုးသားရေးခံတပ်ကြီးကိုဖြိုဖျက်ပြီး
ရိုဟင်ဂျာကိုတိုင်းရင်းသားပေးနေလောက်ပြီ။
နိုင်ငံ့အနှံ့ကတက်ကြွလှုပ်ရှားသူအမျိုးသားရေးသမားတွေကိုအကြောင်းအမျိုးမျိုးနဲ့ထောင်ချနေကြလောက်ပြီ။
အစိုးရအဖွဲ့သစ်မှာ သာသနာရေးဝန်ကြီးဌာနကိုဖျက်သိမ်းပြီး ဘာသာပေါင်းစုံဝန်ကြီးဌာနဆိုပြီးမွတ်ဆလင်ဝန်ကြီးတဦးဖြစ်နေလောက်ပြီ။
တပ်နဲ့ပြည်သူအကြားသွေးခွဲမှုကြီးလဲ အကြီးအကျယ်ဆက်လုပ်နေလောက်ကြပြီ။ပြောရရင်အများကြီးပါ။
အခုတော့ အာဏာငန်းဖမ်းပြီးဥပဒေချိုးဖေါက်မဲမသမာမှုလုပ်ခဲ့ကြတော့တပ်မတော်ကနိုင်ငံတော်အာဏာကိုအချိန်မှီထိန်းသိမ်းပြီး နိုင်ငံတော်အပေါ်အမျိုးသားရေးအကျိုးစီးပွား national interest အပေါ်
သစ္စာဖေါက်မှုကြီးကိုတရားဥပဒေနဲ့အညီ အရေးယူနိုင်ခဲ့ပြီ။
အကယ်၍သာ ဒေါ်စုနဲ့nldဟာ ဥပဒေကိုမချိုးဖေါက်ဘဲဥပဒေနဲ့အညီ
ရွေးကောက်ပွဲလုပ်ပေးနောက်တဆက်အာဏာရယူခဲ့ရင်တောမြန်မာ့နိုင်ငံအရေး(နိုင်ငံ့အရေး)ဟာမတွေးဆနိုင်လောက်အောင်တိုင်းတပါးသြဇာခံဖြစ်နေလောက်ပြီလေ။
ဒါကြောင့်  အာဏာကိုမတရားရလိုဇောနဲ့ဥပဒေချိုးဖေါက်မဲမသမာမှုလုပ်ခဲ့တဲ့ ဒေါ်စုနဲ့nldကို ကျနော်အရမ်းကျေးဇူးတင်ပါသည်။

agtz 30621