Sunday, July 4, 2021

နက္ခတ်တွေကို လွန်ဆန်နိုင်ပါသလား ?


လွန်ခဲ့တဲ့ (၈) နှစ်လောက်ထဲက
မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ အဟောတခု
ရှိထားတယ်၊ 2021-2023 ကြားမှာ
အတော်ကြီး မုန်တိုင်းထန်လိမ့်မယ်လို့၊
အဲ့ဒီတုန်းကတော့ Covid အကြောင်းမပါဘူး
နိုင်ငံရေးနဲ့စီးပွားရေးပဲ၊

2021 Feb ထဲမှာ နငရ အပြောင်းအလဲဖြစ်လိမ့်မယ်
ဒုတိယပါတ်မကျော်ဘူး ဆိုတာလဲ ဖြစ်ခဲ့ပြန်တယ်၊
လွန်ခဲ့တဲ့ (၈) နှစ်က အခြေအနေနဲ့ဆိုတော့
အဲ့သလိုဆိုးဝါးလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊
ဒါပေမဲ့ 2017 လောက်ကျတော့ နက္ခတ်အဟော
မှန်နိုင်တယ်လို့ ယူဆလာတယ်၊

ဒီနေ့အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ
နက္ခတ်အဟောနဲ့ကွက်တိ၊ သိပ္ပံသမား ဘမောင်တောင်
အံ့သြယူရတယ်၊ ဂြိုလ်တွေရဲ့ လူသားတွေအပေါ်
လွှမ်းမိုးမှုနဲ့ အကျိုးပေးမှုက တကယ်ရှိနေတာကို
လက်မခံလို့မရတော့ဘူး၊

ဒါဖြင့်ရင်....
ဘာဆက်ဖြစ်မလဲဆိုတာက
ပိုစိတ်ဝင်စားစရာကောင်းလာပြန်တယ်၊
( စကားမစပ်... ဘမောင်ကို ဟောထားတာလဲ
   မှန်နေပြန်ရော )

2023 အထိ
ဆူနာမီလှိုင်းဒါဏ်ကို အားလုံးခံကြရလိမ့်မယ်ဆိုတဲ့
အဟောကြောင့်....
အတော်လေး ပြင်ဆင်ထားရပါတယ်
ဝန်ထမ်းတွေတာဝန်ထမ်းထားရပြန်တော့
နောက် (၂) နှစ်ကာလကို....
ဒရွတ်တိုက်ဖြတ်ကြရဦးမယ်လေ၊

လာမဲ့လ အနည်းငယ်ဟာ
နိုင်ငံအနေနဲ့ နောက် (၂) နှစ်ကျော်ကာလအတွက်
 ဘယ်လောက်ဆိုးမယ်ဆိုတာကို
ခန့်မှန်းလို့ရစေပါလိမ့်မယ်၊

ပြင်သစ်မှာတော့
Covid စတုတ္ထလှိုင်းကို ဦးတည်နေပြီတဲ့
မြန်မာတွေလဲ ပြင်ထားကြစေချင်တယ်၊
ရောဂါစုံတဲ့
မြန်မာပြည်အတွက်
(၂) နှစ်လွန်လို့ ပြန်ကျန်းမာလာရင်
တော်ပါပြီလေ၊

#BaMaung