Friday, July 9, 2021

မျိုးချစ်တို့ရဲ့ အွန်လိုင်းတိုက်ပွဲ


     အနီလော်ဘီတွေ မေမေဘာလုပ်လုပ် မှန်တယ်ဆိုပြီး ဝိုင်းလော်ကြတာက ဒေါ်စုကြည်ကျရှုံးသွားရခြင်း အဓိကအကြောင်းအရင်းပါ။ ကျနော်တို့ အဘဘာလုပ်လုပ် မှန်တယ်ဆိုပြီး လုပ်စရာမလိုဘူး ဖြစ်သင့်တာကိုပဲ ပြောရမယ် ဒါပေမယ့် အနီလော်ဘီတွေ အားရအောင်အလွန်အကျွံ အပြစ်မတင်သင့်ဘူး လို့တော့ ကျနော်ထင်တယ်။

     NLD ကနေ ပြည်သူ့ငွေ သန်း၆၄၀၀ နဲ့ facebook ကိုအပိုင်းဆီးထားတယ်။ facebook အစားသုံးစရာ မရှိသေးခင် မျိုးချစ်တွေ facebook မှာပဲ တိုက်ပွဲ ဝင်နေရဦးမယ် မျိုးချစ်တိုင်းဟာ မီဒီယာဖြစ်နေရမယ် ကျနော်တို့ စည်းရုံးရမယ်။ 

     ဟိုဘက်ရပ်ကွက်က သူတို့ထင်တလောက် အင်အားမရှိပါဘူး။ လှိုင်သာယာနဲ့ ရွှေပြည်သာမှာ လူ ၂သန်းနေပါတယ် ဆန္ဒပြဆူပူသူတွေကို နှိမ်နင်းရေးလုပ်တော့ လူ၃၀၀၀တောင် ထွက်မလာပါဘူး မျိုးချစ်တွေအနေနဲ့ ကြာနေပြည်သူကို စည်းရုံးနှိုင်ရင် ကျနော်တို့ သူတို့ထက် အင်အားသားပြီ။

     သူတို့ရိုင်းသလို ကျနော်တို့ရိုင်း ဖို့မလိုဘူး သူတို့ အရေးအတွက်များရင် ကျနော်တို့ အရည်အသွေးကောင်း ဖို့လိုတယ်။ ဂိုလ်ရှယ်လေး တလကိုသတင်း video လေးငါးပုဒ်ပဲထွက်ပေမဲ့ သူတင်ပြပုံက BBC ထက်သာတယ် စိတ်ဝင်းတစား ကြည့်ချင်စဖွယ် ဖြစ်နေတယ်။ သူတို့ဘက်က ပန်ဆယ်လို ပေါက်ကရတွေရေးပြီး like တွေများနေပေမယ့် ကျနော်တို့ဘက်က ဆရာမျိုးဝင်း အရေးအသားသပ်ရပ်မှု အချက်အလက်တိကျမှုမှာ အပြတ်အသတ် သာတယ်။ 

     ကျနော်တို့ အကောင့်ကျရင် နာမည်နဲ့ profile ပုံကိုမပြောင်းပဲ ပြန်တက်လာဖို့လိုတယ် စားရေးတတ်သူများ အနေနဲ့ ပို့တိုင်းမှာ နာမည်နဲ့ နေ့စွဲကို တခါထဲရေးထားသင့်တယ်။ ကျနော် လေးငါးရက်လောက်နေမှ စာမျာများရေးပါတဲ့ ပို့တစ်ပို့လောက် ရေးနှိုင်တာပါ လုံးဝမရေးတာထက်စာရင် ပိုကောင်းတယ်လို့ ခံယူပါတယ်။

     နီးပိန်းအကောင့်တွေထဲ ဝင်ကြည့်ရင် ဘာမှမယ်မယ်ရရမရှိပါဘူး သူတို့တွေ report ထုဖို့နဲ့ ဆဲဖို့လောက်ပဲ အကောင့် ဖွင့်ထားတာပါ။ မျိုးချစ်တွေရဲ့ fb အကောင့်ထဲ ဝင်ကြည့်ရင် သတင်းတွေပို့တွေ မြိုင်ဆိုင်ပွထနေဖို့ လိုပါတယ်။ ကိုယ်ပိုင်ရေးနှိုင်သူတွေ ရေးကြပါ၊ မရေးနှိုင်ရင် copy ကူတင်ပါ၊ copy မကူးချင်ရင် များများ share ပါ များများ like ပါ share များရင်များသလို like များရင်များသလို လိုင်းပေါ်ပြန့်နှံ့မှုများပါတယ်။ 

     အမျိုးသားရေးအတွက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ကျနော်တို့မှ မဝန်းရံရင် ဘယ်သူဝန်းရံမှာလည်း။ မျိုးချစ်စိတ်နဲ့ နိုင်ငံသား တယောက်အနေနဲ့ နိုင်တဲ့ဝန်ကို ဝင်ထမ်းတယ်လို့ပဲ ခံယူပါတယ်။ အကောင့်တုနဲ့ ဝန်းရံဝန်းရံ အကောင့်စစ်နဲ့ ဝန်းရံဝန်းရံ ဝန်ရံဖို့သာအဓိကပါ။ မကြာခင် အမျိုး၊ ဘာသာ၊ သာသနာ ကိုစော်ကားတဲ့ အကောင့်တွေကို ဖြုတ်ချနှိုင်တဲ့ social media ပေါ်လာမှာပါ။ 

     ဘဦး (၉.၇.၂၀၂၁)