Monday, July 12, 2021

လူသားဆန်ကြပါ


မပြည့်စုံတဲ့နိုင်ငံမှာ
လိုအပ်ချက် ရှိသင့်သလောက်ရှိနိုင်ပါတယ်
မနေ့က သတင်းမှာ
ထိုင်းမှာတောင် ကားရပ်နေရာမှာ ကိုဗစ်လူနာတွေ
နေရာချထားနေရပြီ၊
အမေရိကန်၊ ယူကေ၊ ဂျာမဏီလိုနိုင်ငံကြီးတွေမှာလည်း
မနိုင်မနင်း ဖြစ်ခဲ့တာတွေ့ရတယ်၊

အဲ့ဒီလို
အများပြည်သူ တွေ အသက်ဆိုင်ရာနဲ့
အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ....

Covid center ကိုဗုံးခွဲတာ
ကူညီနေသူတွေကို ခြိမ်းခြောက်
အနှောက်အယှက်ပေးတာ
အောက်ဆီဂျင်ကို ထိမ်းချုပ်ထားတာ
အောက်ဆီဂျင်ထုတ်စက်ရှိလျက်သားနဲ့
သက်ဆိုင်ရာ ဆေးရုံက ကြိုတင် ပြင်ဆင်မှုမရှိတာ....
စတာတွေဟာ မဖြစ်သင့်ဘူးလို့မြင်တယ်
အတော်လဲ အကုသိုလ်ကြီးတဲ့ အလုပ်မျိုးပါ

ရှေးကုသိုလ်ကောင်းလို့ လူဖြစ်လာကြတာ
ပဌာန်းဆက်ပါလို့ မြန်မာနိုင်ငံမှာ ဆုံကြရတာ
လူတွေဖြစ်လို့
လူသားဆန်ကြစေချင်တယ်
လူလိုတွေးပြီး
လူလိုလုပ်ကြစေချင်တယ်။


#Ba Maung