Thursday, July 8, 2021

နိဂုံး မကောင်းကြသူများ


အချင်းချင်း ပြန်သတ်ကုန်ကြပြီ
အကုသိုလ်တွေ စုပုံခံလိုက်ရတဲ့သဘောပဲ

အထိမ်းသိမ်းခံတွေထဲမှာ
တစ်ဦးက တစ်ဦးကိုဖော်...😝 ပြစ်မှုတွေပိုကြီး
နောက်ဆုံး ရစရာမရှိအောင် သမိုင်းတွေပျက်
လူမသေခင် နာမည်တွေ အရင်သေကြရ😪

လူ့အဖွဲ့အစည်းထဲ ဘယ်လိုမျက်နှာမျိုးနဲ့
ပြန်ပြရမယ်လို့တောင် မေးရမယ့် အဖြစ်မျိုး။

CDM ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း
ဝရမ်းပြေးဖြစ်၊ အလွဲသုံးစားမှုတွေလည်း
ပြန်ဖော်လာကြ၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းပါ..😪

ထိုင်မရအခြေအနေရောက်၊
CDM ငွေကြေး အရှုပ်က
ပေါ်လာပြန် မရလိုက်ကြသူတွေကလည်း
သတ်မယ် ဖြတ်မယ် တကဲကဲ။💥

အောက်ခြေမှာလည်း အချင်းချင်းချကြ
မင်းတို့က ထွက်မလာဘူး
ငါတို့ကို အသေခံခိုင်းသွားတယ်ဆိုပြီး

ဓါးကြိမ်း ကြိမ်းသူကကြိမ်းနေပြီ 😁
မြှောက်ပေးတဲ့သူတွေကို အစိုးရက
အရေးမယူရင်တောင်မှ သူတို့အသက်
လုံခြုံမှုမရှိတော့ဘူး၊😭

အလုပ်ပြုတ်၊
နေအိမ်ကဆင်းပေးလိုက်ရသူတွေ
ထောက်ပံ့ကြေး ဘယ်မှာလဲ
လစာတွေဘယ်မှာထုတ်ရမလဲ ဆိုပြီး
တောက်ခေါက်သူတွေကလည်း ခေါက်ကုန်ကြပြီ...😝

အားလုံး တစ်စစီ မကြာခင်ပြိုကွဲသွားကြတော့မှာပါ...

မြန်မာနာမည်အတုနဲ့ မြှောက်ပေးနေသူတွေလည်း
ပေါ်လာတော့မှာ၊ နောက်ကျတဲ့ ခြေထောက်
သစ္စာဖောက်လုပ်ထားကြ၊ နောက်ကွယ်က
အဖွဲ့အစည်းတွေပါ ပါလာတော့မယ်၊

ငှက်တစ်ခေတ် နိဂုံးချုပ်သွားပြီ
အကောင့်ပိတ်ပြေးလည်း မလွတ်ဘူး
အကောင့်တုကိုလည်း သိနေကြပြီ
တစ်ကောင်ချင်း စိန်ပြေနပြေသုတ်တဲ့အလှည့်
ရောက်လာပါပြီ။

အရင်က ရေးဖူးတယ်
တစ်ချိန်ကြရင် ငှက်တွေ ပင်နီနဲ့
ရပ်ကွက်ထဲတောင်မထွက်ရဲတော့တဲ့
အခြေအနေကို ရောက်လာပါလိမ့်မယ်လို့။

Dr. Nay Zin Latt