Sunday, July 11, 2021

●"မြန်မာအဘိဓါန်ပါ ငပိန်းအ​ကြောင်း"●


၂၀၂၀-​ခု နောက်ပိုင်း ငှက်ပိန်း/ငပိန်း(ပြိန်း)စသည်ဖြင့် အသုံး
​တွေများလာ​တော့ မြန်မာအဘိဓါန်​ပေါ်မှာ ရှာ​ဖွေလို့ ကြည့်မိ
လိုက်ပါတယ်၊ ဖွင့်ဆိုထား​သော အဓိပ္ပါယ်များ အရ ​------

☆"ငှက်" ဆိုတာက​တော့ ​ခြေနှစ်​ချောင်းနှင့်အ​မွှေးအ​တောင်​ ပါသော သတ္တဝါ ဟုသိရပါ တယ်၊
☆"ပိန်း" ဆိုတာက​တော့ တစ်ပြင်လုံး ဖုံး ပိတ်လျှက်ရှိသည် ဟု ​တွေ့ရှိရပါသည် ခင်ဗျား၊

☆"င" ဆိုတာက​တော့ ​​ယောကျ်ားများရဲ့ အမည်​ရှေ့က တပ်
သည့် စာလုံး ပါတဲ့၊ "ငတိ" ဆိုရင်​တော့နှိမ့်ချလိုသည့် သ​ဘော
ပါတဲ့၊ 'ငနဲ' နဲ့အတူတူ ပါဘဲ၊ "ငရဲ" ဆိုတာလဲ သိတဲ့အတိုင်း မ​ကောင်းမှု ပါဘဲ တယ့် ခင်ဗျာ၊ 👹☻💀☠😭

☆"ပြိန်း" ဆို​သောစာလုံးက​တော့=နဝိ-(နာမ၀ိ​သေသန)ဖြစ်
ပြီး အ, ​သော၊ ထူ, ​သော ဟု ဖွင့်ဆိုထားပါသည်။

အရင်အချိန်များက​တော့-----/ပိန်းတန်းဖိနပ်၊ပိန်းပင်၊ပိန်းဥ၊
ပိန်းပန်း၊ပိန်းရွက်၊ပိန်း​လှေ----- စတာ ​တွေဘဲ ရှိခဲ့တာပါ 👍

ယခု​တော့----ငပိန်း ဆိုတာ တွင်ကျယ်စွာ သုံး​နေကြ ပါ ပြီ🤣

ဒါ့​ကြောင့် ယခုအခါမှာ​တော့ ​ခေတ်အ​ခြေအ​​နေနှင့်​ လျော်ညီ စွာ အချိန်အခါ အရ ဖြစ်​ပေါ်လာသည့် -------●"ငပိန်း"●နှင့်

●"ငှက်ပိန်း"● ဟုပေးထားကြသည့် အမည်နာမများ သည် ကား မြန်မာအဘိဓါန်၏ အဆိုအရ ငပိန်းနှင့်သတ္တဝါ လွန်စွာ
ပင် လိုက်ဖက်ညီပါ​ ကြောင်း အသိ​ပေး မျှ​ဝေ လိုက်ပါ သည်
ခင်ဗျား-/ လေးစားစွာဖြင့် -----ကျော်​ဇေယျ။(၂၈-၆-၂၀၂၁)