Tuesday, July 13, 2021

Covid ပြဿနာ နဲ့ နိုင်ငံရေး


         ကျနော် covid အကြောင်း သိပ်မရေးပါဖူး ။ ဘာကြောင့်လဲ ဆိုရင် ဆေးဝါးဆိုင်ရာ ပညာရပ်တွေ အတွက် ကျနော်တို့က လုံးဝ နလပိန်းတုန်း အဆင့်တွေ ဖြစ်နေလို့ပါပဲ ။ 

      ယခု လိုင်းပေါ်မှာ တင်နေကြတဲ့ ဂွေးတောက်ရွက်ရှူတာ တို့ ဝမ်းလျှားမှောက် အိပ်ပါတို့ အစရှိတဲ့ ဆေးမှီးတို ကုထုံးတွေကို စေတနာနဲ့ ရှယ်နေကြ တင်နေကြတာ တွေ့ရပါတယ် ။ အလုပ်ဖြစ်မဖြစ် သေချာမှ ရှယ်စေချင်ပါတယ် ။ 

    ဥပမာ ဂွေးတောက်ရွက် ရှူလို့ အဆုတ်ထဲ အောက်ဆီဂျင် ရောက်တယ်ဆိုတာ သဘာဝ မကျကာဖူး ၊ တကယ်မှတ်ပြီး ပေါ့ဆဆ လုပ်မိလို့ သေသွားရင် ကိုယ်ပါ အကုသိုလ် ဖြစ်နိုင်ပါတယ် ။ လုပ်တုန်းက စေတနာနဲ့ ကုသိုလ်စိတ်နဲ့ပေါ့ ဒါပေမယ့် ပညာမမှန်တော့ ရလာဒ်က အကုသိုလ် ဖြစ်သွားနိုင်ပါတယ် ။

       အရမ်း Hot နေတဲ့ အောက်ဆီဂျင် ကိစ္စ နဲ့ ကုသရေး ဆိုင်ရာ ပြဿနာ တွေ အပေါ် လေ့လာကြည့်မိပါတယ် ။ လောလောဆယ် အစိုးရ ဆေးရုံကြီးတွေမှာ အောက်ဆီဂျင်တွေ အထိုက်အလျှောက် ရှိပါတယ် ကုလည်း ကုသပေးနေပါတယ် ။ 

       ကုသရေးပိုင်းမှာ CDM ဆရာဝန် 40 % လျော့သွားကယတယ် ။ လက်ကျန် Non CDM ထဲမှာ အတွင်း သစ္စာဖောက် အနည်းဆုံး 30 % ရှိနေမှာ သေချာပါတယ် ။ ပြောချင်တာက စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်ကိုင်နေတဲ့ ဆရာဝန်ဟာ ယခုအခါ 30 % ထက် မပိုဖူးဆိုတာ အရှိတရားပါပဲ ။ 

        နောက်တချက် NLD လက်ထက်တုန်းက ဖောင်ဒင်းရှင်းအလှူပစ္စည်းတွေကို အဲဒီ ဖောင်ဒေးရှင်းတွေက အကုန်ပြန်ယူသွားကြပါတယ် ၊ မန္တလေး AYA ဖောင်ဒေးရှင်း က နမူနာပေါ့လေ ၊ ရန်ကုန်ဆေးရုံကြီးလည်း တင့် တွေတောင် ပြန်ယူသွားကြပါတယ် ။ 

         နောက် ရန်ကုန်မှာ ယခင် NLD လက်ထက်က 40 L အောက်ဆီဂျင်ဘူး 9000 နဲ့ Oxygen Concentrator 3000 ရှိခဲ့ပါတယ် ။ Oxygen Station တွေလည်း ရှိခဲ့ပါတယ် ။ Liquid Oxygen ဆိုတာ ဆေးရုံတိုင်းမှာ ရှိခဲ့ပါတယ် ။ တနေ့ကိုဘူးပေါင်း ၄၅၀၀ ဝန်းကျင် ပေးနိုင်ခဲ့ပါတယ် ။ 

     ယခုအခါ အဲဒီ ပစ္စည်းတွေ အားလုံး NLD ရဲ့ CDM ဆရာဝန် အယုတ်တမာတွေက ခိုးယူသွားတာ တမျိုး ၊ သုံးမရအောင် ဖျက်ဆီးခဲ့တာ တဖုံနဲ့  ပျက်စီးစေခဲ့တဲ့ အတွက် အခက်အခဲ ဖြစ်စေပြီး ပြည်သူတွေ သေခဲ့ကြရပါတယ် ။ 

         နောက် NLD တွေဟာ ဘယ်လိုမှ တွေးမရတဲ့ ရက်စက်ယုတ်မာမှုတွေ ပြုလုပ်နေကြပြန်ပါတယ် ။ covid ကို ပြည်သူတွေထံ မကူး ကူးအောင် အလွန်ဿ်စက်ယုတ်မာစွာ လုပ်နေကြပါတယ် ။ 
(သူတို့ကိုယ်တိုင်တင်ထားတဲ့ ပို့စ် တွေ ဖတ်ကြည့်ကြပါ)

      နောက်တချက်က Oxygen တွေကို ဇွတ်လုဝယ်နေကြပါတယ် ၊ ဇော်ဝေစိုးလို လူယုတ်မာ ပြောသမျှ လုပ်နေကြတဲ့ NLD အောက်တန်းစားတွေကြောင့် ဆေးရုံတွေမှာ ရနေကြ Oxygen မရတော့ သူတို့ဝယ်နေကြ Oxygen စက်ရုံအချို့ကို အပြင်လူ မရောင်းချဖို့ တားမြစ်ပါတယ် ။ 

          နောက် အခြေအနေ မဆိုးတဲ့ ပေါ့စတစ်တွေကို အိမ်မှာပဲ ကုသစေတာ အဲဒါတွေကြောင့်လား ၊ CDM ဆရာဝန်တွေ ကြောင့်လား ဆိုတာတော့ ကျနော်မသိပါဘူး ။ 

      ကိုယ်ခံအားကောင်းသူဆိုရင် တပတ်လောက်ကြာရင် ပြန်ကောင်းသွားတယ်လို့လဲ ပြောဆိုရေးသားနေကြတာ တွေ့ရပါတယ် ။ 

.....ယခု ဖြစ်နေတဲ့ပုံကြည့်ရတာက ဆေးရုံတွေမှာ အသဲအသန်လူနာတွေကို ပဲ လက်ခံမယ့် အနေအထားတွေ့ရပါတယ် ။ ဒါတောင် စနစ်တကျ စည်းမျည်းနဲ့ ကိုက်ညီတဲ့ လူနာပဲ လက်ခံနိုင်တဲ့ အခြေအနေလို့ သုံးသပ်မိပါတယ် ။ 
(ဆရာဝန် အခက်အခဲ ၊ ဆေးအကူပစ္စည်း အခက်အခဲ)

        NLD တွေဟာ နစက ကို အမည်ဖျက်ဖို့ အတွက် ပြည်သူ့အသက်တွေကို စတေးဖို့ လုပ်နေကြတာလည်း တွေ့နေရသလို covid အရေးမှာ နှေးကွေးတဲ့ နစက ရဲ့ တုန့်ပြန်မှုကလည်း သူတို့ စောက်သုံးမကျတာရော ၊ ကျန်းမာဝန်ကြီးဌာနက လောက်ကောင်တွေကြောင့်ရော ဆိုတော့ မြန်မာပြည်သူတွေ အကုသိုလ် ဝင်ရတော့တာပါ ပဲ ။ 

      ကျနော် အနှစ်ချုပ်ရမယ်ဆိုရင်   

၁ ။ NLD တွေဟာ Covid ရောဂါကို ယုတ်မာစွာနဲ့ ပြည်သူ့ထံ ကူးစက်ရန် တမင်လုပ်ဆောင်နေခြင်း

၂ ။ မရှိမဖြစ် လိုအပ်သော Oxygen ပြတ်လပ်သွားအောင် တမင် ယုတ်မာနေကြခြင်း

၃ ။ Oxygen အလှူရှင် ပို့စ် တွေကိုတောင် fb မှာ တင်မရအောင် ပြုမူနေတဲ့ လူယုတ်မာ အစုအဖွဲ့ကြီးအား နစက ရဲ့ ကကကွန် ဆိုတဲ့ ရုရှားပြန်များ ထောက်လှမ်းခြင်း နှိမ်နင်းနိုင်ခြင်း မရှိအောင် ညံ့ဖျင်းစုတ်ပြတ် နေတဲ့ အရည်အချင်း ။ 

၄ ။ covid အတွက် နစက မှ သိသာထိရောက် မြန်ဆန်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်မပေးခြင်း 
(လုပ်နေတာလည်း ထင်ရှားလူသိများအောင် မလုပ်နိုင်တဲ့ လူညံ့တွေ ပြန်ကြားရေး တာဝန်ထမ်းဆောင်နေခြင်း)

၄ ။ ပြည်သူများ အားကိုးရာမဲ့ ဖြစ်နေပြီး မိမိကို မိမိ ဂရုစိုက်၍ ဘုရားကု ကုရုံကလွဲပြီး 

      ယုတ်မာသော NLD နဲ့  ပျော့ညံ့ နုံချာသော အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ကြားထဲမှာ မသေအောင် ဆုတောင်းနေကြရုံပါပဲ ။ 

        သိထားကြရမှာက covid ဖြစ်တိုင်း မသေပါဘူး ။ သေဆုံးတဲ့ ရာခိုင်နှုံးဟာ ပေါ့စတစ် လူ ၂၀၀ မှ တစ်ဦးလောက်သာ ရှိပါတယ် ။ 

     ဘယ်လိုလူတွေ သေရသလဲဆိုရင် ကိုယ်ခံအားနည်းပြီး ရောဂါ အခံရှိသူများ နဲ့ ကိုယ်ခံအားကောင်းပေမယ့် စိတ်ဓာတ် ပျော့ညံ့ အကြောက်ကြီးသူများ သေကြပါတယ် ။ 

       ကမ္ဘာ့ကပ်ရောဂါကြီး ကိုတောင် အာဏာရမ္မက်အတွက် အသုံးချရဲတဲ့ အာဏာရူး NLD လူယုတ်မာတွေ နဲ့ အူကြောင်ကြောင် အစီအမံတွေ နဲ့ နစက ကြားထဲမှာ ကျနော်တို့ရဲ့ ရှင်သန်နိုင်စွမ်းကို ပြသဖို့ ကြိုးစားကြပါစို့ ဗျာ ။

       မျိုးဝင်း

Related Posts:

  • #ရွှေတိဂုံ_စေတီတော်_ဖူးမြော်ကြသည်_ဆိုရာဝယ်မြန်မာနိုင်ငံသို့ ရောက်လာတဲ့ အင်္ဂလိပ် ပါမောက္ခ ၂-ယောက်နဲ့ အမေရိကန် ပါမောက္ခ ၂-ယောက်တို့ ရွှေတိဂုံစေတီတော်ကို ဖူးမြော်ကြတဲ့ အခါမှာ .." အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ စေတီကို လူတို့က ပန်း ပူဇော်တာ၊ မီး ပူဇော်တာနဲ့ ရှိခိုးတာ တွေဟာ ဘ… Read More
  • ဖောရှော နိုင်ငံတော်          ကျနော်တို့ နိုင်ငံတော်ဟာ ယောင်တောင်တောင် နဲ့ ဘာလုပ်ရမှန်း မသိတဲ့ စီမံအုပ်ချုပ်မှုအောက် ရောက်နေပါတယ် ။       တပ်ချုပ်ကြီးကလည်း ဘာလုပ်ပါ ညာလုပ်ပါ ညွှန်ကြားချက်ထုတ်နေတာနဲ့ ပြီးနေတာပါပဲ ။       အောက်ခြေမှာ ထိရောက်တဲ့ ပြ… Read More
  • ဝိုင်းမော် ခလရ ၅၈ ကို ရန်သူ့လက်ထဲမကျအောင် ရဲဝံ့စွာ ခုခံကာကွယ်ခဲ့ကြတဲ့ ရဲမေများအတွက် တပ်မတော်ချစ်မြတ်နိုးသူများစုပေါင်းကာ ဂုဏ်ပြုငွေများပေးအပ်ဝိုင်းဝန်းအော်ပေးရကျိုးနပ်ပြီ....စစ်သည်တွေရှေ့တန်းထွက်နေချိန်ခလရ ၅၈ကို သောင်းကျန်းသူတွေအလုံးအရင်းနဲ့ဝင်တိုက်တဲ့အချိန် နောက်တန်းမှာကျန်ခဲ့တဲ့ ဇနီးတွေက ကလေးတစ်ဖက်သေနတ်တစ်လက်နဲ့တပ်ရင်းဌာနချုပ်ကိုရန်သူလက်ထဲအကျမခံရအောင် တိုက်ထုတ်ခ… Read More
  • စစ်ကိုင်းကို ကြည့်ရအုံးမယ်         တနေ့တုန်းက စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ထဲက အိမ်ဖျက်​နေတဲ့ video ကြည့်လိုက်ကြရမှာပါ ။      အဲဒါ ကျနော်ရေးဖူးတဲ့ ကာပေါင်းကျ ကျေးရွာပါပဲ ။ ရွာကနေ မိသားစု ၁၂ စု ထွက်ပြေးနေကြရပြီး ဘုန်းကြီးတပါးက ကူညီစောင့်ရှောက် ကျွေး… Read More
  • ပိုးမွေးသမား 🍁မနေ့က မတ္တရာမှာ လက်နက်တွေ တစ်ထောကြီးမိတဲ့သတင်း တက်လာတယ်။ ဒေါသထွက်လိုက်တာ။ တစ်ခွန်းတည်းပြောရရင် စော်ကားခံရသလိုလည်း ခံစားရတယ်။ အဲဒီလက်နက်တွေက ဘယ်သူတွေကို သတ်ဖို့ ဒီလောက် အားကြိုးမာန်တက်သွင်းလာရတာလဲ။မိတာတောင် ‌ဒီလောက်ဆိုတော့ လွတ… Read More